အိန္ဒိယနိုင်ငံတွင် မတ်ပဲအဓိကထွက်ချိန်ဖြစ် သော စက်တင်ဘာလကုန်အပြီး၌ပင် မြန်မာနိုင် ငံမှ
၀ယ်ယူမှုမြင့်တက်နေသဖြင့် ယခုလအတွင်း မတ်ပဲဈေးနှုန်းမှာ သိသိသာသာမြင့်တက်လာခဲ့ပြီး
နောက်ပိုင်းတွင်လည်း ဈေးများဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံပဲမျိုး စုံနှင့်
နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူ များနှင့် ပဲကုန်သည်များက ပြောသည်။
အောက်တိုဘာလ ၂၂ ရက်တွင် မတ်ပဲပြည် ပတင်ပို့ဈေးမှာ Fair Average Quality (FAQ)
တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၁၀ အထိ ဈေးတက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ
လုပ်ငန်းရှင်များက ပြောသည်။ မတ်ပဲဈေးမှာ ဧပြီလအတွင်းက တစ်တန်လျှင် အမေရိကန်
ဒေါ်လာ ၆၃၀ နီးပါးထိရှိခဲ့ရာမှ ဒေါ်လာ ၅၀၀ အောက်ထိပြန်ကျပြီးနောက် တစ်လတာကာလ
အတွင်း ဈေးပြန်တက်လာခဲ့ခြင်းဖြစ်ကြောင်း ပဲကုန်သည်များက ပြောသည်။
"အိန္ဒိယမှာ ဒီနှစ်မိုးများပြီး မုန်တိုင်းဒဏ်တွေလည်းခံခဲ့ရတော့ သူတို့ဆီက ပဲစိုက်ခင်းတွေ
တော်တော်ပျက်စီးသွားတယ်။ ခုလအထိ သူတို့ ဆီမှာ ပဲပေါ်နေတုန်းပဲ။ ဒါတောင် ဒီကပဲ
တွေကို ရသလောက်လာဝယ်နေတယ်ဆိုတော့ မတ်ပဲဈေးက ထပ်တက်ဖို့ပဲရှိတယ်" ဟု
အသင်းမှ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမြတ်စိုး က ပြောသည်။
မတ်ပဲဈေးမှာ ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်း က ဒေါ်လာ ရ၇၀ အထိတက်ခဲ့ခြင်းကြောင့် ယခု
ဈေးကို အမြင့်ဆုံးဈေးဟုပြောရန်စောသေး ကြောင်းနှင့် ပြည်တွင်းပဲပေါ်သည့်ရာသီဖြစ် သည့်
ဖေဖော်ဝါရီလလယ်တွင် ယခုထက်ဈေးပို ရနိုင်မည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းသည်။
"လက်ရှိမှာတော့ ပဲကုန်သည်တွေလက်ထဲ မှာ တန်ချိန်တစ်သိန်းခွဲနဲ့ နှစ်သိန်းကြားလောက်
တော့ ကျန်နိုင်သေးတယ်"ဟု ဒေါက်တာ မြတ်စိုးက ပြောသည်။ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း
ကုန်သည်များ အသင်းက ထုတ်ပြန်ထားသောစာရင်းများအရ ပြည်ပသို့ အဓိကတင်ပို့နေသော
ပဲများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနဲ့ ပဲလွန်းဖြူတို့ ဖြစ်သည်။
မတ်ပဲ ဈေးနှုန်းများမှာ လက်ရှိတွင် ဈေးတက်လာသော် လည်း ပြည်ပတင်ပို့မှုတွင် ပြီးခဲ့သည့်နှစ်
တင်ပို့ သည့်နှုန်းကို မမီသေးကြောင်း ဒေါက်တာ မြတ်စိုးက ပြောသည်။
"မနှစ်ကဒီအချိန်မှာ ပဲမျိုးစုံတန်ချိန်ခုနစ်သိန်းကိုးသောင်းကျော် ပို့ပြီးနေပြီ။ ဒီနှစ်မှာ တော့
အောက်တိုဘာ ၁၁ ရက်နေ့အထိ တန်ချိန် ခြောက်သိန်း ခြောက်သောင်းကျော်ပဲ တင်ပို့ထားရ
သေးတယ်"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှပဲထုတ်လုပ်မှု၏ ရ၀ ရာခိုင် နှုန်းကို အိန္ဒိယနိုင်ငံသို့တင်ပို့ခြင်းဖြစ်သောကြောင့် ပဲဈေး
ကွက်အတွင်း ဈေးနှုန်း အတက် အကျမှာ အိန္ဒိယနိုင်ငံ၏ ၀ယ်လိုအားပေါ်တွင် များစွာတည်မှီနေ
ကြောင်းနှင့် မြန်မာနိုင်ငံ သည် ကမ္ဘာ့ပဲမျိုးစုံ ပြည်ပတင်ပို့ဈေးကွက်တွင် ဒုတိယအများဆုံးတင်ပို့
သောနိုင်ငံဖြစ်ကြောင်း ရုံးအဖွဲ့မှူး ဦးဇင်ဦးက ပြောသည်။
"ပဲဈေးကွက်ကတော့ အိန္ဒိယနိုင်ငံအပေါ်မှာပဲ မူတည်တယ်။ သူတို့မှာ ပဲအထွက်နည်းတာတို့၊
သီးနှံပျက်စီးတာတို့ဖြစ်ပြီဆို ဟိုမှာဈေးတက်ပြီ။ အဲဒါဆိုရင် မြန်မာ နိုင်ငံမှာလည်း လိုက်တက်
တာပဲ။ အာဆီယံနိုင်ငံတွေထဲမှာ တော့ မြန်မာက ပဲတင်ပို့မှုမှာ ပထမပဲ။ ကမ္ဘာနဲ့ ယှဉ်ရင်တော့
ကနေဒါက ပထမဖြစ်ပြီး မြန်မာက ဒုတိယ"ဟု ၎င်းက ပြောသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသောစာရင်းများအရ ၂၀၁၂-
၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံ ပြည်ပတင်ပို့မှုမှာ စုစုပေါင်းတန်ချိန် ၁၄၁,၉၅၇ တန် တင်ပို့ခဲ့ပြီး
တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၉၁၂ သန်းကျော်ရှိခဲ့ကာ အဓိကတင်ပို့ သောနိုင်ငံများမှာ
အိန္ဒိယ၊ စင်ကာပူ၊ တရုတ်၊ ဗီယက်နမ်၊ ဌိုင်း၊ ျွလေးရှားနျင့် ဂျပန်နိုင်ငံကို အပါအဝင် ၄၃ နိုင်ငံသို့
တင်ပို့လျက်ရှိသည်။
"ဟိုမှာက မိုးကြောင့်အပျက်အစီးရှိတော့ ဒီကမတ်ပဲ တော်တော်ရောင်းလိုက်ရတယ်။ လက်ကျန်
မတ်ပဲကိုလည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ရောင်းနေရတယ်။ အားလုံးကလည်း မတ်ပဲဈေးနှုန်းနဲ့ပတ်
သက်ပြီး ယုံကြည်ချက်ရှိနေကြတယ်" ဟု ပြည်ပသို့ ပဲတင်ပို့သူတစ်ဦး ဖြစ်သည့်
ဒေါက်တာမြန်လင်းက မြန်မာတိုင်း(မ်) ကို ပြောသည်။
လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျရောက် မည့် ဒီပါ၀လီပွဲတော်ကာလအတွင်း အစား အစာများ
တွင် မတ်ပဲကိုအများဆုံးအသုံးပြုသည့်အတွက် ယင်းကာလမတိုင်မီအထိ မတ်ပဲ ၀ယ်လိုအားမှာ
ပိုမိုတက်လာနိုင်ကြောင်းနျင့် ပွဲတော်ပြီးချိန်တွင် အဝယ်ခေတ္တငြိမ်ပြီးမှ နောက်ပိုင်းတွင် တဖြည်းဖြည်း
ဆက်လက်တက် လာနိုင်မည်ဟုထင်ကြောင်း ၎င်းက ခန့်မှန်း သည်။
မတ်ပဲလှောင်လက်များမှာ လက်ကျန်မတ်ပဲများအတွက် စိုးရိမ်စိတ်စရာမလိုတော့ဘဲ
လာ မည့်နှစ်တွင်ထွက်မည့်မတ်ပဲမှာလည်း လက် ကျန်မရှိဘဲ ရောင်းထွက်နိုင်မည်ဖြစ်ကြောင်း
၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ပဲမျိုးစုံကို ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ မန္တလေးနျင့် စစ်ကိုင်းတိုင်းဒေသကြီး
တို့တွင် အဓိကစိုက်ပျိုးပြီး နိုဝင်ဘာလမှစတင်စိုက်ပျိုးကာ ဖေဖော်ဝါရီလတွင် ဈေးကွက်ထဲသို့
ပဲအသစ်များ စတင်တင်သွင်းရောင်းချလေ့ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။

















