လာမည့်လများ၌၊ငွေဈေး ကျဆင်း နိုင်ဟု ကျွမ်းကျင်သူများ ခန့်မှန်း

လာမည့်လများ၌၊ငွေဈေး ကျဆင်း နိုင်ဟု ကျွမ်းကျင်သူများ ခန့်မှန်း

ပွင့်လင်းရာသီဖြစ်သည့် လာမည့်လများ အတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသော အမေရိကန်ငွေ
လဲနှုန်းများမှာ အနည်း ငယ်ကျဆင်းလာနိုင်ပြီး မြန်မာကျပ်ငွေ တန်ဖိုး ပြန်လည်မြင့်တက်လာနိုင်
ကြောင်းစီးပွားရေးကျွမ်းကျင်သူများက ခန့်မှန်းသည်။

ဇူလိုင်လဆန်းပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁,၀၀၀ အထိ မြင့်တက်သွားခဲ့ပြီး
နိုင်ငံခြားငွေရောင်းဝယ်ခွင့်လိုင်စင်ရဘဏ်များစုစည်းကာ ဘဏ်အချင်းချင်း နိုင်ငံခြားငွေကြေးရောင်း
၀ယ်နိုင်သည့် ဈေးကွက်ကို ဩဂုတ်လဆန်းပိုင်းတွင် စတင်ခဲ့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင်များလည်း
တရားဝင် ငွေကြေးဈေးကွက်တွင် ပါ၀င် ကာ အရောင်းအဝယ်လုပ်လာခြင်းကြောင့် ကာလအနည်း
ငယ်အတွင်း ငွေလဲနှုန်း အလွန်အကျွံ မြင့်တက်ခြင်း၊ ကျဆင်းခြင်းများ လျော့နည်းသွားခဲ့ကြောင်း
ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦး က ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ ဈေးအရ အမေရိကန် တစ်ဒေါ်လာလျှင် ၉၇၁ ကျပ် ရှိခဲ့သည်။
နို၀င်ဘာလမှစတင်ခါ အဓိကပို့ ကုန်များအဖြစ် ဆန်နှင့် ပဲများကို ပိုမိုတင်ပို့နိုင်မည့်အပြင် ဒီဇင်ဘာ
လတွင်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကျင်းပရန်ရှိခြင်း စသည့်အခြေအနေများကြောင့် နိုင်ငံ
ခြားခရီးသွားများ ၀င်ရောက်မှုများလာခြင်း၊ နိုင်ငံတကာ အင်န်ဂျီအို အဖွဲ့အစည်းများ၏ ဘတ်ဂျက်
ပြန်လည်စတင်ကာနီးဖြစ် ခြင်းနှင့် ယခုလအတွင်း ကျောက်မျက် ရတနာပြပွဲ ကျင်းပခြင်းတို့ကြောင့်
နိုင်ငံခြားငွေ ၀င်ရောက်မှု ပိုများလာပြီး နို၀င်ဘာမှ ဇန်နဝါရီလများတွင် ငွေဈေး ကျဆင်းလေ့ရှိကြောင်း
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်
က ပြောသည်။

"နိုင်ငံခြား ခရီးသွားကဏ္ဍကရတဲ့ငွေကလည်း ဘီလျံနဲ့ချီပါတယ်။ ပွင့်လင်းရာသီမှာ တစ်လချင်း
ယှဉ်မယ် ဆိုရင် ကုန်သွယ်မှု ထက်တောင် များနိုင်ပါတယ်။ ဒီလိုရာသီအလိုက် ပြောင်းလဲတတ်
တာတွေကြောင့် နှစ်စဉ် ငွေဈေးနှုန်း အပြောင်းအလဲ ဖြစ်တတ် တာပါ"ဟု ဗဟိုဘဏ်တာဝန်ရှိသူ
က ပြောသည်။

"လက်ရှိဖြစ်ပေါ်နေတဲ့ ငွေလဲနှုန်း ကို ဗဟိုဘဏ်ကထိန်းသိမ်းထားတာမျိုးမရှိပေမယ့် အပြောင်း
အလဲမြန်ဆန်တာမျိုးမဖြစ်အောင် အမြဲစောင့်ကြည့်နေမှာပါ" ဟု ၎င်းကပြောသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ အာရှနှင့် ပစိဖိတ်ဌာန၏ ဒုတာဝန်ခံဖြစ်သူ မစ္စတာ
မတ်ဒေးဗီးစ် က ငွေကြေးမူဝါဒပိုင်းတွင် ဗဟိုဘဏ်ကို ငွေကြေး အခြေခံမူဝါဒများ ဖွံ့ဖြိုး အောင်
နည်းပညာပိုင်းအကူအညီများ ပေးခဲ့ပြီး အထူးသဖြင့် ပြည်တွင်းဘဏ်များအချင်းချင်း နိုင်ငံခြားငွေ
အရောင်း အဝယ်ဈေးကွက် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးရာတွင် ကူညီပေးခဲ့ကြောင်း ၎င်းက ပြော
သည်။

"မြန်မြန်ဆန်ဆန် ပြောင်းနေတဲ့ နှုန်းထားတွေပေါ်မှာ အချက်အလက်တွေ အလွယ်တကူ မရနိုင်
တဲ့အတွက် အဖြစ်သင့်ဆုံးတန်ဖိုးက ဘယ်လောက် ဆိုပြီးသတ်မှတ်ရတာ ခက်တယ်"ဟု ၎င်းက
ပြောသည်။

မြန်မာနိုင်ငံနှင့် သင့်လျော်မှုရှိသော ငွေလဲနှုန်းတန်ဖိုး မည်ရွေ့မည်မျှကို အဆုံးအဖြတ်ပေးရန်မှာ
သတ်မှတ်ရ ခက်ခဲနေသော်လည်း အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ဝင်များ က နှစ်စဉ်
မြန်မာနိုင်ငံ၏ ပြောင်းလဲ နေသော ငွေလဲနှုန်းမှာ အဆိုပါကာလ တွင် ဖြစ်ပေါ်နေသော စီးပွားရေး
အခြေအနေနှင့် ကိုက်ညီမှု ရှိ မရှိကို အမြဲတမ်း စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့၏ ခြံုငုံသုံးသပ်ချက်အရ ၂၀၁၂ ခုနှစ်အတွင်း ငွေလဲ
နှုန်း အသင့်အတင့်မြင့်တက်ခဲ့ပြီး မကြာ သေးမီက ငွေလဲနှုန်း အနည်းငယ် ကျဆင်းခဲ့ရခြင်းမှာ
ရေရှည်စီးပွားရေး ဆောင်ရွက်မှုများနှင့် ချိန်ညှိနေရခြင်း ကြောင့်ဖြစ်ကြောင်း ၎င်းကပြောသည်။

"ငွေကြေးတည်ငြိမ်ဖို့နဲ့ပတ်သက်လို့ ဗဟိုဘဏ်ကို ဘယ်လိုပိုကောင်းတဲ့ နည်းလမ်းမျိုးတွေ ချမှတ်
ရမလဲ၊ ဈေး ကွက်ကို ဘယ်လိုလွှမ်းမိုးမှုမျိုးရှိနိုင် မလဲဆိုတာကို ဗဟိုဘဏ်နဲ့ဆွေးနွေးပွဲတွေမှာလည်း
အမြဲတမ်း အဓိကထား ပြောနေပါတယ်"ဟု မစ္စတာမတ်ဒေး ဗီးစ်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး