မြန်မာနှင့် ဂျပန်ကုမ္ပဏီများ၏ ပူးပေါင်းဆောင် ရွက်မှုဖြစ်သော သီလဝါအထူးစီးပွားရေးဇုန် စီမံကိန်း
ကို အောက်တိုဘာလအတွင်း လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း အမျိုးသားစီမံကိန်း နှင့် စီးပွား
ရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်ကပြောသည်။
မြေယာဆုံးရှုံးမှုအပါအဝင် ဒေသခံများ အတွက် လျော်ကြေးအမျိုးအစား ၁၃ မျိုး စီစဉ်ထားကြောင်း
၎င်းက ပြောသည်။ ယခုတစ်ကြိမ် နှစ်နိုင်ငံကုမ္ပဏီများအကြား လက်မှတ်ရေးထိုးမှုသည် ဒုတိယ
ကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်မေလကုန်ပိုင်းက ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်ကလည်း
လက်မှတ်ရေးထိုးခဲ့သည်။
ဂျပန်နိုင်ငံ၏ ကော်ပိုရေးရှင်း သုံးခုဖြစ်သော မစ်ဆူဘီရှီ၊ ဆူမီတိုမို၊ မာရူဘန်နီတို့နှင့် ဒဂုံအင်တာ
နေရှင်နယ် အပါ အဝင် ပြည်တွင်းကုမ္ပဏီကြီးကိုးခုတို့ ပါ၀င် လက်မှတ်ရေးထိုးခဲ့သည်။ ယခုအချိန်
လက်မှတ်ရေးထိုးမှုကို အခြေခံဖောင်ဒေးရှင်းအဆင့် ဆောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ
သန်း ၂၀၀ နှင့်စတင်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် ပြီးစီးနိုင်ရန် လျာထားပြီး ၂၀၁၆ ခုနှစ်တွင်
စီမံကိန်းတစ်ခုလုံးပြီးစီးရန် ရည်မှန်းထားသည်။
ဂျပန် အပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်း အေဂျင်စီ၏ မီဒီယာပြောရေးဆိုခွင့်ရှိသူ မစ္စ အိကဲဒါအေ
မီက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အနေဖြင့်ဒေသခံများ ပြန်လည် နေရာချထားရေး အပါအဝင်
ရှင်းလင်းရေးကိစ္စရပ်များကို လုပ်ဆောင်နေပြီဖြစ်ကြောင်း ပြောသည်။ "ပတ်ဝန်းကျင်နဲ့ လူမှုရေးပိုင်း
ဆိုင်ရာ ထည့်သွင်းစဉ်းစားချက်တွေအရ ဒီဒေသတစ်ဝိုက်မှာ နိုင်ငံတကာစံသတ်မှတ်ချက်တွေနဲ့
ကိုက်ညီ အောင်လုပ်ဆောင်နိုင်ဖို့ ကျွမ်းကျင်သူတွေ စေလွှတ်ထားပါတယ်"ဟု ၎င်းကပြောသည်။
















