ပို့ကုန်ကဏ္ဍ၊နိုင်ငံတကာအကူ အညီရရန် ဖော်ဆောင်မည်

ပို့ကုန်ကဏ္ဍ၊နိုင်ငံတကာအကူ အညီရရန် ဖော်ဆောင်မည်

ပြည်ပသို့တင်ပို့ကုန်ပမာဏ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံတကာမှနည်း ပညာနှင့် ငွေကြေးအကူ
အညီများရရှိ နိုင်မှုမှာ နို၀င်ဘာလအတွင်း ပြုလုပ် မည့် အမျိုးသားပို့ကုန် မဟာဗျူဟာ ဆွေးနွေး
ပွဲတွင် ရုပ်လုံးပေါ်လာနိုင် မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ၏ ကုန်ပစ္စည်း တင်ပို့မှုမှ ရရှိသော ၀င်ငွေမှာ အာဆီယံနိုင်ငံများ နှင့်ယှဉ်လျှင် နည်းပါး
နေသေးကြောင်း အစည်းအဝေး ရလဒ်များအပေါ် မူတည်ကာ ၎င်းတို့က ပြောကြားခြင်း ဖြစ်သည်။

"ဆွေးနွေးပွဲမှာ အရင်ကနေ နောက်ဆုံးအထိဖြစ်နေတဲ့ အခြေအနေတွေ၊ ပြဿနာတွေကို ထုတ်
လိုက်တယ်။ ဒီမှာက နည်းပညာမရှိဘူး။ ငွေအရင်းအနှီးမရှိဘူးဆိုတဲ့ ရလဒ်အကြမ်း ထွက်လာ
တယ်"ဟု စီးပွား/ကူးသန်း၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ဦးဝင်းမြင့်က ပြောသည်။

ဂျပန်၊ နော်ဝေ၊ ဂျာမနီနှင့် တရုတ် စသည့်နိုင်ငံများမှ နည်းပညာနှင့် ငွေကြေး အထောက်အပံ့
များမှာ အလားအလာကောင်းသည်ဟု ယူဆ ထားသော ဆန်စပါး၊ ရေထွက်ကုန်၊ အဝတ်
အထည်၊ ပဲမျိုးစုံနှင့် သစ်တော ထွက်ကုန် တင်ပို့မှုကဏ္ဍများသို့ ၀င် ရောက်လာမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။

"ဒီနိုင်ငံတွေအပြင် တခြား ဥရောပ နိုင်ငံတွေကလည်း စောင့်နေတယ်။ အဖြေထွက်တာနဲ့
ရေလုပ်ငန်း၊ ဟိုတယ် ခရီးစသဖြင့် သူတို့ စိတ်ဝင်စားမှု အပိုင်း အလိုက် ၀င်လာမယ်။ ကုန်
သွယ်မှုနဲ့ ပတ်သတ်တဲ့ ပညာရပ်တွေ၊ ကုန်စည်ပို့ ဆောင်ရေးပိုင်းမှာ သင်တန်းပေးတာ မျိုး
တွေ၊ ဓာတ်ခွဲခန်းလှူဒါန်းတာမျိုး တွေကို နို၀င်ဘာလလောက်ဆိုရင် ပြော နိုင်ပြီ"ဟု ဦးဝင်းမြင့်
က ပြောသည်။

ထိုသို့ ဆွေးနွေးမှုများတွင်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့ရာတွင် ငွေကြေးပိုင်း နှင့်သက်ဆိုင်သော
ပုဂ္ဂလိကဘဏ် အားလုံးမှ ငွေလွှဲ ငွေပို့ ၀န်ဆောင်မှု အပြည့်အဝ မပေးနိုင်သေးခြင်း၊ ဘဏ် တိုးနှုန်း
များ မြင့်တက်နေမှုကြောင့် အဟန့်အတားဖြစ်နေခြင်း၊ ကုန်သွယ်မှု နည်းဥပဒေပြင်ဆင်မှုနှင့်
အသစ်ပြု လုပ်ရမည်များကို တတိယမြောက်အစည်းအဝေးတွင် အတိအကျဖော်ပြ နိုင်မည်
ဖြစ်သည်။

ယင်းအချိန်မှာ ပို့ကုန်မြှင့်တင်ရန် ဒီဇိုင်းရေးဆွဲခြင်း ၏ နောက်ဆုံးအဆင့်ဖြစ်ပြီး နောက် လေးနှစ်
အတွင်း သတ်မှတ်ထားသော စံနှုန်းများအတိုင်း တင်ပို့ခြင်း ရှိ မရှိကို ကုန်သည်များ အလေ့
အကျင့်ရရန် ကြီးကြပ်သွားမည်ဟု ဦးဝင်းမြင့်က ပြောသည်။ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ
၂၀၁၃ ၂၀၁၄ ဘဏ္ဍာနှစ် အစပိုင်းမှ အောက်တိုဘာလ ၁၁ ရက်နေ့အထိ အမေရိကန်ဒေါ်လာ
၁၁ ဒသမ ၄ ဘီလျံ ကျော် ရှိသည့်အနက် ပို့ကုန်ပမာဏမှာ ဒေါ်လာ ၅ ဒသမ ၄ ဘီလျံသာရှိ
သဖြင့် ဒေါ်လာသန်း ၅၀၀ ကျော် လိုငွေပြနေ ကြောင်း စီးပွား/ကူးသန်း၏ ကုန်သွယ် မှုစာရင်း
များတွင် ဖော်ပြသည်။

"ကုန်သွယ်မှုလိုငွေပြတာက အရင် က မဖြစ်ဖူးဘူး။ အခုဖြစ်လာတယ်။ အရင်တုန်းက ပို့ကုန်
ရဝင်ငွေ ၁၀ ရာခိုင် နှုန်း အခွန်ဆောင်ရတဲ့အတွက် ပုံမှန် အားဖြင့်တော့ ပို့ကုန်က ၁၀ ရာခိုင်နှုန်း
အသာစီးရနေမှာပဲ။ အခု လွတ်လွတ် လပ်လပ် ကုန်သွယ်ခွင့်ပေးလိုက်တဲ့ အခါမှာ စပြီးလျော့ကျ
လာတယ်" ဟု ၎င်းက ပြောသည်။

၂၀၁၁ ခုနှစ် အစိုးရသစ်တက်ပြီး ပို့ကုန်ရဝင်ငွေရှိသူများသာ ကုန်ပစ္စည်း တင်သွင်းခွင့်ကို ပယ်
ဖျက်ပေးခဲ့ခြင်း ဖြစ်ပြီး သွင်းကုန်များရခြင်းမှာ မော်တော်ယာဉ်နျင့် ပြုပြင်တည် ဆောက်ရေး
လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ တင်သွင်းမှုများလာခြင်းကြောင့် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး