မရမ်းကုန်းမြို့နယ်အတွင်း ဘုရင့်နောင်လမ်းဆုံ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်မှုများကြောင့်
ဘုရင့်နောင်ပွဲရုံ ကုန်စည်ပွဲရုံဝင်းကို ပြောင်းရွှေ့ မည်ဆိုသည့်သတင်းမှာ နားလည်မှုလွဲမှားခြင်း
သာဖြစ်ကြောင်း ဘုရင့်နောင်ကုန်စည် ပို့ဆောင် ရေးလုပ်ငန်းရှင်များနှင့် ပွဲရုံလုပ်ငန်းရှင်များက
ပြောသည်။
ကုန်ကားများစီတန်းရပ်နားမှုကြောင့် ဘုရင်နောင်လမ်းဆုံနှင့် ဘုရင်နောင်ပွဲရုံပတ်ဝန်းကျင် တွင်
ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏဖြစ် ပေါ်နေသည့်အတွက် အဝေးပြေးကုန်ကားများ ရပ်နား
ရန်ကားကွင်းများ တည်ဆောက်နိုင်ရေး အတွက် ဘုရင့်နောင်ပွဲရုံအသင်းရုံးသို့ ဲှုဃဗ မှ တာဝန်ရှိ
သူများ လာရောက်စစ်တမ်းကောက်ယူ ပြီး အသင်းမှတာဝန်ရှိသူများနှင့် တွဲဖက်လုပ် ကိုင်ခြင်း
ကို ပုဂ္ဂလိကသတင်းဂျာနယ် အချို့တွင် နားလည်မှု လွဲမှားစွာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အဝေးပြေးကုန်
စည် ပို့ဆောင်ရေးလုပ်ငန်းရှင် များအသင်းရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အဆိုပါအသင်းမှ
တာဝန်ရှိသူက ပြောသည်။
ဘုရင့်နောင်ပွဲရုံနဲ့ ကုန်တင်ယာဉ်ရပ်နား ကွင်းကို ၁၉၉၃ ခုနှစ်က အဆောက်အအုံအလုံး ၁,၀၀၀
ကျော်နဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ဂရန်သက်တမ်းကို ၂၅ နှစ်ပေးထားကာ ဂရန် သက်တမ်း တိုးမည့်ကိစ္စ
နှင့်ပတ်သက်၍ သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း လက်ရှိ
တွင် ၀င်းအတွင်းရှိ တိုက်ခန်း ဈေးများမှာ ဆက်တက်ဆဲဖြစ်ကြောင်း ပွဲရုံ လုပ်ငန်းရှင်များက
ပြောသည်။
"အဲဒီလိုတိုက်ခန်းဈေးတွေ မြင့်နေတော့ တိုက်ခန်းငှားပြီး လုပ်တဲ့သူတွေအတွက် တော်တော်လေး
ကို ဒုက္ခရောက်တယ်။ တစ်နှစ် တစ်ခါ ဈေးတက်နေတဲ့အတွက်ကြောင့် သက်သာတဲ့တိုက်ခန်းတွေ
ကို လိုက်ရှာနေရ တယ်။ တွေ့တဲ့တိုက်ခန်းတွေကလည်း ကား လမ်းနဲ့ဝေးတဲ့ အတွင်းပိုင်းချောင်း
စပ်တွေ လောက်မှာဆိုတော့ အလုပ်အကိုင်လုပ်ဖို့ ခဲယဉ်းတယ်။ လက်ရှိတိုက်ခန်းဈေးက တစ်လ
ကို ၁၅ သိန်းဝန်းကျင်လောက်ရှိတယ်"ဟု ဘုရင့်နောင်ကုန်စည်ပွဲရုံတန်းမှ လုပ်ငန်းရှင်တစ်ဦးက
ပြောသည်။
ဘုရင့်နောင်ကုန်စည် ပို့ဆောင်ရေးနှင့် ကုန်တင်ယာဉ်ရပ်နားကွင်းကို စတင်တည်ဆောက်ခဲ့ စဉ်က
ပေနှစ်ဆယ်ခြောက်ဘီးကားများ အသုံးပြုရန် အကွက်ချ တည်ဆောက်ထား သော်လည်း
နှစ်ပေါင်းနှစ်ဆယ်ဝန်းကျင်ခန့်တွင် ကိုယ်ထည်အရှည် ၃၂ ပေ၊ ၁၂ ဘီးကားများနှင့် ကိုယ်ထည်
အရှည်ပေ ၄၀ နောက်တွဲ ယာဉ်များ အသုံးပြုလာမှုကြောင့် နေရာမလုံလောက်သဖြင့် ကုန်တင်
ယာဉ်များပွဲရုံလမ်းမကြီးပေါ်သို့ တက်ရောက်ရပ်နားခြင်းများ ပြုလုပ်လာမှုများကြောင့် လမ်းကြော
ပိတ်ဆို့မှု များ မကြာခဏဖြစ်ပေါ်လာသဖြင့် သက်ဆိုင်ရာ က နံနက် ရ နာရီမှ ည ရ နာရီအတွင်း
ပွဲရုံဝင်း အတွင်း နောက်တွဲပါ ကုန်တင်ယာဉ်ကြီးများ ကုန်အတင်အချ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက
ငွေကျပ် ၃၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သတိပေးတားမြစ်ချက်များ ထုတ်ပြန်ခဲ့သည်။
"JICA ကားတွေရပ်ဖို့နေရာသုံးခုထဲက တစ်နေရာရွေးပြီး သတ်မှတ်ဆောက်လုပ်မယ်လို့ ကြား
တယ်။ အဲဒီနေရာတွေက အမှတ် ၃ လမ်းမကြီးနဲ့ ခရေပင်လမ်းထောင့် ရွှေပြည် သာစက်မှုဇုန်
တာယာစက်ရုံဘေးကမြေကွက် နဲ့ ထောက်ကြန့်က သစ်လုံးတွေပုံထားတဲ့ နေရာတွေလို့ ပြော
တယ်။ ဘယ်မှာဆောက် ဖြစ်မယ်တော့ အတိအကျမသိသေးဘူး"ဟု ပွဲရုံလုပ်ငန်းရှင်တစ်ဦးက
ပြောသည်။

















