မြန်မာနိုင်ငံ၏ အခွန်ဘဏ္ဍာဝင်ငွေ အားနည်းမှုမှာ အခွန်တိမ်းရှောင်မှု များပြားနေခြင်းကြောင့်
ဖြစ်ပြီး အကျိုးဆက်အနေဖြင့် တိုင်းပြည်၏ ဖွံ့ဖြိုးရေးကဏ္ဍများတွင် ကောင်းစွာ သုံးစွဲနိုင်ခြင်း
မရှိတော့ကြောင်း ကမ္ဘာ့ ဘဏ်၏ အဆင့်မြင့်စီးပွားရေးပညာရှင် ဖြစ်သူ မစ္စတာခွီမာနဿရာ
က ပြော သည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၏ စာရင်းများအရ မြန်မာနိုင်ငံ ၏ ၂၀၁၂ - ၂၀၁၃
ခုနှစ်ဘဏ္ဍာနှစ်အတွက် အခွန်ဝင်ငွေနျင့် အသုံးစရိတ် အချိုးချကြည့်ရာတွင် ဘက်ဂျက်လိုငွေ
အဖြစ် ၃ ဒသမ ရ ရာခိုင်နှုန်းရှိခဲ့ပြီး အဆိုပါကိန်းဂဏန်းမှာ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာနှစ်က လိုငွေ
ဖြစ်သော ၄ ဒသမ ၆ ရာခိုင်နှုန်းအောက် လျော့နည်းခဲ့ခြင်း ဖြစ်သည်။ အခွန်ရရှိမှု ၀င်ငွေမြင့်မား
လာလျှင် အစိုးရအနေဖြင့် အရင်းအမြစ်ဖွံ့ညဖိုးမှုများဖြစ်သော လမ်းဖောက်လုပ်ခြင်း၊ စွမ်းအင်နှင့်
ဆည်မြောင်းကဏ္ဍများ တွင် တိုးမြှင့်ဆာင်ရွက်ခြင်း စသည့်တို့ အပြင် ကျန်းမာရေး၊ပညာရေး
စသည်တို့တွင်လည်း ပိုမိုအဆင့်အတန်းမြင့်အောင် လုပ်ဆောင်နိုင်လာမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။
"ထိန်းချုပ်စည်းကြပ်မှု အောက်မှာ ပဲ ဒီလိုလာဘ်စားမှုနဲ့ အခွန်ရှောင်မှုတွေဟာ ကမ္ဘာနဲ့တစ်ဝန်း
မှာ ဖြစ်နေပါ တယ်။ အစိုးရက ဒီကိစ္စကိုအရေးယူဆောင်ရွက်ပေးဖို့ပါ။ အခွန်ရှောင်တာ တွေကို
ခြေရာခံဖို့နဲ့ အခွန်ရှောင်ဖို့ ခက်ခဲသွားစေမယ့် စနစ်မျိုး လုပ်ပေး ဖို့လိုအပ်နေပါတယ်" ဟု ၎င်းက
ပြော သည်။
မြန်မာနိုင်ငံတွင်း အခွန်ထမ်း အရေ အတွက်တိုးလာပြီး ပွင့်လင်းမြင်သာမှုများရှိမှသာ အခွန်ထိန်း
ချုပ်မှုစနစ်ကို ပိုမိုအားကောင်းလာအောင် ဆောင် ရွက်နိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဘဏ်က လည်း
အထောက်အပံ့ ပေးသွားနိုင် မည်ဖြစ်ကြောင်း မစ္စတာခွီမာနဿရာ က ပြောသည်။
နိုင်ငံအတော်များများတွင် ပြောင်းလဲနေသည့်ပုံစံဖြစ်သည့် အဖွဲ့အစည်းတစ်ခု၏ ထိန်းချုပ်အခွန်
စည်းကြပ်စနစ်ပုံစံမှ ကိုယ်တိုင်အခွန်စည်းကြပ်မှုပုံစံကို ပြောင်းလဲဖို့လိုကြောင်းလည်း ၎င်းကပြော
သည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသောစနစ်မှာ အခွန်ဝန်ထမ်းများသည် အခွန်ထမ်းများထံမှ
ချက်အလက်များ စုဆောင်းပြီး ၎င်းတို့ကို မည်သည့်နှုန်း ဖြင့်အခွန်ကောက်ခံရမည်ကို ဆုံးဖြတ်
သည့်နည်း ဖြစ်သည်။ "ဒီနည်းလမ်းက အခွန်ထမ်းတစ်ဦးချင်းစီကို အသေးစိတ်လိုက်ပြီး မလုပ်
နိုင်တာကြောင့် ထိရောက်မှုမရှိပါဘူး။ လာဘ်စားမှုတွေကိုလည်း ဖိတ်ခေါ်ရာကျပါတယ်"ဟု
၎င်းကပြောသည်။
သို့သော် ကိုယ်တိုင်အခွန်စည်းကြပ်သည့်နည်းလမ်းအရ အခွန်ထမ်းကိုယ်တိုင်က ပြဋ္ဌာန်းထား
သည့် အခွန်နှုန်းနျင့် စည်းမျဉ်းစည်းကမ်းအပေါ် လိုက်ပါဆောင်ရွက်နေချိန်တွင် အခွန်ဝန်ထမ်း
မှာ ယင်းအချက်အလက်များ ဟုတ်မဟုတ်ကို စစ်ဆေးနေရမည်ဖြစ်ပြီး ဖြစ်သင့်သည့် အခွန်နှုန်း
ထားကို ထုတ်ပြန်ကြေညာရမည်ဖြစ်သည်။
အဆိုပါစနစ်မှာ အခွန်ထမ်းနျင့် အခွန်ဝန်ထမ်းတို့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရမှုနည်းစေသော
နည်းလမ်းဖြစ်သည်။ "ဒီစနစ်ကတော့ တကယ်ကိုထိရောက်ပါတယ်။ ရှိနေတဲ့အခွန် ၀န်ထမ်း
အရေအတွက်လောက်နဲ့ပဲ အခွန်ထမ်းတွေရဲ့ စာရင်းအမှန်တွေကို စစ်ဆေးနိုင်မယ်။ ဘယ်သူက
အခွန် ရှောင်ချင်နေလဲ၊ ယြ်သူကတော့ သတ်မှတ်တဲ့နှုန်းအောက် အခွန် ဆောင်နေလဲဆိုတာကို
အဓိကထားဆောင်ရွက်နိုင်မယ်။ ကမ္ဘာ့ဘဏ်အနေ နဲ့ မြန်မာအစိုးရရဲ့ စီမံကိန်းဖြစ်တဲ့ ကိုယ်တိုင်
အခွန်စည်းကြပ်တဲ့စနစ်ကို အကောင်အထည်ဖော်နိုင်ဖို့ ပံ့ပိုးပေးသွားမှာပါ" ဟု ၎င်းက ပြောသည်။
ထိုသို့လုပ်ဆောင်ရာတွင် အခြား အင်န်ဂျီအိုနျင့် လူမှုရေးအဖွဲ့အစည်းများကဲ့သို့ ကမ္ဘာ့ဘဏ်က
လည်း တိုက်တွန်း အားပေးခြင်းမျိုး မလုပ်နိုင်ဘဲ အစိုးရထံ မူဝါဒပိုင်း အကြံဉာဏ်ပေး ကာ ပြောင်း
လဲမှုပိုင်းတွင် အကောင်အထည်ဖော်သည့် နည်းဖြင့်သာ အထောက်အပံ့ ပေးသွားနိုင်မည် ဖြစ်ပြီး
မြန်မာအစိုးရ အကောင်အထည် ဖော် လျက်ရှိသော အခွန်ထမ်းကို ပညာ ပေးသည့် ကိုယ်တိုင်
အခွန်စည်းကြပ် စနစ်အတွက်ကိုလည်း အကူအညီပေး သွားမည်ဖြစ်ကြောင်း မစ္စတာနဿရာ
က ပြောသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် ပမာဏများသော
အခွန်ပေးဆောင်သူများအတွက် ရုံးခန်း ူမေါန အထေစပေနမ သ််ငခန ကို ၂၀၁၄ ခုနှစ်အတွင်း
ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်နေပြီး ယင်းမှာ ကုမ္ပဏီကြီးများကို အခွန်ရှောင်မှုမဖြစ် စေရန် အချက်
အလက်များ ကောက်ယူ သွားမည့် ရုံးဖြစ်သည်။ "ဒီရုံးဖွင့်လိုက်တာနဲ့ ဒီရုံးရဲ့စာရင်း ထဲမှာ ပမာ
ဏများများ ပေးဆောင်နိုင်တဲ့ အခွန်ထမ်းတွေ ပါလာမှာပါ။ ဘယ်သူ တွေဆိုတာတော့ အတိ
အကျမသိရ သေးဘူး"ဟု ၎င်းက ပြောသည်။
လက်ရှိ အခွန်နှုန်းထားများကို သေချာပြန်လည်စိစစ်ပြီး ကဏ္ဍပေါ် မူတည်ကာ အတိုး အလျှော့
လုပ်ရန်နျင့် အခွန်ကောက်ခံမှု ၀င်ငွေမြင့်မားစေ ရန် ဆောင်ရွက်ရမည် ဖြစ်သည်။ ယင်း အတွက်
အခြားနိုင်ငံများနျင့် နှိုင်းယှဉ်ရန်လိုအပ်ကြောင်းနျင့် ကမ္ဘာ့ဘဏ်၏လေ့လာမှုများမပြီးပြတ်သေး
ကြောင်း ၎င်းက ပြောသည်။
















