ပုသိမ်မြို့သို့၊အဝင်အထွက်ပြုလုပ်သည့် သင်္ဘောများ ရပ်ဆိုင်းမှုကြောင့် သယ်ယူစရိတ် ပိုမိုမြင့်တက်လာ

ပုသိမ်မြို့သို့၊အဝင်အထွက်ပြုလုပ်သည့် သင်္ဘောများ ရပ်ဆိုင်းမှုကြောင့် သယ်ယူစရိတ် ပိုမိုမြင့်တက်လာ

ပုသိမ်မြို့တွင် ပုံမှန်အဝင်အထွက်ရှိသည့် ရေယာဉ်အရေအတွက်ကို ပြီးခဲ့သည့် စက်တင်ဘာလ
အတွင်းမှ စတင်ခါ လျှော့ချလိုက်ပြီး နောက်ပိုင်း ကုန်စည်ကူးသန်း ရောင်းဝယ်ရေးတွင် ကုန်းလမ်း
ကိုသာ ပိုမိုအားထားနေရချိန် ၌ ကားလမ်းမှကုန်စည်တင်ပို့မှုများကိုလည်း ကန့်သတ်ခဲ့ခြင်းကြောင့်
ပုသိမ်မြို့တွင်း ကုန်စည်ကူးသန်းရောင်းဝယ်သူများ အခက်တွေ့ ရပြီး ကုန်တင်ပို့ခနှုန်းများလည်း
ပိုမိုမြင့်တက် ဖွယ်ရှိကြောင်း ပုသိမ်မြို့ခံများက ပြောသည်။

"အရင်က တစ်ပတ်ကိုငါးရက်သင်္ဘောတွေဆွဲပေးတယ်။ နောက်ပိုင်း တစ်ပတ်ကို နှစ်ရက်ပဲ
ရှိတော့တယ်။ အခုဆိုရင် ရန်ကုန် ပုသိမ် သင်္ဘောတွေ မထွက်တော့ဘူး။ သက်ဆိုင်ရာက
ပြောတာတော့ ခရီးသည်နဲ့ ကုန်အရနည်းလို့ မကိုက်ဘူး ပြောတယ်။ စက်တင်ဘာလ ၁၆
ရက်နေ့က ခရီးစဉ်တွေကိုယာယီရပ်ဆိုင်းလိုက် တာကနေ အခုဆိုရင်ရက်အကန့်အသတ်
မရှိ ရပ်ဆိုင်းတော့မယ်လို့ ကြားတယ်။ သင်္ဘော နဲ့အဓိကသယ်ကြတာကတော့ မီးသွေးတွေ
သယ်တာများတယ်"ဟု ပုသိမ်မြို့မှ ကုန်သည် တစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင်းသို့ ကုန်စည်ပို့ဆောင်ရာတွင် ရေလမ်းနျင့် ကုန်းလမ်းနှစ်မျိုးမှသာ ၀င်ရောက်
ခြင်းဖြစ်သော်လည်း သင်္ဘောဖြင့်လိုက်ပါသည့် ခရီးသည် နည်းပါးခြင်းနျင့် ကုန်စည်ရရှိမှုနည်း
ခြင်းတို့ကြောင့် ခရီးစဉ်ရပ်နားမှုများရှိခဲ့သည်။

ထို့ပြင် ၂၀၁၂ ခုနှစ်၊ ဗမလတတိယပတ်မှ စတင်ကာ ပုသိမ်မြို့မှ ငါးသိုင်းချောင်း၊ ဉာပေါင်း၊ လပွတ္တာမြိုကများသို့ ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်းခရီးစဉ်များကို ရပ်နားခဲ့ သည်။
၎င်းပြင် ရန်ကုန် မော်လမြိုင်ကျွန်း သင်္ဘောခများကိုလည်း နျစ်နှစ်အတွင်း ကျပ် ၅၀၀ မှ ၂,၀၀၀
သို့တိုးမြှင့်ခဲ့သော်လည်း ပုဂ္ဂလိကသင်္ဘောများက ဈေးချ ပြေးဆွဲပေးခဲ့ ခြင်းကြောင့် ပြည်တွင်းရေ
ကြောင်းမှ သင်္ဘော များမှာလည်း ဈေးနငန်းပြန်လည်ပြင်ဆင်ကာ ထပ်မံပြေးဆွဲပေးခဲ့သည်။

"သင်္ဘောတွေကို စက်တင်ဘာလလောက်မှာ နားလိုက်တယ်။ တစ်ဆက်တည်းမှာပဲ အောက်တို
ဘာလမှာ မြို့ထဲကိုကုန်ကားတွေတိုက်ရိုက်ဝင်ပြီးကုန်ချခွင့်ကို ဧရာဝတီတိုင်းဒေသကြီး ယာဉ်
စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီက ကန့်သတ်လိုက်တယ်။ မြို့ထဲကို ကုန်တိုက်
ရိုက်ချခွင့်မရတော့ပဲနဲ့ ကုန်တင်ကားှုယ်တွေနဲ့ တစ်ဆင့်ပြန်သယ်ရတယ်။ ရေလမ်းကလည်း
သင်္ဘောမထွက်လို့ ကုန်တင်ပို့ဖို့ခက်ခဲနေတဲ့အချိန်မှာ မြို့တွင်းကို၀င်မယ့်ကုန်ကားတွေကို
တိုက်ရိုက်ကုန်ချခွင့်မရ တော့ အခက်အခဲ ဖြစ်ကုန်တယ်"ဟု ကုန်ကားပိုင်ရှင် ကိုခင်မောင်ဦး
က ပြောသည်။

အောက်တိုဘာလ ရ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်း ရေး
ကြီးကြပ်မှု ကော်မတီ၏ အစည်း အဝေးဆုံးဖြတ်ချက်အရ ကုန်ကားများသည် နံနက် ၆ နာရီ
မှ ညနေ ၅ နာရီ အတွင်း ပုသိမ်မြို့တွင်းနယ်မြေများဖြစ်သည့် ကုန်သည်လမ်း၊ မြေနုလမ်း၊ ငှက်ပျောတန်းလမ်းများတွင် ခြောက်ဘီးကားများဝင်ရောက်ကုန်ချခြင်းမပြုရန်နှင့် ညနေ ၅ နာရီ
နောက်ပိုင်းမှသာ ကုန်ချခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ကုန်ပစ္စည်း ပြောင်းလဲသယ်ဆောင်
ရာ တွင်လည်း ခေါက်တိုကားများကို သုံးတန် ၁၂ ပေ ကားများသာ အသုံးပြုခွင့် ပေးခဲ့သည်။

"အဲဒီလို ကုန်ချိန်းတဲ့အတွက်ကြောင့် ပုသိမ် ကို ကုန်ပို့တဲ့ ကုန်ကားခတွေ အရင် ၂၅၀,၀၀၀
ကနေ ၃၅၀,၀၀၀ အထိတက်သွားတယ်။ ရန်ကုန် က ကုန်ကားဂိတ်တွေက ကုန်များပြီး ကား
မရှိလို့ ဈေးပိုတာကြောင့် ပုသိမ်က ၁၂ ဘီး ကုန်ကား တွေ ကုန်မပါဘဲလည်း ဒီတိုင်းဆင်းလာ
ကြတယ်။ စပ်ကုန်မပါဘဲ ကားခတစ်စီးကို ၃၅၀,၀၀၀ တောင်ရတယ်။ ကုန်ကားပိုင်ရှင်တွေ
၀င်ငွေ ကောင်းလာတယ်"ဟု ကုန်တင်ကားပိုင်ရှင် တစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး