ငါးသယံဇာတ စီမံခန့်ခွဲမှုအတွက် အဓိကလိုအပ်သည့် ပင်လယ်ပြင် သုတေသနကို နော်ဝေနိုင်ငံ
၏အကူ အညီဖြင့် နှစ်ပေါင်း ၃၀ ကျော်အကြာ တွင် ဒုတိယအကြိမ်အဖြစ် မြန်မာ့ကမ်း ရိုးတန်း
တစ်လျှောက်ပြုကို ၃၈ ရက်ကြာ သုတေသနပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း
ဦးစီးဌာန တာဝန် ရှိသူများက ပြောသည်။
အဆိုပါ သုတေသနလုပ်ငန်းလုပ် ကိုင်ရန် နော်ဝေနိုင်ငံမှရောက်ရှိလာ သော ပင်လယ်ပြင်သုတေ
သနသင်္ဘော မှာ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ရန်ကုန် မြို့၊ နန်းသီတာဆိပ်ကမ်းမှ ရခိုင်ကမ်းရိုးတန်း
သို့ စတင်ထွက်ခွာမည် ဖြစ်သည်။
"မြန်မာနိုင်ငံမှာ ပင်လယ်ပြင်ငါး သယံဇာတ သုတေသနပြုလုပ်ဖို့အတွက် (၁၉၇၉) ခုနှစ်လောက်
က နော်ဝေ နိုင်ငံက Dr. FRIDTJOF NANSEN သုတေသနသင်္ဘောနဲ့ ပူးပေါင်းလုပ် ကိုင်ခဲ့ဖူးပါ
တယ်။ အဲဒီနာမည်နဲ့ သင်္ဘော က အခုတစ်ကြိမ် သုတေသနပြုလုပ်မှာ ပါ။ ဒါကြောင့် အရင်တုန်း
ကရရှိခဲ့တဲ့ အချက်အလက်တွေနဲ့လည်း ပြန်နှိုင်း ယှဉ်လို့ရနိုင်သလို နိုင်ငံတကာအသိအမှတ်ပြု
တဲ့ သုတေသနအချက်အလက်တွေလည်း ကျွန်တော်တို့တွေ ရလာမှာပါ" ဟု မြန်မာနိုင်ငံ ငါး
လုပ်ငန်း ဦးစီးဌာနအောက်ရှိ ဖွံ့ဖြိုးရေးနှင့် သုတေသနဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး
ဦးမြသန်းထွန်းက ပြောသည်။
ယခင်က ပြုလုပ်ခဲ့သော သုတေသန အချက်အလက်များမှာ ငါးလုပ်ငန်း ဦးစီးဌာနနှင့် ထိုင်းနိုင်ငံ
မှ သင်္ဘောများ နှင့် ပြုလုပ်ခြင်းကြောင့် အချက်အလက် များမှာ တိကျသေချာမှု အားနည်း
ကြောင်း ၎င်းကပြောသည်။
ယခုရောက်ရှိလာသော သုတေသန သင်္ဘောသည် နော်ဝေဖွံ့ဖြိုးရေး အေဂျင်စီ (Norwegian
Agency for Development Cooperation - NO- RD) အပိုင်ဖြစ်ပြီး နော်ဝေနိုင်ငံနှင့်
အနောက်အာဖရိကတို့၏ နှစ်နိုင်ငံသိပ္ပံနည်းကျ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ပ့ံပိုးမှုဖြင့်
အာဖရိက အနောက် ကမ်းရိုးတန်းဒေသများတွင် သုတေသနပြုလုပ်လျက်ရှိသည့် ကမ္ဘာ့
အသိအမှတ်ပြု သုတေသနသင်္ဘောတစ်စင်း ဖြစ်သည်။
"ဒီသုတေသန သင်္ဘောနဲ့အတူ နော်ဝေပညာရှင်ငါးဦးနဲ့ မြန်မာပညာ ရှင် ၁၁ ဦးပေါင်းပြီး ရခိုင်
ကမ်းရိုးတန်း ကနေပြီးတော့ တနင်္သာရီကမ်းရိုးတန်း ထိ ရေအနက် မီတာ ၂၀ ကနေ ၅၀၀
အတွင်း သုတေသနလုပ်သွားမှာပါ။ အခုလို မြန်မာနိုင်ငံမှာလာပြီး သုတေ သနပြုလုပ်ရတဲ့
အတွက် ကျွန်တော်တို့ လည်း ဗဟုသုတရရှိသလို ပြည်တွင်း ပညာရှင်တွေနဲ့ အသိပညာဖလှယ်
ခွင့် တွေ ရရှိမှာပါ။ ဒီကရတဲ့ အချက်အလက် တွေနဲ့ နိုင်ငံတကာမှာ အသုံးပြုလို့ရနိုင်မှာပါ" ဟု
အဆိုပါသင်္ဘောတွင် လိုက်ပါ ဆောင်ရွက်မည့် နော်ဝေ သုတေသန ပညာရှင်တစ်ဦးဖြစ်သူ
Dr.Bjorn Kraffအ က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါသုတေသနက မြန်မာနိုင်ငံ ၏ ငါးထုထည်ပမာဏ၊ မြန်မာ့ပင်လယ် ပြင်တွင်တွေ့ရှိရမည့်
ငါးမျိုးစိတ်အမျိုး အမည်များနှင့် အရေအတွက်အပြင် တစ်နာရီ အတွင်းငါးဖမ်းဆီးနိုင်မှုနှုန်းပမာဏ
များကိုပါ တွက်ချက်နိုင်မည်ဖြစ် ကာ ရရှိမည့်အချက်အလက်များအား တရားဝင် ထုတ်ပြန်သွား
မည်ဖြစ်ကြောင်း၊ အဆိုပါသင်္ဘောတွင် ပါ၀င် လိုက်ပါမည့် သုတေသနပညာရှင်များ က
ပြောသည်။
"သုတေသနလုပ်လို့ ရတာတွေကို စုဆောင်းပြီး သုံးလအတွင်း အချက် အလက်တွေရအောင်
လုပ်သွားမှာပါ။ ဒီလိုမျိုး အချက်အလက်တွေကို အတိ အကျသိရမှာဆိုတော့ ငါးလုပ်ငန်းဦးစီး
ဌာနကလည်း တစ်နှစ်မှာ ဘယ်လောက်ဖမ်းဆီးနိုင်မလဲဆိုတာကို ခန့်မှန်းနိုင် မှာပါ။ အခုလို
သုတေသနပြုလုပ်မှုမျိုး ကနေပြီး အများကြီးအထောက်အကူ တွေ ရနိုင်မှာပါ။ အခုအချိန်က
လည်း တစ်ကမ္ဘာလုံးမှာက ငါးအလွန်အကျွံဖမ်းဆီးမှုတွေကလည်း ဖြစ်နေတယ်။ ရာသီဥတုတွေ
ကလည်း ပြောင်းလဲလာ တယ်။ ဒီသုတေသနကနေ ထိန်းသိမ်းမှု တွေလည်း လုပ်နိုင်မယ်လို့
မျှော်လင့်ပါ တယ်" ဟု ဦးမြသန်းထွန်းက ပြောသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ၌အသုံး ပြုလျက်ရှိသည့် ပင်လယ်ပြင်ဆိုင်ရာ အချက်အလက်များသည်
လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်ခန့်က ပြုလုပ် ထားသည့် အချက်အလက်များနှင့် ငါးလုပ်ငန်းဦး
စီးဌာန၏ အချက်အလက် များ၊ ၂၀၀၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ သုတေသနသင်္ဘောဖြင့် ပြုလုပ်ထား သည့် အချက်အလက်များသာရှိသည့် အတွက် ယခုရှာဖွေမှုသည် နောက်ဆုံးရ အချက်အလက်များ ဖြစ်မည့်အပြင် လာမည့်ဆယ်နှစ်ခန့်ကိုပါ ခန့်မှန်းနိုင် မည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအတွက်လည်း အခွင့် အရေးကောင်းများရရှိကြောင်း အဏ္ဏဝါ ဒေဝီ ငါးအအေးခန်းစက်ရုံပိုင်ရှင်ဖြစ်သူ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။ "ဒါဟာ ကောင်းတဲ့ အခွင့်အရေးတစ်ခုရရှိတာပါပဲ။ အရင်ကပြောနေ တယ်ဆိုတဲ့ အချက်အလက်တွေက လည်း မတိကျဘူး။ ဒီသုတေသနပြီးသွား ရင်တော့ မြန်မာ့ပင်လယ်ပြင်မှာ ငါး ပမာဏ ဘယ်လောက်ရှိတယ်၊ မျိုးစိတ် ဘယ်လောက်ရှိတယ်ကအစ သိရတော့ မှာပါ" ဟု ၎င်းက ပြောသည်။ ယင်းသုတေသနပြုလုပ်ရေးအစီအစဉ်သည် ဘင်္ဂလားပင်လယ်အော်ဂေဟစနစ်အဖွဲ့အစည်း၏ စီမံကိန်း များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ထိုစီမံကိန်းများအတွက်လည်း နော်ဝေနိုင်ငံမှ ထောက်ပံ့လျက်ရှိရာ ယခုသုတေ သနခရီးစဉ်တွင် မြန်မာနိုင်ငံအပါ အဝင် ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင်လည်း ပြုလုပ်သွားမည်ဖြစ် ပြီး မြန်မာ့ပင်လယ်ပြင် ကမ်းရိုးတန်း ၌ အဓိကထားကာ ရက်ရှည်ပြုလုပ် သွားမည် ဖြစ်သည်။ ယခုကဲ့သို့ မြန်မာ့ပင်လယ်ပြင်တွင် ငါးသယံဇာတသုတေသနပြုလုပ်ရေးအတွက် အစိုးရချင်းတောင်းဆိုမှုများ လည်းရှိခဲ့ပြီး မြန်မာနိုင်ငံတွင် အသုံးပြု မည့် ကုန်ကျစရိတ်အတွက် နော်ဝေ အစိုးရက ထောက်ပ့ံပေးခဲ့ကာ ကုန်ကျ စရိတ်ပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၉၃,၀၀၀ ကုန်ကျမည် ဖြစ်သည်။

















