ကုန်ထုတ်ကဏ္ဍ ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ဆကျော်တိုးလာ

ကုန်ထုတ်ကဏ္ဍ ပြည်ပရင်းနှီးမြှုပ်နှံမှု နှစ်ဆကျော်တိုးလာ

ကုန်ထုတ်လုပ်မှုကဏ္ဍသို့ ၀င်ရောက်လာသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ ယခုဘဏ္ဍာနှစ်တွင်
နှစ်ဆကျော်တိုး မြင့်လာနိုင်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး
ဌာန ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

ယခုဘဏ္ဍာနှစ်၏ ပထမခြောက်လ တာအတွင်းဝင်ရောက်ခဲ့သော ရင်းနှီး မြှုပ်နှံမှု၏ ၆၀ ရာခိုင်
နှုန်းမှာ အထည် ချုပ်ကဏ္ဍတွင် အများဆုံးဖြစ်ပြီး အီးယူ နိုင်ငံများအပါအဝင် တရုတ်၊ ဟောင်
ကောင်၊ ဂျပန်စသော နိုင်ငံများမှ ၀င်ရောက်လာခြင်း ဖြစ်သည်။ ထို့ပြင် ဟိုတယ်နှင့် ဆက်သွယ်
ရေး စသော စီးပွားရေးလုပ်ငန်းများတွင်လည်း ထပ်မံဝင်ရောက်ရန် မျှော်လင့်ရ ကြောင်း ၎င်းက
ပြောသည်။

"အလုပ်သမား ခန့်ထားနိုင်မှုနဲ့ အရည်အချင်းရှိတဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး တွေဝင်ရောက်ဖို့ကို အဓိက
ဦးစားပေးထားပါတယ်"ဟု ၎င်းကပြောသည်။ စီးပွားရေးပညာရှင်ဦးလှမောင်က ကုန်ထုတ်လုပ်မှု
ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရာ အထည်ချုပ် စက်ရုံများ ဆောက်လုပ်မှုကြောင့်
အလုပ်အကိုင်အခွင့် အလမ်းများ ရှိလာနိုင်သော်လည်း နည်းပညာလွှဲပြောင်း မှုနှင့် ဂျီဒီပီတိုးတက်
မှုသိသာစွာ မရရှိ နိုင်ကြောင်း ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ အနေဖြင့် လျှပ်စစ်မီးအလုံအလောက်ရရှိမှုအားနည်းခြင်းနှင့် လျှပ်စစ်ဓာတ်
အားခ များမြင့်တက်လာမည့် အကျိုးဆက်ကြောင့် နိုင်ငံခြားနှင့် ပြည်တွင်း လုပ်ငန်းရှင်များ
အကြား ဂယက်ရိုက်မှုရှိနိုင်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။ ထို့ပြင် အိမ်နီးချင်း နိုင်ငံများ
တွင် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင် များအနေနှင့် စီးပွားရေးလုပ်ကိုင် ရန် မြေယာငှားရမ်း
၀ယ်ယူခွင့်ရှိသော် လည်း မြန်မာနိုင်ငံတွင် မရှိသေးသည့်အပြင် မြေဈေးနှုန်းမှာလည်း ဂျပန်နိုင်ငံ
ပြီးလျှင် အရှေ့တောင်အာရှ တွင် ဒုတိယဈေးအမြင့်ဆုံးနိုင်ငံဖြစ်နေ ကြောင်း ၎င်းက ပြောသည်။

"အလားအလာရှိတဲ့ ကုန်ပစ္စည်း တွေကို ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်ကို ပြန်ရောင်းနိုင်
မယ့် ရင်းနှီးမြှုပ်နှံမှုမျိုးဆိုရင် ပိုကောင်း တယ်။ ဥပမာအိုင်တီနဲ့ဆိုင်တဲ့ ပစ္စည်းမျိုးတွေဆိုရင် Chips
တွေကို သဲကလုပ် တာတို့၊ အုန်းဆီကနေ အလှကုန်ထုတ်လုပ်တာတို့ စတဲ့ နိုင်ငံမှာပိုလျှံနေတဲ့
သယံဇာတတွေကို ထုတ်လုပ်ရောင်းနိုင် မယ်ဆို ပိုကောင်းတယ်။

ဒီလိုထုတ် လုပ်မှုတွေကနေ တိုင်းပြည်အတွက်ဂျီဒီပီအများကြီးတက်လာမယ်။ သယံ ဇာတဆို
တာ ကျောက်မျက်မှမဟုတ် ဘူး" ဟု ၎င်းက ပြောသည်။ ၂၀၁၃ ၁၄ ဘဏ္ဍာနှစ်၏ ဧပြီမှ စက်
တင်ဘာလအထိ ပထမခြောက်လပတ်အတွင်း ၀င်ရောက်ခဲ့သည့်စုစု ပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်
နှံမှုမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ နီးပါးရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍသို့ ၀င်ရောက်မှု
မှာ ဒေါ်လာ တစ်ဘီလျံနီးပါး ရှိသည်။

ယမန်နှစ်ကမူ တစ်နှစ် တာလုံးစုစုပေါင်းဝင်ရောက်မှု ဒေါ်လာ ၁ ဒသမ ၄ ဘီလျံရှိခဲ့ပြီး ကုန်ထုတ်
လုပ်မှု သို့ ဒေါ်လာသန်း ၄၀၀ သာဝင်ရောက် ခဲ့ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

UMH အထည်ချုပ်စက်ရုံ၏ ဦးဆောင် ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်မြတ်စံ ၀င်းက အထည်ချုပ်
ကဏ္ဍသို့ရင်းနှီး မြှုပ်နှံမှုများ သိသာစွာဝင်ရောက်လာ မှုကြောင့် လုပ်သားရှားပါးမှုနျင့် ကြံုတွေ့
နေရကြောင်း ပြောသည်။

"တရုတ်နဲ့ ဟောင်ကောင်က ကုမ္ပဏီတွေ အများစုက ဒီနှစ်မှာ ၀င်လာတယ်။ ကျွမ်းကျင်ဝန်ထမ်း
ရှာဖွေရခက်ခဲသွားတာတို့၊ ၀န်ထမ်းတွေကို လုပ်အားခ အပြိုင်အဆိုင်ပေးခေါ်ကြတာတို့ ရှိလာ
တယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ ကျွမ်းကျင်ဝန်ထမ်း တွေရလာအောင် လုပ်ငန်းခွင်တွင်းမှာပဲ
လေ့ကျင့်သင်ကြားပေးဖို့ရှိတယ်"ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး