ရန်ကုန်ကားဈေးကွက် စလစ်ဈေး ဆက်တက်နေ

ရန်ကုန်ကားဈေးကွက် စလစ်ဈေး ဆက်တက်နေ

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နယ်ဝယ်လက် အဆင်းများလာခဲ့သဖြင့် အရောင်းအဝယ် ပြန်လည်
ကောင်းမွန်ခဲ့သော ရန်ကုန်ကားဈေးကွက်တွင် အမြင့်ကား ဈေးကွက်မှာ အရောင်းအေးလျက်ရှိပြီး
ကျပ်သိန်း ၁၀၀ ကျော်တန်ကားများမှာ ပိုမိုအရောင်းအဝယ်ဖြစ်ကာ စလစ် ဈေးနှုန်း ထပ်မံမြင့်တက်
ခဲ့ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။

"ဈေးကွက်ထဲမှာ နယ်ဝယ်လက်အဆင်းများတယ်။ ပြီးခဲ့တဲ့ရက်ပိုင်း တွေလိုပဲ သိန်းတစ်ရာဝန်းကျင်
ကား အများစု အရောင်းအဝယ်ဖြစ်တယ်။ သီရိမင်္ဂလာဈေးနဲ့ မင်းရဲကျော်စွာ ကား ဈေးကွက်မှာလည်း
အမြင့်ကားတွေ ထက် သိန်းတစ်ရာကျော်ကားတွေဖြစ် တဲ့ Honda Fit, Probox, Belta, Nissan
AD van တွေပိုပြီးတော့ ရောင်းရတယ်။ အကြမ်းသုံးလို့ရတဲ့ကားတွေပဲ လိုက်ဝယ်တာများပြီး ဇိမ်ခံ
အိမ်စီးကားတွေကတော့ အရောင်းအဝယ်မဖြစ်သလောက်ပဲ"ဟု ကားဝယ် ရောင်းလုပ်ကိုင်သူ ကို
အောင်ကြီးက ပြောသည်။

စလစ်ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်နေပြီး စလစ် လက်ဝယ်ရှိသူများက စလစ်များပြန်
လည်ရောင်းချကာ ကျပ်သိန်းတစ်ရာ ၀န်းကျင်ကားများကို ပြန်လည် ၀ယ်ယူ မှုများလာခြင်းကြောင့်
အောက်ကားဈေးကွက်အတွင်း အရောင်းအဝယ် ပြန်တက်လာခြင်းဖြစ်ကြောင်း ၀ယ် ရောင်းလုပ်
ငန်းရှင်များက ပြောသည်။

အပ်ကားစလစ်ဈေးမှာ စက်တင်ဘာလတတိယပတ်တွင် ကျပ် ၁၁၇ သိန်းဈေးပေါက်ရာမှ လက်ရှိ
အချိန်တွင် သိန်း ၁၂၀ ၀န်းကျင်အထိ ထပ်မံမြင့်တက်လာခဲ့ခြင်းကြောင့် စလစ် အရောင်းအဝယ်
လုပ်ကိုင်သူများ အမြတ်ထွက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ "စလစ်ဈေးက ပြီးခဲ့တဲ့လကတည်း
ကထိုးတက်သွားလိုက်တာ ပြန်မကျတော့ဘူး။ 'အ' အက္ခရာအပ်ကားတွေ လက်ခံပြီးပြီဆိုရင်တော့
ပြန်ပြီးကျသွား နိုင်တယ်။

'သ' စလစ်က သိန်း ၁၁၇ နဲ့ ၁၂၀ ၀န်းကျင်မှာရှိတယ်။ အပ်ကား ဆိုရင် သိန်း ၁၁၂ သိန်းလောက်
ပေါက်တယ်။ စလစ်ဈေးတွေမြင့်တက် နေတယ်ဆိုတာက နောက် လက်ခံမယ့် ကားတွေ မကြေ
ညာသေးလို့လည်း ဖြစ်နိုင်ပါတယ်။ ထပ်ပြီးအအပ်ခံမယ့် ကားကို ကြေညာလိုက်ရင်တော့ ဈေး
ပြန်ကျနိုင်တာပေါ့" ဟု ကားဝယ်ရောင်း ဦးမင်းညွန့်ကပြောသည်။

ထိုကဲ့သို့ စလစ်ဈေးများကောင်းနေ ခြင်းကြောင့် ဈေးကွက်အတွင်း စလစ် နှင့် တစ်ပတ်ရစ်ကားများ
အလဲအထပ် လုပ်ခြင်းကြောင့် အမြတ်အစွန်းရရှိ ကြောင်း စလစ်ပိုင်ရှင်များက ပြော သည်။

"အခုဆိုရင် အပ်ကားစလစ်ဈေးတွေ အကုန်လုံးတက်သွားတယ်။ အရင် လက်ခံပြီးသွားတဲ့ကား
တွေရဲ့ စလစ်ဈေး တွေလည်း တက်သွားတယ်။ စလစ် တစ်စောင်ကို သိန်း ၁၂၀ ဆိုတော့
လူကြိုက်များတဲ့ သိန်း ၁၀၀ ကျော်ကား ထဲက တစ်စီးလောက် ၀ယ်လို့ရတယ်။ အဲဒီတော့
ကားဟောင်းစလစ်ကို သိန်း ၁၂၀ လောက်နဲ့ပြန်ရောင်းပြီး သိန်းတစ်ရာတန် ဂျပန်ကားတစ်စီး
ရှာလိုက်ရင် ငွေပိုထွက်လာပြီး ကား သစ်လည်းစီးရ ငွေပိုလည်းရပေါ့။ ပြီးခဲ့ တဲ့တစ်ပတ်က
အပ်ကားစလစ်ကို ံသညိေ င်္ငအ နဲ့ အလဲအထပ်လုပ်လိုက် တာ အလိုက် ငါးသိန်းတောင် ထပ်ရ
တယ်" ဟု စလစ်ပိုင်ရှင် ကိုကျော်ထွန်း က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး