တရုတ်နိုင်ငံတွင် လုပ်ခလစာမြင့်တက် လာမှု၊ ဘင်္ဂလားဒေရှ့်နိုင်ငံတွင် စက်ရုံ မီးလောင်ကျွမ်းမှု
များနှင့် ကမ္ဘောဒီးယား နိုင်ငံတွင် နိုင်ငံရေးပြဿနာအချို့ ရင်ဆိုင်နေရချိန်တွင် အထည်ချုပ်
လုပ်ငန်း ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် မြန်မာနိုင်ငံ၏ အထည်ချုပ် ဈေးကွက်အတွင်း ၀င်
ရောက်နိုင်ရန်ကြိုးစားလာခြင်းကြောင့် လုပ်ငန်းတိုးတက်မှုများရှိလာပြီး အထည်ချုပ်စက်ရုံများတွင်
အော်ဒါများ လာမည့်နှစ် အထိ လက်ခံထားပြီး ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်
များ အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက မြန်မာတိုင်း(မ်)ကို ပြောသည်။
ထိုသို့ အလုပ်အကိုင်အခွင့်အလမ်း များ တိုးတက်လာသော်လည်း ပြည် တွင်း အထည်ချုပ် လုပ်
ငန်းများမှာ အခက်အခဲများစွာနှင့် ကြံုတွေ့နေရ ကြောင်း အထည်ချုပ်လုပ် ငန်းရှင်များ က ပြော
သည်။
"အဓိကအခက်အခဲက အလုပ်သမား ပြဿနာပါ။ ကျွမ်းကျင်အလုပ်သမားတွေက လစာပိုရတဲ့
လုပ်ငန်းခွင်တွေကို ပြောင်းရွှေ့သွားကြတယ်။ တခြား အလုပ်သမားတွေကလည်း လစာပိုပေးဖို့နဲ့
အလုပ်သမားအခွင့်အရေး ပိုမိုရရှိဖို့ တောင်းဆိုကြတယ်" ဟု Apt Land Garment Manu-
facturing Co.,Ltdမှ ရုံးအဖွဲ့မှူး မခိုင် က ပြောသည်။
အဆိုပါ အခက်အခဲများအပြင် လုပ်ငန်းရှင်များ လတ်တလော ရင်ဆိုင် နေရသောအခက်အခဲများ
မှာ လျှပ်စစ်မီး လုံလောက်စွာ မရရှိခြင်းနှင့် သယ်ယူပို့ ဆောင်ရေးစရိတ် ကြီးမြင့်ခြင်းတို့ဖြစ်ကြောင်း
၎င်းက ပြောသည်။
အချို့သော အထည်ချုပ် လုပ်ငန်းများအနေဖြင့် အလုပ်သမားများကို ကောင်းမွန်သည့် လစာပေး
ထားသော် လည်း အလုပ်သမားများ၏ လူနေမှုဘဝအခြေအနေမှာ တိုးတက်ပြောင်းလဲ လာမှု
မရှိခြင်းကြောင့် အစိုးရအနေဖြင့် အထည်ချုပ်ကဏ္ဍသို့ နိုင်ငံတကာ ရင်း နှီးမြှုပ်နှံမှုများ ပြုလုပ်စေ
ရာတွင် အလုပ် သမားများ၏ လူမှုဖူလုံသက်သာရေး နှင့် နေထိုင်မှု သက်သာရေးအတွက်ပါ
ထည့်သွင်းစဉ်းစားခွင့် ပြုသင့်ကြောင်း အလုပ်သမားပြဿနာ သုံးပွင့်ဆိုင် ဖြေရှင်းညှိနှိုင်းရေး
အဖွဲ့ဝင် ဦးရဲနိုင်ဝင်း က ပြောသည်။
လက်ရှိတွင် မြေနေရာငှားရမ်းခ နှင့် အခြေခံအအောက်အအုံအတွက် စရိတ်ကြီးမြင့်မှုကြောင့်
လုပ်ငန်းရှင် များက ထိုကုန်ကျစရိတ်များကိုကာမိစေရန် လုပ်ခလစာကိုလျှော့ချပေးခြင်းတို့ကို
ပြုလုပ်လာသဖြင့် ယင်းစရိတ် များ လျော့ကျသွားမည် ဆိုပါက လုပ်ငန်းရှင်များလည်း လုပ်ခ
လစာကို ပိုမိုတိုးမြှင့် ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ ပြည်တွင်းအထည်ချုပ် အလုပ်ငန်းတွင် နိုင်ငံတကာမှ အထည် ချုပ် အော်ဒါမှာယူမှုမှာ
လည်း ဥရောပ သမဂ္ဂမှ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်း လိုက်ပြီးနောက် ခြောက်လအတွင်း များစွာ
တိုးတက်လာခဲ့ပြီး အထည်ချုပ် စက်ရုံများအနေဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လအထိ အထည်ချုပ်အော်
ဒါ အပြည့်ရှိပြီးဖြစ်ကြောင်း ဦးမြင့်စိုးက ပြောသည်။
"ကျွန်တော်တို့ နောက်နှစ် မတ်လ အထိ အော်ဒါထပ်ပြီးလက်ခံဖို့ မဖြစ်နိုင် တော့ဘူး။ ဘာကြောင့်
လဲဆိုတော့ အဲဒီ အချိန်ထိ အော်ဒါတွေက ပြည့်နေပြီ။ အခု အထည်ချုပ်လုပ်ငန်းတွေအနေနဲ့
အလုပ်တွေ အရမ်းကျပ်နေတယ်"ဟု ဦးမြင့်စိုးက ပြောသည်။
ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ်စီးပွားရေးပိတ်ဆို့မှုကို ယခု နှစ် ဧပြီလအတွင်း၌ ဖယ်ရှားပေး
ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်း မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဥရောပနာမည်ကြီး
အမှတ် တံဆိပ် ဇမေေ အပါအဝင် ဂျပန်နှင့် ကိုရီးယား အထည်ချုပ်လုပ်ငန်းများ မြန်မာနိုင်ငံသို့
၀င်ရောက် ရင်းနှီးမြှုပ်နှံမှုပြုခဲ့ကြောင်း ဦးမြင့်စိုးက ပြောသည်။ "ဈေးကွက်မှာတော့ ဂျပန်နဲ့ ကိုရီး
ယားက အများဆုံးပဲ။ ပြီးရင်တော့ အီးယူ ပေါ့။ အနောက်နိုင်ငံက နာမည်ကြီး တံဆိပ်တွေလည်း
အခု အော်ဒါတွေစပြီး မှာနေကြပြီ"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း၏ စာရင်းများအရ ပြည် တွင်း အထည်ချုပ်လုပ်
ငန်း ၂၈၃ ခုရှိပြီး ဥရောပသမဂ္ဂက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပြီးနောက်ပိုင်း အသစ် ဖွင့်လှစ်သည့်
အထည်ချုပ်လုပ်ငန်း ၂၅ ခု ရှိခဲ့ကြောင်း၊ ယင်းတို့အနက် လုပ်ငန်း ၁၆ ခုသည် နိုင်ငံခြားရင်းနှီးမြှုပ်
နှံမှု လုပ်ငန်းများဖြစ်ပြီး ကိုးခုသည် ပြည်တွင်းလုပ်ငန်းများ ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်
ငန်းများမှာ ဂျပန်၊ ကိုရီးယား၊ ဥရောပသမဂ္ဂ၊ တရုတ် နှင့် စင်ကာပူတို့မှ ဖြစ်သည်။
အခွင့်အလမ်းကောင်းများ ရှိသော်လည်း ဆိပ်ကမ်းမပြည့်စုံခြင်းကြောင့် သင်္ဘောတင်ပို့မှုလုပ်ငန်း
များကြန့်ကြာသည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဦးမြင့်စိုးက ပြောသည်။
"ဆိပ်ကမ်းအခက်အခဲက အဓိက ပြဿနာပဲ။ ဒီမှာက ဆိပ်ကမ်းကောင်း ကောင်းမရှိဘူး။ အဲဒီ
အတွက် သင်္ဘော တင်ပို့တဲ့နေရာမှာ ကြန့်ကြာတာ ဖြစ် ပြီး ကုန်ကျစရိတ် ကြီးမားလာတယ်။
ပြီးတော့ သယ်ယူပို့ဆောင်စရိတ် ကလည်း စက်ရုံကနေ ဆိပ်ကမ်းကို သယ်ယူရတဲ့ကုန်ကျစရိတ်
က ဆိပ်ကမ်းကနေ စင်ကာပူကို သင်္ဘောတင်ပို့ တဲ့ စရိတ်နီးပါးလောက် ပေးနေရ တယ်"ဟု ၎င်း
က ပြောသည်။

















