မြန်မာနိုင်ငံ၏ ရေထွက်ကုန် ပြည်ပ တင်ပို့မှုကဏ္ဍမှ ၀င်ငွေကို ယခုဘဏ္ဍာနှစ်အတွက် အမေရိကန်
ဒေါ်လာ သန်း ရ၀၀ လျာထားသော်လည်း လက်ရှိ အောက်တိုဘာလအထိ ရရှိငွေမှာ ဒေါ် လာ
သန်း ၂၉၀ ခန့်သာရရှိသေးသည့်အတွက် လျာထားချက်ပြည့်မီရန် ခက်ခဲ မည်ဖြစ်ကြောင်း ရေ
ထွက်ကုန် ပြည်ပ တင်ပို့ လုပ်ငန်းရှင်များက ပြောသည်။
"ဒီနှစ်အတွက် ရေထွက်ကုန် ပြည်ပ တင်ပို့မှုက အခုအခြေအနေအတိုင်းဆို ရင် လျာထားချက်ကို
မပြည့်မီနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်ရဲ့ငါးပုစွန် ထုတ်လုပ်မှုက ကျဆင်းနေလို့ပါ။ ပြည်တွင်း
ငါးပုစွန်ဈေးကလည်း ကောင်း တော့ ပြည်ပတင်ပို့မှုမှာ အကျိုးအမြတ် လျော့လာတယ်။ မနှစ်က
ဒီအချိန်မှာ ၀င်ငွေက အမေရိကန် ဒေါ်လာသန်း ၃၃၀ ကျော်လောက်ရနေပြီ။ ဒီနှစ်မှာတော့ အဲဒီ
ပမာဏအောက် ၃၂ သန်းလျော့ နေတယ်" ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ ဒုတိယအလုပ်
အမှု ဆောင် ဖြစ်သူ ဦးဟန်ထွန်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ယခုနှစ် ၂၀၁၃ ၁၄ ဘဏ္ဍာနှစ်၏ အောက်တိုဘာလအထိ ခုနစ်လအတွင်း ရေထွက်ကုန်ပစ္စည်းပြည်
ပတင်ပို့မှုမှ ရရှိငွေမှာ အမေရိကန်ဒေါ်လာ ၂၉၈ သန်းခန့် ရှိပြီး စုစုပေါင်း မက်ထရစ်တန် ၁၇၀,၀၀၀
ကျော်ဖြစ်ကာ ပုံမှန်ကုန်သွယ်မှုထက် နယ်စပ်ကုန်သွယ်မှုက ပိုများကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏
စာရင်းများတွင် ဖော်ပြသည်။
"ပြည်ပတင်ပို့မှုက ပုံမှန်ကုန်သွယ်မှု ထက် ပိုများနေတယ်။ ပုံမှန်ကုန်သွယ်မှု ကရတဲ့ဝင်ငွေက
အမေရိကန်ဒေါ်လာ ၁၄၃ သန်းလောက်ပဲရှိပြီး နယ်စပ် ကုန်သွယ်မှုကတော့ ၁၅၄ သန်း ကျော်
ကျော်လောက်ရရှိပါတယ်။ နယ် စပ်ကုန်သွယ်မှုကနေငါးရှဉ့်နဲ့ကဏန်း တင်ပို့မှုက အတော့ကို
ကောင်းမွန်ပါ တယ်။ ငါးရှဉ့်တင်ပို့မှုဆိုရင် ဒီနှစ် အတွက်လျာထားချက် သန်း ၃၀ ကို တောင်
ကျော်နေပါပြီ"ဟု ၎င်းကပြော သည်။
ယခုနှစ်၏ ပုံမှန်ကုန်သွယ်မှုမှတင်ပို့ သည့် ရေထွက်ကုန်ပစ္စည်းများထဲတွင် ပုစွန်တင်ပို့မှုနျင့် မွေးမြူ
ရေးငါးတင်ပို့ မှုဖြစ်သည့် အထူးသဖြင့် ငါးမြစ်ချင်း ငါးတင်ပို့မှုမှာ လျော့နည်းခဲ့ကြောင်း လုပ်ငန်းရှင်
များက ပြောသည်။
"ဒီနှစ်က ငါးပုစွန်ဈေး မြင့်ပါတယ်။ နောက်ပြီး ကုန်ကြမ်းထွက်ရှိမှုလည်း ကျ ပါတယ်။ ကုန်ကြမ်း
ဈေးက ပျမ်းမျှ တစ်ကီလိုကို တစ်ဒေါ်လာခွဲလောက် ဈေးတက်နေပါတယ်။ နောက်ပြီး ကျွန်တော်
တို့ ပို့ကုန်သမားတွေ ပြန်ရ တဲ့ အကျိုးအမြတ်ကျတော့ ငွေလဲနှုန်း တွေနဲ့ဆို အရမ်းနည်းပါတယ်။
အဲဒါ ကြောင့် ထုတ်လုပ်မှုစရိတ်ကမြင့် ပြီး အကျိုးအမြတ်ရတာနည်းတဲ့အခါမှာ တင်ပို့နိုင်မှုမှာလည်း
လျော့သွားတာ ပါ။ ဒီနှစ်အတွက် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက လျာထားချက်ပြည့်မီဖို့က
ဒီအတိုင်းဆိုရင် အဆင်မပြေလောက် ဘူး"ဟု General Food and Technical Industrial
ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက် တာ ဦးမျိုးညွန့်က ပြောသည်။
ထို့ပြင် ပုစွန်ဈေးနှုန်းများမှာ ယခင် က ပြည်တွင်းဈေး ပျမ်းမျှတစ်ပိဿာလျှင် ကျပ် ၆,၈၀၀ ခန့်မှ
ယခုအခါတွင် ကျပ် ၈,၀၀၀ ကျော်အထိ မြင့်တက်သွား ကာ မွေးမြူရေးငါးဖြစ်သည့် ငါးမြစ်ချင်း
ဈေးမှာ နျစ်ကီလိုအထက်ဈေးမှာ ယခင် က ကျပ် ၁,၈၀၀ ၀န်းကျင်ခန့်သာရှိသော် လည်း ယခုအခါ
တွင် ကျပ် ၂,၇၅၀ ခန့် အထိ မြင့်တက်လာကြောင်း မွေးမြူရေးလုပ်ငန်းရှင်များက ပြောသည်။
"လက်ရှိ ငါးပုစွန်မွေးမြူရေးကနေ ထွက်ရှိတဲ့ ထုတ်လုပ်မှုတွေက တိုးတက် မှုမရှိဘဲ တန့်နေတာကို
တွေ့ရပါတယ်။ ဒီမွေးမြူရေးပိုင်း တိုးတက်မှုမရှိတာ လည်း တော်တော်ကြာနေပါပြီ။ ပုစွန် ဆိုရင်
လည်း ဖမ်းဆီးရေးပဲရှိပြီး မွေးမြူ ရေးပိုင်းကတော့ အရမ်းကို အားနည်းပါ တယ်။ အခုနောက်ပိုင်း
၀ယ်လိုအားများလာပြီဆိုရင် ဒီမွေးမြူရေးပိုင်းကို ထုတ်လုပ်မှုများများနဲ့ ထုတ်လုပ်နိုင်မှ တင်ပို့မှုပိုင်း
လည်း မြင့်တက်လာမှာပါ" ဟု ရွှေယမုံ ရေထွက်ကုန်ပစ္စည်း ပြည်ပ တင်ပို့မှုလုပ်ငန်းမှ အုပ်ချုပ်မှု
ဒါရိုက် တာ ဦးထွန်းအေးက ပြောသည်။
ယခုကဲ့သို့ မွေးမြူရေးပိုင်းတွင် ထုတ်လုပ်မှုလျော့ကျခြင်းမှာ မွေးမြူရေးသမားများအနေဖြင့် ငွေလဲ
လှယ်နှုန်း ကျဆင်းခြင်းကြောင့် စီးပွားရေးကျဆင်းခဲ့ပြီး လက်ရှိတွင် လုံလောက်သည့် ရင်းနှီးမြှုပ်နှံ
မှုများ မရှိသည့်အတွက် လုံလောက်စွာ မထုတ်လုပ်နိုင်ခြင်းဖြစ် ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်
တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး လည်းဖြစ်သူ ဦးဝင်းကြိုင်
က ပြောသည်။
"ကျွန်တော်တို့လို မွေးမြူရေးသမားတွေအတွက် အဓိကပြဿနာကတော့ ငွေရေးကြေးရေးပါပဲ။
ကျွန်တော်တို့ လုပ်ငန်းတွေ လျော့ကျပြီးတဲ့နောက်ပိုင်းမှာ အခုထိ အစားပြန်မထိုးနိုင်သေးပါဘူး။
ကျွန်တော်တို့လိုအပ်တဲ့ ချေးငွေ၊ အသေးစားချေးငွေတွေအတွက် နိုင်ငံတကာက ချေးမယ်ဆိုတာ
တွေကလည်း တစ်ကယ့်လက်တွေ့ မှာ အခုထိ ဖြစ်မလာသေးပါဘူး။ အဲဒါ ကြောင့် ကျွန်တော်တို့
အတွက် လုံ လောက်တဲ့ရင်းနှီးမြှုပ်နှံမှုရမယ်ဆိုရင် ထုတ်လုပ်မှုအတွက်ကတော့ စိတ်ပူစရာမလိုပါ
ဘူး" ဟု ၎င်းက ပြောသည်။
၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ မွေးမြူရေးလုပ်ငန်းရှင်များအသင်း၏ ရေချိုငါး တင်ပို့မှုလက်ရှိ၀င်ငွေမှာ
'ကန်' ဒေါ် လာ ၄၉ ဒသမ ရ သန်းခန့်ဖြစ်ပြီး လျာ ထားချက်မှာ သန်း ၁၂၀ ဖြစ်သည့် အတွက်
ပြည့်မီရန် ၆၀ ရာခိုင်နှုန်းခန့် လိုအပ်လျက်ရှိသည်။ ထို့ပြင် မြန်မာနိုင်ငံ ငါးပုစွန်မွေးမြူ ရေးကဏ္ဍ
တိုးတက်ရန်အတွက် အဓိက လိုအပ်ချက်မှာ နည်းပညာနင့် ငွေကြေး ရင်းနှီးမြှုပ်နှံမှုသာ ဖြစ်ကြောင်း
မွေးမြူ ရေး၊ ရေလုပ်ငန်းနျင့် ကျေးလက်ဒေသ ဖွံ့ညဖိုးတိုးတက်ရေး ၀န်ကြီးဌာနမှ ဒုတိယဝန်ကြီး
ဖြစ်သူ ဦးခင်မောင်အေး က သုံးသပ်သည်။

















