ပြီးခဲ့သည့် ရက်များအတွင်းက ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး ဗုံးနှင့်ပတ်သက် သည့် ကောလာ
ဟလသတင်းများ ကြောင့် ရန်ကုန်မြို့နေလူထုမှာ စိုရိမ် မှုများ ရှိခဲ့ကြသော်လည်း သီတင်းကျွတ်
မီးထွန်းပွဲတော်များ၊ ဈေးဝယ်စင်တာ များနှင့် အရောင်းဆိုင်များတွင် လူ အဝင်အထွက်မှာ လျော့
ကျသွားခြင်းမရှိသော်လည်း ပွဲတော်ရက် ရောင်းအားမှာ ပြီးခဲ့သည့်နှစ်များအောက် ကျဆင်းသွား
ကြောင်း အရောင်းစင်တာ များမှ တာဝန်ရှိသူများက ပြောသည်။
"ခါတိုင်းနှစ်တွေလိုပဲ ပွဲတော်ကာလ မှာ နဂိုမှန်းထားတဲ့ရောင်းအားအောက် အများကြီး လျော့
သွားတယ်။ ကြားရက် တွေမှာရောင်းတဲ့ ပုံမှန်ရောင်းအားလောက်ပဲရှိတယ်။ စင်တာတိုင်းမှာ ရှိတဲ့
ဆိုင်အားလုံး ရောင်းအားကျသွား တယ်။ အရင်နှစ်က ဒီအချိန်ဆိုရင် အရမ်းရောင်းရတာ"ဟု ဒဂုံ
စင်တာရှိ Pretty Girl ဖက်ရှင်ဆိုင်မှ မပိုးအိဖြူက ပြောသည်။
ဗုံးပေါက်ကွဲမှုဖြစ်သည့် ရက်များ တွင် အရောင်းအဝယ်မှာ သိသာစွာကျ သွားသော်လည်း ပေါက်
ကွဲမှုနှင့် ပတ် သက်၍ သတင်းထုတ်ပြန်ခြင်းကြောင့် စိုးရိမ်စိတ်သိပ်မရှိတော့ဘဲ အရောင်း အဝယ်
မှာ ပုံမှန်အခြေအနေသို့ ပြန် လည်ရောက်ရှိလာကြောင်း အရောင်းလုပ်ငန်းရှင်များက ပြောသည်။
"ဗုံးသတင်းတွေကြောင့် ရောင်းအား ထက်ဝက်လောက် ကျသွားမယ်လို့ ထင်နေတာ။
ထင်သလောက်တော့ ကျမသွားဘူး။ ဒါပေမဲ့ ငါးပုံတစ်ပုံလောက်တော့ ကျသွားတယ်။ ဒါပေမဲ့
နောက်ပိုင်းတော့ ပြန်ကောင်းနိုင်တဲ့ အလားအလာရှိပါတယ်။ ပုံမှန်ပြန်ဖြစ်သွားမှာပါဟု" တော်
၀င်နှင့် Junction မော်တင် စင်တာများတွင် ဖွင့်လှစ်ထား သော ဏငညု ဖက်ရှင်ဆိုင်မှတာဝန်
ရှိသူ ဦးချိုက ပြောသည်။
စင်တာများရှိ အရောင်းဆိုင်များ သည် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သတိထားပြီး လုံခြံုရေးကို
ဂရုစိုက်နေ ကြသော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်စိတ်မရှိတော့ကြောင်း ၎င်းက ပြော
သည်။
ဈေးများတွင် လုံခြံုရေးကို ယခင် ထက် ပိုမိုချထားပြီး အဝင်အထွက်တွင် စစ်ဆေးမှုများကို သေချာ
စွာ စစ်ဆေး မှုများ ပြုလုပ်နေသည့် အတွက် အရောင်းဝယ်မှာ ပုံမှန်အတိုင်း လည်ပတ်နေပြီး
ယခုပွဲတော်ရက်တွင် လည်း မနှစ်ကအတိုင်းပင် ရောင်းရ ကြောင်း Ruby Mart မှ တာဝန်ရှိ
သူတစ်ဦးက ပြောသည်။ လက်ကားဈေးကွက် များတွင်မူ အရောင်းသိသာစွာ ကျသွားကြောင်း
လုပ်ငန်းရှင်များကပြောသည်။
လူအဝင်အထွက်များသည့် ဈေးဝယ် စင်တာများတွင်မူ လုံခြံုရေး တင်းကျပ် စွာ ချထားခြင်း
ကြောင့် အရောင်းအဝယ်မှာ ကျဆင်းသွားခြင်းမရှိကြောင်း တာဝန်ခံများက ပြောသည်။
"ရောင်းအားကတော့ ပုံမှန်ပါပဲ။ ကျွန်တော်တို့က လုံခြံုရေးကို အဓိက ထားပြီး သေသေချာချာ
လုပ်ထား တယ်။ ပွဲတော်ရက်ရောင်းအားက လည်း အရင်လိုပဲ ရောင်းရတယ်။ ဗုံးသတင်းကြောင့်
ရောင်းအားကျ သွားတာမျိုးတော့ မရှိပါဘူး" ဟု Capital Hyper Market မှ ကြော်ငြာနှင့်
အရောင်းမြှင့်တင်ရေး မန်နေဂျာ ကိုဝိုင်းချစ်ဦးက ပြောသည်။
အရောင်းစင်တာများအားလုံးတွင် လုံခြံုရေးကို တိုးမြှင့်ထားပြီး ၀င်ပေါက် များတွင်လည်း
လုံခြံုရေးဝန်ထမ်းများ နှင့် metal detector များထားရှိခြင်း၊ အိတ်များကို သေချာစွာ စစ်ဆေးခြင်း
နှငCCTV camera များ တပ်ဆင်ကာ ပြင်ဆင် ထားကြောင်း City Mart မှ တာဝန်ရှိသူကပြော
သည်။

















