အခြေခံစားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်ကျဆင်း

အခြေခံစားသောက်ကုန်ဈေးနှုန်းများ အနည်းငယ်ကျဆင်း

အောက်တိုဘာလ ဒုတိယအပတ် ရန်ကုန်မြို့ ကုန်စည်ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်
များ ဖြစ်သည့် ဆန်၊ ဆီ၊ ကြက်သွန်၊ငရုတ်သီးနှင့် အာလူးများမှာ စက်တင်ဘာလကုန်ပိုင်းဈေးများ
အောက် အနည်းငယ်ကျဆင်းလာပြီး အရောင်းအဝယ်လည်း ကျဆင်းလာခဲ့ကြောင်း ဘုရင့်နောင်
ပွဲရုံတန်းရှိ လုပ်ငန်းရှင်များကပြော သည်။

ပဲဆီ
ပဲဆီဈေးမှာ အောက်တိုဘာလဆန်းပိုင်းမှ စတင်ခါ အရောင်းအဝယ်အေးခဲ့ပြီး ယခင် အပတ်ကဈေး
အောက် အနည်းငယ်ကျဆင်းခဲ့ ကြောင်း ဆီပွဲရုံလုပ်ငန်းရှင်များကပြောသည်။ "ပဲဆီက အခု လက်
ကားဈေး တစ်ပိဿာ ၃,၄၀၀ ပါ။ ပြီးခဲ့တဲ့ သုံး၊ လေး ရက်လောက်က ၃,၅၀၀ ဈေး ရှိပါသေးတယ်။
လက်လီဈေးကတော့ ၃,၆၀၀ ပါ။ မြေပဲဆန်ကလည်း တစ်ပိဿာ ၁,၄၇၀ လောက်ပဲရှိတော့တာ
ဆိုတော့ ပဲဆီဈေးလည်း ကျလာတာပေါ့။ ဒီ့ထက်တော့ မကျနိုင်တော့ ဘူး"ဟု Summit ပဲဆီဆိုင်
ရောင်းဝယ်ရေးမှ ဦးစောလှမြင့်က ပြောသည်။

မြေပဲစိုက်ချိန်မဟုတ်သော်လည်း တောင်သူ များကစိုက်နှင့်ပြီးဖြစ်သောကြောင့် လက်ကျန် မြေပဲ
များကို ထုတ်ရောင်းချနေရသဖြင့် ဈေးကွက်တွင်း ကုန်ကြမ်းဖြစ် သော မြေပဲဆန်ပေါများကာ ဈေး
ကျလာပြီး ပဲဆီဈေးပါကျဆင်းလာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

"တောင်သူတွေက မြေပဲအပင်ပေါက်တွေပင်တိုင်းစေ့ပေါက်ပြီဆိုရင် အောင်မြင်တယ်လို့ ယူဆကြ
တယ်။ ဒါကြောင့် လက်ကျန်မြေပဲတွေကို ထုတ်ရောင်းလို့ မြေပဲဆန်ဈေးကျတာ"ဟု ၎င်းက ပြော
သည်။

ဆန်
ဘုရင့်နောင်ဈေးကွက်အတွင်း ဆန်လက်ကားဈေးကွက်တွင် အရောင်းအဝယ်အေးကာ ဈေးများကျ
ဆင်းလာခဲ့ပြီး ဆန်သစ်များ ပေါ်လာ ပါက ဈေးပိုမိုကျဆင်းနိုင်ကြောင်း ဆန်ကုန်သည် များက
ပြောသည်။ ဈေးကွက်အတွင်း အောက်တိုဘာလ ရ ရက် နေ့က ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်
ကျပ် ၃၁,၂၀၀၊ ပေါ်ကျွဲ ၁၉,၅၀၀၊ ဇီယာ ၁၈,၅၀၀ နှင့် ဧည့်မထတစ်အိတ် ၁၄,၃၀၀ အသီးသီး
ရှိခဲ့သည်။

"ဈေးကွက်ထဲမှာ လက်ကျန်ဆန်ကများပြီး ၀ယ်လိုအားကနည်းနေလို့ ဆန်ဈေးတွေ ကျနေ တာပါ။
ဒီလကုန်ရင်တော့ ဆန်သစ်တွေ ပေါ်လာတော့မယ်။ အဲဒီအချိန်ကျရင် ထုံးစံ အတိုင်း ဆန်ဈေးပိုကျ
လာမှာပါ"ဟု ဘိုကလေး ရွှေလင်းယုန် ဆန်ရောင်းဝယ်ရေးမှ ဦးမောင်စိုး က ပြောသည်။

ကြက်သွန်နီ
ကြက်သွန်နီဈေးများမှာ လွန်ခဲ့သည့် တစ်လ ခန့်မှစတင်ကာ ဈေးကျဆင်းလာခဲ့ပြီး ရန်ကုန်
ဈေးကွက်သို့လည်း ကြက်သွန်အဝင်နည်း လာခဲ့ကြောင်း ကြက်သွန် ပွဲရုံလုပ်ငန်းရှင်များက
ပြောသည်။

"ကြက်သွန်နီဈေးက လွန်ခဲ့တဲ့ သုံးပတ်ကျော် လောက်ကစပြီး ဈေးကျလာပြီးတော့ အဲဒီအကျ
ဈေးနဲ့ပဲ ငြိမ်နေတယ်။ ရောင်းအားက တော့ ပုံမှန်ပါပဲ။ ကြက်သွန်ကား တော်တော် များများက
ရန်ကုန်ကတစ်ဆင့် မဝင်တော့ဘဲ နယ်ဘက်ကနေပဲ မန္တလေးဘက်တွေကို တိုက်ရိုက်သွားလို့
အရောင်းအဝယ်အေးတာလည်းပါတယ်။ နောက်ပြီး ပုံမှန်ဝယ်လက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဘက်
ကလည်း မဝယ်တော့လို့ လက်ကျန်များပြီး ဈေးကျသွားတာပါ" ဟု သန်းတစ်ရာပွဲရုံပိုင်ရှင်
ကိုစိုင်းမျိုးခန့်ထွန်းက ပြောသည်။

ကြက်သွန်နီဈေး တစ်ပိဿာဈေးနှုန်းများမှာ လက်ချောသေး ကျပ် ၆၃၀၊ လက်ချောသန့် ရ၃၅
ကျပ်၊ လက်ချောကြီး ရ၇၀ နှင့် ရှယ် ကျပ် ၈၂၀ ဈေးရှိခဲ့သည်။

ငရုတ်
ငရုတ်ဈေးမှာ တစ်ပိဿာကျပ် ၂,၀၀၀ မှ ၃,၁၀၀ အသီးသီးရှိခဲ့သည်။ "ဈေးကျလာတယ်။ တရုတ်
က မဝယ်တော့လို့ ဈေးကျသွားတယ်လို့ ထင်တယ်။ အရောင်း လည်း နည်းနည်းပါးတယ်" ဟု
လင်းရောင်ခြည်ပွဲရုံမှ ကိုတူးက ပြောသည်။

အာလူး
အာလူးဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၅၀ မှ ၄၆၀ ထိ ရှိပြီး ယခုလက်ရှိတွင် အာလူး အသစ်များ
ဈေးကွက်အတွင်း စတင်ဝင် ရောက်လျက်ရှိခြင်းကြောင့် ရှေ့လျှောက်တွင် ဈေး ဆက်လက်ကျဆင်း
ဖွယ်ရှိကြောင်း ပွဲရုံ လုပ်ငန်းရှင်များက ပြောသည်။

"လက်ရှိဈေးကွက်ထဲမှာ ရောင်းနေတဲ့ အာလူးတွေက လက်ကျန်တွေဖြစ်တဲ့အတွက် ဟောင်းနေပြီ။
အသစ်တွေတောင် ထွက်နေပြီ။ လက်ရှိပေါက်ဈေး ၄၀၀ ကျော်က အနိမ့်ဆုံး ဈေးဖြစ်နေလို့ ဈေး
ထပ်မကျနိုင်တော့ဘူး။ အခု ဈေးက စကောစကဖြစ်နေလို့ ထက်လည်း မတက်နိုင်တော့ဘူး"ဟု
နေမင်းပွဲရုံမှ ကိုကျော် မင်းလှိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး