ရော်ဘာတင်ပို့မှုကို၊နှစ်ဆတိုးမြှင့်ရန် ပြင်ဆင်သွားမည်

ရော်ဘာတင်ပို့မှုကို၊နှစ်ဆတိုးမြှင့်ရန် ပြင်ဆင်သွားမည်

မြန်မာ့ရော်ဘာတင်ပို့မှုကို လာမည့်နှစ်အနည်း ငယ်အတွင်း နှစ်ဆတိုးမြှင့်နိုင်တော့မည် ဖြစ်ပြီး
ပို၍အမျိုးအစားစုံလင်ကာ အရည် အသွေးကောင်းမွန်သော ရော်ဘာများ တင်ပို့နိုင် ရန်နှင့် ဈေး
ကွက်အမျိုးမျိုးသို့ တိုးချဲ့တင်ပို့နိုင် ရန် နည်းဗျူဟာရေးဆွဲနေပြီဖြစ်ကြောင်း ဒုတိယအကြိမ်
အမျိုးသားပို့ကုန်စီမံကိန်းရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြော
သည်။

မြန်မာ့ရော်ဘာလုပ်ငန်းသည် ခေတ်စနစ်တို့ ကြောင့် ကာလအတော်ကြာ ကန့်သတ်မှုများ ရှိခဲ့
သော်လည်း ၂၀၀၅ ခုနှစ်မှစတင်ကာ လွတ်လပ်စွာလုပ်ပိုင်ခွင့် ရရှိလာသဖြင့် ထိုကာလနောက်ပိုင်း
ဖွံ့ဖြိုးတိုးတက်လာခဲ့သော်လည်း ထိုင်းနိုင်ငံကဲ့သို့သော ကမ္ဘာ့ ထိပ်တန်း ရော်ဘာစိုက်ပျိုးထုတ်
လုပ်တင်ပို့ သော နိုင်ငံများကို အမီလိုက်ရန် နည်းဗျူဟာများ လိုအပ်ကာ ခြံငယ်ရှင်များက ရော်
ဘာ၏အရည် အသွေးကို ကောင်းမွန်စွာထုတ်လုပ်နိုင်ရန် အရေးကြီးကြောင်း မြန်မာနိုင်ငံ ရော်ဘာ
စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

"စိုက်ပျိုးထုတ်လုပ်တင်ပို့မှုဟာ စတင် တိုးတက်နေပါပြီ။ ၂၀၁၅၊ ၂၀၁၆ လောက် ဆိုရင်တော့
လက်ရှိတင်ပို့မှုရဲ့ နှစ်ဆလောက် တိုးတက်တင်ပို့နိုင်တော့မှာပါ။ နောက်ပိုင်းမှာ လည်း ဒီထက်
ပိုပြီးတိုးတက်လာတော့မှာ။ ဒါပေမဲ့ ထိုင်းနဲ့ယှဉ်ဖို့ကျတော့ ခက်ခဲနေပါသေး တယ်။သူက ကမ္ဘာမှာ
ရော်ဘာစိုက်ပျိုးထုတ်လုပ် တင်ပို့တာက နံပါတ်တစ်ပဲ။ သူတို့နိုင်ငံရဲ့ တစ်နှစ်ရော်ဘာတင်ပို့မှုက
စုစုပေါင်းတန်ချိန် ၃ ဒသမ ရ သန်းရှိတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂၀၁၂ ၁၃ ခုနှစ်အတွင်း ရော်ဘာတန်ချိန်ပေါင်း တစ်သိန်း ခြောက်
သောင်းနီးပါးတင်ပို့နိုင်ခဲ့ပြီး တရုတ် နိုင်ငံသို့ ရ၀ ရာခိုင်နှုန်းခန့်တင်ပို့ခဲ့ကာ မလေးရှား၊ ကိုရီးယား၊
စင်ကာပူစသည့် နိုင်ငံများသို့လည်း တင်ပို့ခဲ့ကြောင်း အသင်းမှထုတ်ပြန်ထားသော စာရင်းများတွင်
ဖော်ပြ သည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ရော်ဘာစိုက်ပျိုးမြေဧကပေါင်း တစ်သန်း လေးသိန်း သုံးသောင်း
ကျော်ရှိပြီး အစေးထုတ် ဧကမှာ ငါးသိန်း နျစ်သောင်းကျော်သာ ရှိသေး ကြောင်းလည်း ဖော်ပြထား
သည်။

နိုင်ငံတကာ ကုန်သွယ်မှုစင်တာဘက်မှ ပို့ကုန်မဟာဗျူဟာ စီမံကိန်းရေးဆွဲရန်အတွက် အလုပ်ရုံ
ဆွေးနွေးပွဲတွင် ပါ၀င်ဆွေးနွေးပြီး အချက်အလက်များ ရယူသော  International
Economics Ltd မှ ဗဟိုအလုပ်အမှုဆောင် ပေါလ်ဘာကာက လက်ရှိတွင် မြန်မာနိုင်ငံသည်
ရော်ဘာတင်ပို့မှုတွင် တရုတ်နှင့် မလေးရှား ကိုသာ အလွန်အမင်းအားထားလျက်ရှိကြောင်း နှင့်
အရည်အသွေးနိမ့် ရော်ဘာများကိုသာ အများဆုံးတင်ပို့နေကြောင်း ပြောသည်။

"ထိုင်းနိုင်ငံဟာ ရော်ဘာတင်ပို့ရာမှာ ဈေးကွက်ရော၊ တင်ပို့တဲ့ပစ္စည်းအမျိုးအစားတွေပါ
တော်တော်ကိုများပါတယ်။ မြန်မာနိုင်ငံ ကတော့ စီးပွားရေးပိတ်ဆို့မှုတွေကို အချိန်တော်ကြာ
ကြံုတွေ့ခဲ့တာတွေကြောင့် အိမ်နီးချင်း တိုင်းပြည်တွေလောက်ကိုပဲ အဓိကအားထားပြီး တင်ပို့
နေကြတာတွေ့ရတယ်။ ဒါပေမဲ့ ခုချိန်မှာ တော့ ပိတ်ဆို့မှုတွေလည်း မရှိသလောက် ဖြစ်နေပြီး
ရင်းနှီးမြုပ်နှံမှုတွေလည်း အများကြီး ၀င်လာနေပါပြီ။ ဒီတော့ ပိုကြီးမားတဲ့ဈေးကွက် ကို တင်ပို့နိုင်
ဖို့နဲ့ အရည်အသွေးကို ကောင်းမွန်အောင်လုပ်ဆောင်ဖို့ ဦးစားပေးစီစဉ်ရပါမယ်"ဟု ၎င်းက မြန်မာ
တိုင်း(မ်)ကို ပြောသည်။

တင်ပို့သောရော်ဘာများ၏ အရည်အသွေး မပြည့်မီမှုနျင့် မှာယူသောတန်ချိန်အတိုင်း ပြည့်မီအောင်
တင်ပို့နိုင်ခြင်းမရှိသောကြောင့် အခြားနိုင်ငံများသို့တင်ပို့ရာတွင် ကမ္ဘာ့ ပေါက်ဈေးအတိုင်းမရပဲ
ဈေးနျိမ်ခံနေရပြီး ဥရောပသမဂ္ဂက ခွင့်ပြုသော အထူးအခွန် ကင်းလွတ်ခွင့် ရရှိထားသော်လည်း
လက်ရှိအချိန်ထိ တန် ၂၀ နီးပါးသာ တင်ပို့နိုင်သေးကြောင်း ဦးခိုင်မြင့်က ပြောသည်။

"ကမ္ဘာ့ပေါက်ဈေးက ဒီတစ်ပတ်မှာ ဒေါ်လာ ၂,၅၀၀ ကျော်လောက်ပေါက်ပေမယ့် မြန်မာ နိုင်ငံက
တင်ပို့မယ်ဆိုရင် အများဆုံး ဒေါ်လာ ၂,၂၀၀ လောက်ပဲရမယ်။ မြန်မာပြည်က တင်ပို့နေတဲ့ ရော်
ဘာတွေကတော့ RSS1, RSS3, RSS5, MSR20 နဲ့ MSE50 တွေ တင်ပို့နေပြီး အများဆုံးတင်
ပို့တာကတော့ RSS3  နဲ့ MSR20 တွေပါပဲ "ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ရော်ဘာကို အများဆုံးစိုက်ပျိုး သောဒေသမှာ မွန်ပြည်နယ်ဖြစ်ပြီး တနင်္သာရီတိုင်း
ဒေသကြီး၊ ကရင်ပြည်နယ်တို့တွင်လည်း အများအပြားစိုက်ပျိုးလျက်ရှိသည်။ မန္တလေး တိုင်းဒေသ
ကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ တွင် ရာသီဥတုပူပြင်းမှုနှင့် မိုးရေချိန် လက်မ လျော့နည်းမှုတို့ကြောင့်
စိုက်ပျိုး၍ မရသော် လည်းမြန်မာနိုင်ငံ၏ ရေမြေ အနေအထားအရ ထိုဒေသများမှအပ အခြားသော
ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် စိုက်ပျိုး ဖြစ်ထွန်းနိုင် သည်။

ထို့ပြင် ရော်ဘာအထွက်နငန်း ကောင်းမွန် ရန်မှာ စတင်စိုက်ပျိုးသည့်မျိုးပေါ်တွင် မူတည် ကြောင်း
နှင့် အထွက်နှုန်းကောင်းပြီး ဒေသနှင့် ကိုက်ညီသောမျိုးကို ရွေးချယ် စိုက်ပျိုးသင့် ကြောင်းလည်း
ဦးခိုင်မြင့်က ပြောသည်။

သုံးရက်ကြာ အလုပ်ရုံဆွေးနွေးပွဲမှ ကောက်ခံ ရရှိထားသော အချက်အလက်များကို စုစည်း ကာ
ခွဲခြမ်းစိတ်ဖြာပြီး တစ်လအတွင်းမဟာ ဗျူဟာ ရော်ဘာပို့ကုန်စီမံကိန်းတွက် နည်းဗျူ ဟာကြမ်းရေး
ဆွဲသွားမည်ဟု မစ္စတာပေါလ်ဘာကာက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး