အမေရိကန်ကုန်သည်ကြီးများအသင်းခွဲ ရန်ကုန်၌ ဖွင့်လှစ်

အမေရိကန်ကုန်သည်ကြီးများအသင်းခွဲ ရန်ကုန်၌ ဖွင့်လှစ်

မြန်မာနိုင်ငံအပေါ် အမေရိကန်၏စိတ်ဝင်စားမှု များ တိုးပွားလာနေသည့်အချိန်မှာပင် အမေရိကန်
ကုန်သည်ကြီးများအသင်း (American Chamber of Commerce- - AMCHAM) ၏ မြန်မာနိုင်ငံ
အသင်းခွဲကို ရန်ကုန်မြို့တွင်ဖွင့် လှစ်ခြင်းကို အောက်တိုဘာ ၃၁ ရက်နေ့က ချက်ထရီယမ်ဟိုတယ်
တွင် ကျင်းပခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်က သဘာပတိအဖြစ် ဦးဆောင် ကျင်းပခဲ့
သော အဆိုပါ အမေရိကန်ကုန်သည် ကြီးများအသင်း၏ ရန်ကုန်အသင်း မိတ်ဆက်ပွဲ အခမ်းအနား
ကို အမေရိကန်အသင်းတည်ထောင်သူအဖွဲ့ဝင် ၅၀ ပါ ကွန်ရက်အဖွဲ့နှင့်အတူ Coca Cola,
Chevron, KPMG, MasterCard နှင့် Metlife ကဲ့သို့သော အမေရိကန်တွဲဖက် ကုမ္ပဏီများက
ထောက်ခံခဲ့ကြသည်။

"AMCHAM Myanmar ဖွင့်လှစ်မှုဟာ အမေရိကန်ရဲ့ စီးပွားရေးဆိုင်ရာဆက်နွှယ်မှု ကဏ္ဍမှာ
အရေးပါလှတဲ့သမိုင်းမှတ်တိုင်တစ်ခုပါပဲ"ဟု မစ္စတာ မစ်ချယ်က ပြောသည်။ မိတ်ဆက်ပွဲအခမ်း
အနားအရ ရန်ကုန်အသင်း၏ အဖွဲ့ဝင်များမှ ၎င်းတို့အသင်း၏ ပထမဆုံးဥက္ကဋ္ဌအဖြစ် Unocal
Myanmar Offshore Co., Ltd.၏ ဥက္ကဋ္ဌ မာရီယာနို ဗဲလာ ကို မဲပေးရွေးချယ်ခဲ့ကြသည်။

"လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဆိုရင် အခုလိုအဖွဲ့အစည်းတစ်ခုဖြစ်လာမယ်လို့ ဘယ်သူတွေး မိမှာ
လဲ။ ဒါဟာအချိန်ကောင်းပဲဆိုတာ ကျွန်တော် ယုံကြည်ပါတယ်"ဟု မစ္စတာ ဗဲလာက အဆိုပါ
အခမ်းအနားတွင် ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကုန်သည်ကြီး များအသင်းဆိုင်ရာ ဥပဒေမရှိသေးသည့်အတွက်
AMCHAM Myanmar အနေဖြင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရှိ သေးသော်လည်း AMCHAM
Thailand ၏ လမ်းညွှန်မှုအောက် တွင် အမေရိကန်စီးပွားရေးအကျိုးအမြတ်များရေရှည်တည်
တံ့အောင် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း AMCHAM Thailand ၏ အမှုဆောင်
ဒါရိုက်တာ ဂျူဒီဘန်းက ပြောသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်(UMFCCI) ၏ ပြောကြားချက်
အရ မြန်မာနိုင်ငံတွင် အမေရိ ကန်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဩဂုတ်လ အထိ အမေရိကန်
ဒေါ်လာ ၂၄၃ သန်းခန့်ရှိပြီ ဖြစ်သည်။

ဇာဇာစိုး ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး