ဆောက်လုပ်လျက်ရှိသော ဘုရင့်နောင်ခုံးကျော် တံတား ဒုတိယအလွှာကို နိုဝင်ဘာလ ၁ ရက်
နေ့က ဖွင့်လှစ်လိုက်သော်လည်း ဘုရင့်နောင် လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုမှာ မူလ အတိုင်း
အချိန်ကြာမြင့်စွာ ဆက်လက်ဖြစ်ပေါ်နေကြောင်း ဘုရင့်နောင် ကုန်စည်ပွဲရုံဝင်းမှ လုပ်ငန်းရှင်များနှင့်
ပတ်ဝန်းကျင်တွင်နေထိုင်သူများက ပြောသည်။
"ယာဉ်ကြောပိတ်ဆို့မှုကို အချိန်မီဖြေရှင်း ပေးနိုင်ဖို့လို့ ပြောပေမယ့် တကယ်တမ်း ဒုတိယအလွှာ
ဖွင့်လိုက်တဲ့အချိန်မှာ အချိန်ပိုင်း လောက်ပဲ ယာဉ်ကြောရှင်းသွားတယ်။ နောက်ပိုင်း ယာဉ်ကြော
ပိတ်ဆို့မှုက ပုံမှန်အတိုင်း ပဲ ပြန်ဖြစ်သွားတယ်။ ပိုဆိုးတာက ဘုရင့်နောင် ပွဲရုံဝင်းထဲမှာယာဉ်ကြော
ပိတ်ဆို့မှုက အရင်က ထက် ပိုဆိုးလာတာပါ။ ဖွင့်တဲ့ရက်ညပိုင်း ၁၂ နာရီလောက်အထိ ယာဉ်ကြော
ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အတွက် အဖွဲ့ပေါင်းစုံဆင်းပြီး ယာဉ်ကြောရှင်းလင်းအောင် လုပ်ပေးခဲ့ ရသေး
တယ်" ဟု ဘုရင့်နောင်ပွဲရုံရှိ ပွဲရုံပိုင်ရှင် တစ်ဦးက ပြောသည်။
ယခုဖွင့်လှစ်ခဲ့သည့် ဘုရင့်နောင်တံတား ဒုတိယအလွှာကို ထိုင်းနိုင်ငံမှ Asian Engineering
Ultants က ဒီဇိုင်းထုတ်ကာ FMI နှင့် TPC Prestressed Concrete တို့က တည်ဆောက်ခဲ့ပြီး
အရှည် ၁,၄၂၇ ပေ သုံးလက်မ နှင့် အကျယ် ၅၇ ပေ ကိုးလက်မရှိပြီး လေးလမ်း သွားဖြစ်ကာ
ယာဉ်တစ်စီးချင်းခံနိုင်ဝန် ရ၅ တန်သတ်မှတ်ထားပြီး ကင်းလွတ်အမြင့်မှာ ၄ ဒသမ ၅ မီတာ
ဖြစ်သည်။
"ပွဲရုံပိတ်ရက်တွေဆိုရင် ယာဉ်ကြောပိတ်ဆို့ မှုက ကိစ္စမရှိဘူး။ ပွဲရုံဖွင့်တဲ့နေ့တွေဆိုရင် တံတား
ဒုတိယအလွှာ ဖွင့်ပြီးတာတောင် လမ်းက ပိတ်နေသေးတယ်။ အပေါ် တံတားဖွင့်ပြီးရင်တော့
အဆင်ပြေမယ်လို့ ထင်တယ်။ ဘုရင့်နောင်ပွဲရုံပတ်ဝန်းကျင်မှာ စည်းကမ်းမဲ့ရပ်ထားတဲ့ ကုန်ကား
တွေကြောင့် ယာဉ်လမ်းကြောပိတ်ဆို့မှုတွေက မဖြစ်သင့်ပဲ ဆက်တိုက် ဖြစ်နေတယ်။ နောက်ပြီး
အဲဒီလို ယာဉ်ကြော ပိတ်တာကို မစောင့်နိုင်လို့ စည်းကမ်းမဲ့ လမ်းပြောင်းပြန်မောင်းကြတဲ့အတွက်
ကြောင့် ခရီးသည်တွေအကုန်လုံးနီးပါး လမ်းဆင်းလျှောက်ခဲ့ရသေးတယ်" ဟု ပွဲရုံပတ်ဝန်းကျင်
အနီးနေထိုင်သူ ဒေါ်သန်းသန်းက ပြောသည်။
တံတားဖွင့်သည့်နေ့ ည ရ နာရီအချိန်ခန့်တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားခြင်းကြောင့် အဝေးပြေး
ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု အသင်းက ဘုရင့်နောင်ဝင်း ကုန်စည်ပွဲရုံဝင်း အတွင်းရှိ ရိုးကြီး
ချောင်းပတ်လမ်း၊ ကံ့ကော်လမ်းမကြီး၊ ယင်းမာလမ်းမကြီးများမှထွက်လာ သည့် ကုန်တင်ယာဉ်ကြီး
များ အင်းစိန်မြို့နယ် ဘက်သို့ သွားမည်ဆိုပါက ၀င်းအတွင်းမှ ထွက်ထွက်ခြင်း ဘယ်ကွေ့ခြင်းကို
ခွင့်မပြုဘဲ ညာကွေ့၍ ဘုရင့်နောင်တံတားအောက်သို့ ရောက်ရှိမှသာ 'ဂ' ကွေ့ ကွေ့၍ ဘုရင့်နောင်
လမ်း အတိုင်းပြန်လည်ထွက်ခွာရန်နှင့် အင်းစိန်ဘက်မှလာသော ကုန်တင်ယာဉ်ကြီးများကိုလည်း
ရိုးကြီးချောင်းပတ်လမ်းသို့ ၀င်မည်ဆိုပါက စက်မှုဆေးဝါးလမ်းထိပ်မှစ၍ ခေတ္တစောင့် ဆိုင်းပေးရ
မည်ဖြစ်ကြောင်း အသိပေးနှိုး ဆော်စာ ထုတ်ပြန်ခဲ့သည်။
"အဲဒီထုတ်ပြန်စာက ပွဲရုံတွေပိတ်ရက်တွေ ဆိုရင် ဘာမှမဖြစ်ပေမယ့် ပွဲရုံဖွင့်ရက်တွေမှာဆိုရင်
တံတားအောက်မှာသွားပြီး ကားတွေစုပုံပြီးတော့ ပိတ်သွားနိုင်တယ်။ အဲဒီတော့ ယာဉ်ကြောပိတ်
ဆို့မှုက လျော့မသွားတဲ့အပြင် ပိုဆိုးလာဖို့ပဲရှိတော့တယ်။ ပွဲရုံထဲမှာကွန်ကရစ် ခင်းတယ်ဆိုပြီး
ယာဉ်ကြော ပိတ်မှာစိုးလို့ လမ်းမကြီးပေါ် တက်ရပ်တာတွေ၊ စည်းကမ်းမဲ့မောင်းနှင်မှုတွေကို
အချိန်မီထိန်းနိုင်မှယာဉ် ကြောပိတ်ဆို့မှု နည်းသွားမယ်။ အဲဒီလိုမလုပ် ရင်တော့ တံတားကြီး
ကို သုံးလေးထပ်ဆောက် လည်း ယာဉ်ကြောပိတ်ဆို့မှုက လျော့မှာ မဟုတ်ဘူး။ စည်းကမ်းထိန်း
သိမ်းရေးအဖွဲ့ရှိတယ်ဆိုပေမယ့် လမ်းအသုံးပြုသူတွေကလည်း စည်းကမ်းရှိဖိုတော့လိုတယ်။
ယာဉ်ကြောပိတ် ဆို့မှုတွေဆက်ပြီးမဖြစ်အောင် စည်းကမ်းမဲ့လမ်းအသုံးပြုသူတွေကို ဒီထက်ပိုပြီး
ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်သင့်ပါ တယ်" ဟု ကုန်တင်ယာဉ်မောင်း
ကိုခင်မောင်မြင့် က ပြောသည်။
ဘုရင့်နောင်လမ်းပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း
လှိုင်သာယာမှ ယခင် ဘုရင့်နောင်တံတားကို ဖြတ်ကာ သမိုင်းဘူတာရုံလမ်းနှင့် ကျိုက်ဝိုင်း
ဘုရားလမ်းတစ်လျှောက် လမ်းမတွင်မူ ယာဉ် ကြောပိတ်ဆို့မှုမှာ ခုံးကျော်တံတား ဒုတိယ
အလွှာဖွင့်လှစ်ပြီးနောက်ပိုင်းတွင် နည်းပါးလာခဲ့ကြောင်း လှိုင်သာယာစက်မှုဇုန်မှ ၀န်ထမ်း
များက ပြောသည်။
"အခုဆိုရင် ရုံးဆင်းလို့ အလုပ်ကကြိုပို့ကားနဲ့ပြန်ရင် ရှစ်မိုင်လမ်းဆုံကိုရောက်တဲ့အချိန်က အရင်
ထက် ၂၅ မိနစ်လောက်ပိုစောလာတယ်။ ရုံးတက်ရင်လည်း အဲဒီအတိုင်းပဲ အရင်ထက်စောပြီး
ရောက်တယ်" ဟု လှိုင်သာယာစက်မှုဇုန် အတွင်းရှိ Good Morning စက်ရုံမှ ၀န်ထမ်းတစ်ဦးက
ပြောသည်။

















