အာဆီယံ Single Market အတွက် မြန်မာနှင့် ဂျပန် ပူးတွဲဆောင်ရွက် မှုများ ပြုလုပ်နေ

အာဆီယံ Single Market အတွက် မြန်မာနှင့် ဂျပန် ပူးတွဲဆောင်ရွက် မှုများ ပြုလုပ်နေ

မြန်မာနိုင်ငံတွင် ဖော်ဆောင်လျက်ရှိသည့် အာဆီယံတစ်ခုတည်းသောဈေးကွက် (Single Market)
အကောင်အထည်ပေါ်ရန် ဂျပန်နိုင်ငံ ၏ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုဖြင့် ပူးတွဲဆောင်ရွက်
လျက်ရှိကြောင်း အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးသိန်း
က ပြောသည်။

"Single Market ကိစ္စ အခုဂျပန်နဲ့ပူပေါင်း ပြီးလုပ်နေပါတယ်။ အဓိက နည်းစနစ်ပိုင်းပံ့ပိုး မှုအပိုင်း
ပါ။ အာဆီယံစီးပွားရေးအသိုက်အဝန်းအတွက် ၂၀၁၅ မှာ ဂရိတ် ၁၅ အထိ အကောင် အထည်
ဖော်နိုင်ဖို့ ဆောင်ရွက်နေတာပါ" ဟု ၎င်းက ပြောသည်။

အာဆီယံနိုင်ငံများအကြား ဒေသတွင်း လွတ် လပ်စွာကုန်သွယ်ခွင့်နှင့် အာဆီယံစီးပွားရေးအသိုက်
အဝန်းပေါ်ပေါက်ရန် အကောင်အထည် ဖော်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အာဆီယံတစ်ခု တည်း
သောဈေးကွက်ကို ဖော်ဆောင်လျက်ရှိခြင်းဖြစ်ပြီး လတ်တလောတွင် လုပ်ငန်း ဆောင်ရွက်ဖော်
ဆောင်မှုအဖွဲ့ကို ဂျပန် မြန်မာ နျစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဈေးကွက်ဖော်ဆောင်
ရေးတွင် အဓိကပါ၀င် သည့် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးစန်းလွင်က
ပြောသည်။

"အဓိကကတော့ ကုန်သွယ်မှုလျင်မြန်ချော မွေ့စေဖို့ နည်းပညာပိုင်းဆိုင်ရာတွေ တိုးမြှင့် လုပ်
ဆောင်သွားဖို့ပါ။ အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ကုန်သွယ်မှုကို လူကိုယ်တိုင်မလို ဘဲ၊ ဆောင်
ရွက်နိုင်အောင် လုပ်ဆောင်နေတာပါ" ဟု ၎င်းက ပြောသည်။ ဈေးကွက်ဖော်ဆောင်ရန် အဓိက
လုပ်ပိုင်ခွင့် သည် အကောက်ခွန်ဌာနနှင့် သက်ဆိုင်ခြင်း ကြောင့် ကုန်စည်စီးဆင်းမှုအပိုင်းတွင်
ပြဋ္ဌာန်း ထားသည့် ဥပဒေများကို အကောင်အထည် ဖော်မည့်သူများသည် လုပ်ပိုင်ခွင့်အပြည့်
အဝ ရှိရန်လိုအပ်ကြောင်း၊ ့ုန်သွယ်မှုနှင့်ပတ် သက်ပြီး ပြည်တွင်းတစ်ခုတည်းကို အခြေခံမကြည့်
ရှုဘဲ နိုင်ငံတကာနှင့်နှိုင်းယှဉ်ကြည့်ရှု ရန်လိုအပ်ကြောင်း၊ တရားမဝင်ကုန်စည်များ ကုန်သွယ်မှုပြု
ခြင်းနှင့် အရည်အသွေးညံ့သည့် ကုန်စည်များ ကုန်သွယ်မှုမှ ကာကွယ်ပေးရန် လိုအပ်ကြောင်း
အာဆီယံဉာစပစ္စည်းမူပိုင်ခွင့် အဖွဲ့အစည်းအဖွဲ့ဝင် တရားရုံးချုပ်ရှေကနေ ဦးသိန်းအောင်က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး