အငြင်းပွားလျက်ရှိသော မြန်မာ တရုတ်၊သဘာဝဓာတ်ငွေ့ ပိုက်လိုင်း

အငြင်းပွားလျက်ရှိသော မြန်မာ တရုတ်၊သဘာဝဓာတ်ငွေ့ ပိုက်လိုင်း

ယခုလအတွင်း ရာနှုန်းပြည့် စတင်လည်ပတ် ဒေသခံများ၊ လူ့အခွင့်အရေးအဖွဲ့များ နှင့် ပတ်ဝန်း
ကျင်ထိန်းသိမ်းရေးအဖွဲ့ များက ကန့်ကွက်ဆဲဖြစ်သော မြန်မာ တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်း
သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ တရုတ်နိုင်ငံဘက်ခြမ်းအထိ အစအဆုံး လုပ်ငန်းစတင်လည်
ပတ်နိုင်ပြီ ဖြစ်ကြောင်း ပိုက်လိုင်းတည်ဆောက်ရေးကုမ္ပဏီက ပြီးခဲ့သည့်သီတင်းပတ်က ကြေညာ
ခဲ့သည်။

"ပိုက်လိုင်းအစကနေ အဆုံးအထိ ဆိုရင် စုစုပေါင်းကီလိုမီတာ ၂,၀၀၀ ကျော်လောက် ရှိပါတယ်။
မြန်မာ နိုင်ငံဘက်ခြမ်းမှာတော့ ရ၉၃ ကီလိုမီတာ ရှိတယ်။ အောက်တိုဘာလ ၂၀ ရက်နေ့ကစပြီး
ပိုက်လိုင်းအစကနေ အဆုံးအထိ သဘာဝဓာတ်ငွေ့ပို့လွှတ် တာကို လုပ်နေပါပြီ"ဟု ပိုက်လိုင်း
တည်ဆောက်ရေး တာဝန်ယူထားသည့် SEAGP/SEAOP ကုမ္ပဏီ၏ ပြည်သူ့ ဆက်ဆံရေးဌာနမှ
တာဝန်ရှိသူတစ်ဦး က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံဘက်ခြမ်းရှိ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တရား
၀င်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပြီးနောက် ပိုင်း ရခိုင်ပြည်နယ်ရှိ ပိုက်လိုင်းသွယ် တန်းထားရာ
နေရာအချို့တွင် ဓာတ်ငွေ့ယိုစိမ့်မှုနှင့် မတော်တဆမှု များ ဖြစ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်
ခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သက် ဆိုင်ရာကုမ္ပဏီ တာဝန်ရှိသူက "အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ပိုက်
လိုင်းဧရိယာ တစ်လျှောက် စစ်ဆေးကြည့်ရှုပြီးပါ ပြီ။ ဘာပြဿနာမှ မရှိပါဘူး။ အခုဆို ရင် ပိုက်
လိုင်းက ကျောက်ဖြူကနေ တရုတ်နိုင်ငံဘက်ခြမ်းအထိ အစအဆုံး ဓာတ်ငွေ့ပို့လွှတ်နိုင်ပါပြီ"ဟု
ပြောသည်။

အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော် အကုန်အကျခံ တည်ဆောက်ထားသည့် သဘာဝဓာတ်ငွေ့
ပိုက်လိုင်းမှာ တစ်နှစ် လျှင် သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်ရန်နှင့် စီမံကိန်း ပထ
မ အဆင့်တွင် သဘာဝဓာတ်ငွေ့ ကုဗ မီတာ ၅ ဒသမ ၂ ဘီလျံ ပို့လွှတ်နိုင်ရန် ရည်မှန်းထားသည်
ဟု SEAGP/SEAOP ကုမ္ပဏီက ပြောသည်။

မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမှ မကွေးတိုင်း
ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ကို ဖြတ် ကျော်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းမှ
တရုတ်နိုင်ငံသို့ ရောက်ရှိပြီး ပိုက်လိုင်းမှ သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်သော စခန်းများကို
ကျောက်ဖြူ၊ ရေနံချောင်း နှင့် တောင်သာမြို့နယ်တို့တွင် တည်ဆောက်ထားရာ မြန်မာနိုင်ငံ
က တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ ကုဗ မီတာပေါင်း ၂ ဒသမ ၅ ဘီလျံ ရရှိမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းတို့ သဘောတူချုပ်ဆိုထားသည့်
သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှ 'ကန်'ဒေါ်လာ ဘီလျံ ၃၀ ကို နှစ်ပေါင်း ၃၀ အတွင်း
ရရှိမည်ဖြစ်သော်လည်း ပိုက်လိုင်းစီမံကိန်းအား ဒေသလူထု၊ သဘာဝပတ်ဝန်းကျင်နှင့် လူအခွင့်
အရေး စောင့်ကြည့်ရေးအဖွဲ့များက ကန့်ကွက်ဆဲ ဖြစ်သည်။

"ပိုက်လိုင်းဖြတ်သန်းတဲ့နေရာတွေ မှာ မြေယာလျော်ကြေးငွေ အပြည့်အဝ မရကြသေးတဲ့လူတွေ၊
လုံးဝမရသေးတဲ့ လူတချို့လည်း ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း နိုင်ငံထဲမှာ ဖြစ်ခဲ့တဲ့
ကိစ္စတချို့ကြောင့် ပိုက်လိုင်း စီမံကိန်း လှုပ်ရှားရေးအဖွဲ့တွေ ပိုက်လိုင်း စီမံကိန်းကို စောင့်ကြည့်ဖို့
အင်အား နည်းသွားတယ်။ ပိုက်လိုင်း စီမံကိန်း ကြောင့် ရရှိနိုင်မယ့်အခွင့်အရေးတွေ ကို ဒီထက်ပိုပြီး
တောင်းဆိုနိုင်ဖို့ လိုနေပါတယ်"ဟု ကချင်ငြိမ်းချမ်းရေး လှုပ်ရှား မှုအဖွဲ့မှ ညှိနှိုင်းရေးမှူးတစ်ဦးဖြစ်သူ
ဒေါ်ခွန်ဂျာက ပြောသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၂၆ ရာခိုင် နှုန်းသာ လျှပ်စစ်ဓာတ်အားရရှိနိုင်သည့်အခြေအနေတွင် မိမိနိုင်ငံ
မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့အား ပြည်ပသို့ တင်ပို့ရောင်းချခြင်း မပြုသင့် ဟု ကန့်ကွက်နေ
သည့် သဘာဝဓာတ် ငွေ့ပိုက်လိုင်း စီမံကိန်းသည် ပြီးခဲ့ သည့် အစိုးရလက်ထက်တွင် လက်မှတ်
ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ "ပိုက်လိုင်းစီမံကိန်းက ရပ်လို့တော့ မရတော့ဘူး။ ဘာပဲဖြစ်
ဖြစ် ပိုက်လိုင်း ကနေ တစ်နေ့ကို သဘာဝဓာတ်ငွေ့ ကုဗပေ သန်း ၁၀၀ လောက်ရမယ်ဆို တော့
မဆိုးဘူးပေါ့။

သဘာဝဓာတ်ငွေ့ နဲ့ ကျွန်တော်တို့ လျှပ်စစ်မီးပိုရအောင် လုပ်နိုင်တာပေါ့။ ဒါပေမဲ့ ပိုက်လိုင်း
ဖြတ်သွားတဲ့ ဒေသတွေမှာ စီးပွားရေးနဲ့ တခြားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ အတွက်တော့
မေးခွန်းထုတ်စရာပါ" ဟု ပါရမီစွမ်းအင်လုပ်ငန်းစုကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ
ဦးပြည့်ဝက ပြောသည်။

ရခိုင်ကမ်းလွန်မှ ရွှေသဘာဝဓာတ် ငွေ့သိုက် တွေ့ရှိမှုကို တောင်ကိုရီးယား နိုင်ငံမှ ဒေဝူးကုမ္ပဏီ
က ၂၀၀၄ ခုနှစ် တွင် ကြေညာခဲ့သည်။ ယခင်အစိုးရ ဟောင်းက သဘာဝဓာတ်ငွေ့ဝယ်ယူ ခွင့်ကို
တရုတ်နိုင်ငံသို့ ခွင့်ပြုခဲ့ရာ သဘာဝဓာတ်ငွေ့ပမာဏ ၆ ဒသမ ၅ ထရီလျံကုဗပေကို နှစ်ပေါင်း ၃၀
ထုတ် ယူနိုင်မည့် သဘောတူစာချုပ်အား တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း နှင့် ၂၀၀၈ ခုနှစ်
၊ ဇွန်လက လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်းသည် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၏ ၅၀ ဒသမ ၉
ရာခိုင်နှုန်းကို ပိုင်ဆိုင်ရာ ကိုရီးယားနိုင်ငံမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှစ်ခု က ၂၅ ဒသမ
၀၄ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၁၇ ရာခိုင်နှုန်း၊ အိန္ဒိယကုမ္ပဏီနှစ်ခုက ၄ ဒသမ ၁၇ ရာခိုင်နှုန်းနှင့် ၈
ဒသမ ၃၅ ရာခိုင်နှုန်း အသီးသီး ပိုင်ဆိုင်ကြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းက ရ
ဒသမ ၃၇ ရာခိုင်နှုန်းသာ အကျိုးအမြတ်ပိုင်ဆိုင်မှု ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး