သီတင်းကျွတ်ကာလ ပွင့်လင်းရာသီ ရောက်ရှိလာခြင်းကြောင့် ရွှေအတုံးနှင့် လက်ဝတ်ရတနာ
အရောင်းအဝယ် အနည်းငယ် တက်လာခဲ့ ကြောင်းနှင့် ရွှေဈေးမှာလည်း ဆက်လက်ကျဆင်း
လာကြောင်း ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်များ က ပြောသည်။
ကမ္ဘာ့ရွှေဈေးကျဆင်းသည့်နီးတူ ပြည်တွင်းရွှေဈေးမှာလည်း ကျဆင်းလာပြီး ဧပြီလလယ်ခန့်မှ
စတင်ခါ တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး စက်တင်ဘာလလယ် နောက်ပိုင်းတွင် ပိုမိုသိသာစွာ
ကျဆင်းလာခြင်း ဖြစ်ကြောင်းနှင့် လာမည့်လများအတွင်း အနည်းငယ်ထပ်မံ ကျဆင်းလာဖွယ်
ရှိကြောင်း ရွှေအရောင်းအဝယ်လုပ်သူများက ခန့်မှန်းသည်။ ပြည်တွင်းရွှေဈေးမှာ စက်တင်ဘာ
လလယ်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ရ၀၀,၀၀၀ အောက်သို့ ကျဆင်းခဲ့ရာမှ
ယခုလ ၁၃ ရက်နေ့တွင် ကျပ် ၆၈၀,၀၀၀ အထိ ကျဆင်းခဲ့ကြောင်း အောင်သမာဓိရွှေဆိုင်မှ
မန်နေဂျာဖြစ်သူ ကိုဝင်းငယ်က ပြောသည်။"ရွှေဈေးက ပြီးခဲ့တဲ့သင်္ကြန်ပြီးကတည်းက ကျလာတာ
ပါ"ဟု ၎င်းက ပြောသည်။
ယခုအပတ်အတွင်း ဈေးကွက်အတွင်း ရွှေတုံး နှင့် လက်ဝတ်ရတနာ ရောင်းအားများလည်း ယခင်
ကာလများထက် ပိုကောင်းလာကြောင်း လည်း ကိုဝင်းငယ်က ပြောသည်။ "ရွှေဈေးကျတော့ ၁၅
ပဲရည်က ကျပ် ၆၄၀,၀၀၀ ဈေးပဲရှိတော့တယ်။ ရွှေတုံးအရောင်း အဝယ်ရော၊ လက်ဝတ်ရတနာ
အရောင်းအဝယ် ရော ပုံမှန်ထက် နည်းနည်းကောင်းလာပါတယ်။ နောက်ပြီး သီတင်းကျွတ်ရာ
သီ ရောက်လာပြီ ဆိုတော့လည်း အထည်ပစ္စည်းလေးတွေ လာ ၀ယ်ကြတယ်။ အထူးသဖြင့်
အခေါက်ရွှေဈေးက ၆၉၀,၀၀၀ ကျော်ကနေ ကျပ် ၆၈၀,၀၀၀ အောက်ဈေးကျသွားတဲ့အချိန်မှာ
အရောင်းအဝယ်ပိုကောင်းတယ်"ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ရွှေဈေးမှာလည်း ပြီးခဲ့သည့်လများ အတွင်း ကျဆင်းခဲ့ပြီး ပြည်တွင်းရွှေဈေး ကျဆင်းမှုမှာ
လည်း ယခုလအတွင်း ပိုမိုသိသာလာကြောင်း တိတ်စိန်ရွှေဆိုင်မှ ဦးဇော်အောင် က
မြန်မာတိုင်း(မ်)ကို ပြောသည်။
"ပြည်တွင်းအခေါက်ရွှေဈေးက အခုရက်ပိုင်း တစ်ကျပ်သားကို ကျပ် ၆၈၈,၀၀၀ လောက်နေ
တဖြည်းဖြည်းကျလာလိုက်တာ ၆၈၀,၀၀၀ အထိ ကို ကျသွားတယ်။ အဲဒီအချိန် ကမ္ဘာ့ရွှေဈေးက
လည်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁,၂၇၀ လောက်အထိ ဈေးကျသွားတယ်"ဟု ၎င်းက
ပြောသည်။
ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအ ပေါ်မူတည်သည့်အတွက် ပြည်တွင်းရွှေ ဈေး ဆက်လက်
ကျဆင်းနိုင်မှု၊ ပြန်လည်မြင့် တက်လာမှုတို့ကို မှန်းရခက်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။
"ပြည်တွင်းရွှေဈေး ကျတယ်၊ တက်တယ်ဆိုတာ ဘယ်သူမှ လုပ်လို့မရဘူး။ ကမ္ဘာ့ရွှေဈေး ကိုပဲ
အခြေခံပြီး ပြည်တွင်းရွှေဈေးဖြစ်တာဆို တော့ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ ကမ္ဘာ့ ရွှေဈေးကလည်း
တစ်ရက်တည်းမှာတင် ဒေါ်လာ ရာချီပြီး အပြောင်းအလဲဖြစ်တတ်တာပဲ"ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦး
ဖြစ်သူ ဦးကျော်အောင် က ပြောသည်။
ရွှေဈေး ပိုမိုကျဆင်း လာခြင်းကြောင့် အရောင်းအဝယ် အနည်းငယ်ပြန်ကောင်းလာခဲ့ သော်လည်း
ရွှေထည်ရောင်းအားမှာမူ ဩဂုတ်လ အတွင်းက ရောင်းအားကို မမီကြောင်း ရွှေဆိုင် ပိုင်ရှင်များက
ပြောသည်။

















