နိုင်ငံခြားဘဏ်များ ၀င်ရောက်လာလျှင် နည်းပညာနှင့် အရင်းအနှီးနည်းပါး သော ပြည်တွင်း
ဘဏ်များဆက်လက်ရှင်သန်နိုင်ရန် စိုးရိမ်ရပြီး ပြင်တွင်း ဘဏ်အချို့မှာမူ ပြင်ဆင်မှုများရှိနေ
ကြောင်း ဘဏ်အသိုင်းအဝိုင်းက ပြော သည်။
ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် က ယခင်လအတွင်းက နေပြည်တော် တွင် ပြုလုပ်ခဲ့သော
စာနယ်ဇင်းပွဲတစ်ခု ၌ ငွေရေးကြေးရေး အဖွဲ့အစည်း ဥပဒေ ရေးဆွဲပြီးပါက နိုင်ငံခြားဘဏ်များဝင်
ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း ပြောသည်။
၁၉၉၀ ဥပဒေကို အသစ်ပြန်လည် ရေးဆွဲထားသော အဆိုပါဥပဒေကြမ်း မှာ အောက်တိုဘာလ
တတိယ အပတ်တွင် အပြီးသတ်နိုင်မည်ဖြစ်ပြီး လွှတ်တော်သို့တင်နိုင် ဖွယ်ရှိကြောင်း ၎င်းက
ပြောသည်။
ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်းက နိုင်ငံခြားဘဏ် ၀င်ရောက်လာပါက ပြည်တွင်း
ဘဏ်များ ဆက်လက်ရှင်သန်မှု အရေးနှင့် ပတ်သက်၍ မြန်မာဘဏ်များ အသင်း တွင်လည်း
ဆွေးနွေးမှုများရှိနေ ကြောင်းပြောသည်။
"နိုင်ငံခြားဘဏ်တွေ ၀င်လာရင် ဖက်စပ်ပုံစံမျိုး ပူးပေါင်းလိုက်မလား၊ လွတ်လွတ်လပ်လပ်ပဲ ကိုယ့်
ပုံစံနဲ့ ကိုယ် ဆက်သွားမလားဆိုတာက အခု အချိန်မှာ အရေးတကြီး စဉ်းစားရမယ့် ကိစ္စ ဖြစ်နေ
ပါပြီ။ အားလုံးသိတဲ့အတိုင်းပဲ ပြည်တွင်းဘဏ်တွေက အရင်းအနှီးနဲ့တင် နိုင်ငံခြားဘဏ်ကို ဘယ်
လိုမှ ယှဉ်နိုင်မှာမဟုတ်ဘူး"ဟု ၎င်းက ပြောသည်။
ပြည်တွင်းဘဏ်များ အနေဖြင့် နိုင်ငံခြားဘဏ်ကို ယှဉ်ပြိုင်နိုင်ရန်မှာ အစိုးရထံမှ ဘဏ္ဍာရေး
အထောက်အပ့ံ ရရှိနိုင်ခြင်း၊ သို့မဟုတ်ပါက ဘဏ်တစ်ခု နှင့်တစ်ခု ပေါင်းစပ်ပြီး အင်အားကြီး
ဘဏ်တစ်ခုဖြစ်အောင်လုပ်ခြင်းဖြင့် ဆက်လက်တည်တံ့အောင် လုပ်ဆောင် ရမည်ဖြစ်ကြောင်း
၎င်းကပြောသည်။
နိုင်ငံခြားဘဏ်များ ၀င်ရောက်လာပါက ပြည်တွင်းဘဏ်များအတွက် ယင်းကဲ့သို့ ဆိုးရွားသော
အကျိုး သက်ရောက်မှုများ ရှိနိုင်သော်လည်း နည်းပညာနှင့် ပိုမိုပြိုင်ဆိုင်မှုရှိလာခြင်း စသည့်အ
ချက်များက အထောက်အပံ့ ဖြစ်စေကာ ဘဏ်လုပ်ငန်းကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ဖွယ်ရှိကြောင်း
ပညာ ရှင်များက သုံးသပ်သည်။ အစောပိုင်းဝင်ရောက်မှုမှာ ဖက်စပ်ဘဏ်လုပ်ငန်းပုံစံဖြင့် ၀င်
ရောက်လာ ရန်များသောကြောင့် ပြည်တွင်းဘဏ် များက ယင်းတို့နှင့် ပူးပေါင်းမည်ဆိုလျှင်
သီးခြားဘဏ်တစ်ခု ထူထောင် ခြင်းထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအတိုင်း ရှယ်ယာအချိုး
ကျ ထည့် ၀င်ခြင်းက ဆိုးကျိုးအနဲဆုံး ဖြစ်နိုင် မည်ဖြစ်ကြောင်း ပညာရှင်များက ပြောသည်။
သမဝါယမဘဏ်၏ စီးပွားရေး ဖွံ့ဖြိုးမှုဌာနအကြီးအကဲဖြစ်သူ ရွန်နာ ရာကစ်က ၎င်းတို့ဘဏ်သည်
ဂျပန်၊ ယူကေ စသောနိုင်ငံမှ ဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေး နေကြောင်း ပြော
သည်။
"အခြေအနေပေးတာနဲ့ ပူးပေါင်း လုပ်ဆောင်တာမျိုးကို စတင်နိုင်မှာပါ။ ဒါပေမဲ့ အချိန်တစ်ခုတော့
ယူရပါမယ်။ နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လာတဲ့ အခါမှာ ဘာတွေဖြစ်မှာလဲဆိုတဲ့ အခြေ အနေ
ပေါ်မူတည်ပြီး လုပ်ဆောင်သွား ရမှာပါ"ဟု ၎င်းကပြောသည်။ နိုင်ငံခြားဘဏ်များ ၀င်ရောက်လာ
မှုသည် ပြည်တွင်းဘဏ်များလုပ်ဆောင်မှုအတွက် အဟန့်အတားဖြစ်နိုင်သော်လည်း နိုင်ငံခြား
ဘဏ်များ မလုပ်ဆောင်နိုင်သည့် အချက်ဖြစ် သည့် ဘဏ်ခွဲများများဖွင့်ခြင်းမျိုးကို ပြည်တွင်းဘဏ်
များက လုပ်ဆောင်နိုင် ကြောင်း ၎င်းကပြောသည်။
"သူတို့လုပ်ဆောင်နိုင်တာက အကန့် အသတ်တော့ ရှိမှာပါ။ ဘဏ်ခွဲတွေ များများလာဖွင့်လို့ မရ
တာမျိုးပေါ့။ ပြီးတော့ တချို့ငွေလွှဲငွေပို့လုပ်တဲ့ဟာမျိုးတွေမှာဆို ပြည်တွင်းဘဏ်တွေဆီ က အကူ
အညီယူရလိမ့်မယ်"ဟု ၎င်းက ပြောသည်။ လက်ရှိဖွင့်လှစ်ပြီးသော ပြည်တွင်း ပုဂ္ဂလိကနှင့် အများ
ပိုင်ဘဏ်ပေါင်း ၁၉ ဘဏ်ရှိကာ အရှေ့တောင်အာရှနိုင်ငံ များအပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊
တရုတ်နှင့် အိန္ဒိယတို့မှ လာရောက် ဖွင့်လှစ်ထားသော ဘဏ်ကိုယ်စားလှယ် ရုံးပေါင်းမှာ ၂၅ ခု
ရှိပြီဖြစ်သည်။
ငွေကြေးအဖွဲ့အစည်း ဥပဒေ ပေါ်ထွက်လာပါက ဖက်စပ်ဘဏ်ခွဲ ဖွင့်လှစ်နိုင်ရန် နိုင်ငံပိုင်ဘဏ်များ
ပါ အကျုံးဝင်မည် ဖြစ်သောကြောင့် ဥပဒေ တွင်လည်း ပြည်တွင်းဘဏ်များကို အကာအကွယ်
ပေးနိုင်ရန် လိုကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားဘဏ်တွေအပေါ် တိကျတဲ့စည်းမျဉ်းတွေ ချမှတ်ဖို့ လိုပါတယ်။ ပြည်
တွင်းဘဏ်နဲ့ နိုင်ငံခြားဘဏ်တို့ကြားက လုပ်ဆောင် ရမယ့် လုပ်ငန်းတာဝန်တွေကလည်း ကွဲကွဲ
ပြားပြားဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီလိုအလေ့အကျင့်မျိုးက စင်ကာပူလို နိုင်ငံမျိုးမှာတောင် တင်းတင်း
ကျပ် ကျပ်လုပ်ထားတာပါ။ ပြည်တွင်းဘဏ်တွေပဲလုပ်ခွင့်ရှိတဲ့ ငွေချေးခွင့်ကို နိုင်ငံခြားဘဏ်တွေ
ကို လုပ်ခွင့်မပေးတာလိုမျိုးပေါ့"ဟု ၎င်းက ပြောသည်။ နိုင်ငံပိုင် ဘဏ်များသည်လည်း ထိုသို့ ပူး
ပေါင်းလုပ်ဆောင်မှုမျိုး အတွက် စင်ကာပူကဲ့သို့သော အာဆီယံဘဏ်များနှင့် ဆွေးနွေးမှုများရှိနေ
ကြောင်း ၎င်းက ပြောသည်။

















