ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်ရှာဖွေရေးနယ်ပယ်တွင် နာမည်ကျော်ကြားသည့် Dr. Philip Kotler
သည် လာမည့်နှစ်တွင် ရန်ကုန်မြို့၌ကျင်းပမည့် Myanmar Marketing Forum ၂၀၁၄ တွင်
ပထမဦးဆုံးအကြိမ်ဖြင့် လာရောက်ဟောပြောပို့ချမည်ဖြစ်ကြောင်း ယင်းဖိုရမ်အား စီစဉ် ဆောင်
ရွက်သည့် The Hub Media မှတာဝန်ရှိသူများက နို၀င်ဘာလ ၁၁ ရက်နေ့တွင် ပြုလုပ် သည့်
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အဆိုပါ ဖိုရမ်အား လာမည့် ၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့မကျောင်း
လမ်းရှိ အမျိုးသားဇာတ်ရုံတွင် ကျင်းပသွား မည် ဖြစ်သည်။ အသက် ၈၂ နှစ်အရွယ်ရှိ အမေရိ
ကန်လူမျိုး ပရော်ဖက်ဆာ ဖိလစ် ခိုတလာသည် အမေရိကန် နိုင်ငံ၏ဈေးကွက်ရှာဖွေရေး ပညာ
ရှင်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး စီးပွားရေးပညာရပ်ဆိုင်ရာ စာအုပ်များကို ရေးသားသည့်
စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ဈေးကွက်ရှာဖွေရေးပညာရပ်ဆိုင်ရာ စာအုပ်ပေါင်း
၄၀ ကျော်ကိုရေးသားခဲ့ပြီး ဖြစ်သည်။
"မြန်မာနိုင်ငံ ကျောင်းသူကျောင်းသားတွေ၊ စီပွားရေးသမားတွေ၊ ၀န်ထမ်းတွေနဲ့ မန်နေဂျာ တွေ
အတွက် ကောင်းမွန်တဲ့ ဈေးကွက်ရှာဖွေရေး ဆိုင်ရာ အသိပညာတွေရရှိနိုင်ဖို့အတွက် ဈေးကွက်
စီးပွားရေးဖိုရမ်ကို ကျင်းပပေးခဲ့တာပါ။ နောက်ပြီး ပိုမိုကောင်းမွန်တဲ့ မြန်မာ နိုင်ငံကို ဖန်တီးသွားဖို့
အတွက်လည်း ရည်ရွယ်ပါ တယ်"ဟု အဆိုပါဖိုရမ်အား ကြီးမှူးကျင်းပ သည့် The Hub Media
မှ အမှုဆောင်အရာရှိ ချုပ်ဒေါက်တာထက်ဇံလင်းက ပြောသည်။
အဆိုပါပွဲ၌ ပရော်ဖက်ဆာ ဒေါက်တာ ဖိလစ်ခိုတလာအပြင် အခြားနိုင်ငံတကာမှ စီးပွားရေးပညာ
ရှင်များလည်း ပါ၀င်ဟောပြောမည်ဖြစ်ပြီး ယင်းဖိုရမ်သို့ တက်ရောက်မည့်သူများသည် ၎င်းလက်
မှတ်ရေးထိုးထားသည့် အသိအမှတ်ပြုလက်မှတ်လည်း ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံသို့ ဒေါက်တာဖိလစ် ခိုတလာ လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ ဈေးကွက်ရှာဖွေ
ရေးအတွက် အခွင့်အရေးများစွာရရှိ နိုင်မည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲမှတစ်ဆင့် စီးပွားရေးဆိုင်
ရာ အလားအလာကောင်းများ လည်း ရရှိနိုင်မည်ဖြစ်ကြောင်း Kotler Impact မှ ဈေးကွက်ရှာ
ဖွေရေး အရာရှိချုပ်ဖြစ်သူ Mr Fahim Raza Kibria က ပြောသည်။
မြန်မာဈေးကွက်ရှာဖွေရေးဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် လက်မှတ်များကို The Hub Media
ရုံးခန်းနှင့် စီးတီးမတ် စူပါမားကက်တို့ တွင် တစ်စောင်လျှင် အမေရိကန် ၄၉၉ ဒေါ်လာ၊ ၆၄၉
ဒေါ်လာနှင့် ၆၉၉ ဒေါ်လာနှုန်းထားများ ဖြင့် ရောင်းချသွားမည်ဖြစ်သည်။
The Hub Media ကုမ္ပဏီသည် ပရော် ဖက်ဆာ ဒေါက်တာဖိလစ်ခိုတလာနှင့် လာမည့်နှစ်များ
တွင်လည်း ဈေးကွက်ရှာဖွေရေး ဆိုင်ရာ ဖိုရမ်များ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဒေါက်တာ
ဖိလစ်ခိုတလာ၏ စာအုပ်များကို လည်း မြန်မာဘာသာပြန်ဖြင့် ထုတ်ဝေရန် စီစဉ်လျက်ရှိကာ
ခိုတလာစီးပွားရေးကျောင်း များလည်း မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာ ရန် အခြေအနေများရှိ
ကြောင်း ဒေါက်တာ ထက်ဇံလင်းက ပြောသည်။

















