မြန်မာကိုရီးယား နှစ်နိုင်ငံကြား စက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်
ကိုရီးယားနိုင်ငံမှ ဟွာဆောင်ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအသင်း HwaSeong
Chamber of Commerce and Industry (HCCI) အဖွဲ့သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၂၄
ရက်နေ့တွင် လာရောက် ဆွေးနွေးမည်ဟု ဂန်ဟွန်း အင်တာနေရှင်နယ်ကုမ္ပဏီလီမိတက်မှ
ညွှန်ကြားရေးမှူး မစ္စတာ Yang Seo Kua က နိုဝင်ဘာလ ၈ ရက်နေ့က ပြောသည်။
စက်မှုကုန်ထုတ်လုပ်ငန်းများ၌ အဓိကထားဆွေးနွေးမည့် လုပ်ငန်း များမှာ အကြီးစားစက်မှု
လုပ်ငန်း၊ ကားထုတ်လုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ ပလတ်စတစ်လုပ်ငန်း၊
ဆောက်လုပ်ရေးသုံးပစ္စည်း လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်း၊ ဆေးဝါးပစ္စည်း လုပ်ငန်းနှင့် ရော်ဘာလုပ်
ငန်းကဏ္ဍများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ကိုရီးယားကုမ္ပဏီ ၁၉ ခုက ကိုယ် စားလှယ်၄၀ လောက် မြန်မာနိုင်ငံမှာ စီးပွားရေးအရပူးပေါင်း
ဆောင်ရွက်ဖို့ လာဆွေးနွေးမှာပါ။ ၂၄ ရက်နေ့ မြန်မာနိုင်ငံကို ရောက်ပြီး ၂၅ ရက်နေ့ကျရင်
မြန်မာနိုင်ငံက ပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကို သွားလေ့လာမယ်။ ၂၆ ရက်နေ့မှာ စီးပွားရေး
ဆွေးနွေးပွဲ တွေ လုပ်မယ်။ ပြီးရင် ၂၇ ရက်နေ့မှာ သီလဝါစီးပွားရေးဇုန်ကို သွားလေ့လာ မယ်"ဟု
၎င်းက ပြောသည်။
၎င်းပြင် ကိုရီးယားကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ မလာ ရောက်မီ မြန်မာနိုင်ငံ၏
အခြေခံအဆောက်အအုံနှင့် အခြားကဏ္ဍများ တိုးတက်ဖွံ့ဖြိုးရေးတွင် နည်းပညာပိုင်း အထောက်
အပံ့ဖြစ်ရေးအတွက် ပြည်တွင်း ကုမ္ပဏီခုနစ်ခုကိုk Korea Institute of Technology (K Tech)
က နည်းပညာ ကူညီသွားမည်ဖြစ်ကြောင်း မစ္စတာ Yang Seo Kua က ပြောသည်။
ကူညီပေးမည့် လုပ်ငန်းခုနစ်ခုမှာ အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်း၊ ရေဆိုးသန့်စင်လုပ်
ငန်း၊ တိရစ္ဆာန်ဆေးဝါးနှင့် အစားအစာလုပ်ငန်း၊ သွားတုလုပ်ငန်း၊ ကား ၀န်ဆောင်မှုလုပ်ငန်းနှင့်
အင်ဂျင်နီယာ သင်တန်းကျောင်းတစ်ခုတို့ဖြစ်သည်။
"K Tech က အရှေ့တောင်အာရှနိုင်ငံတွေအားလုံးကို ကူညီပေးမှာပါ။ မြန်မာနိုင်ငံကို ၁၈ ရက်
နေ့ကနေ ၂၄ ရက်နေ့အထိ တစ်ပတ်လာကူညီပေးမှာပါ။ တစ်ပတ်ပဲလာမှာဖြစ်ပေမယ့် နောက်
ပိုင်းလည်း အဆက်အသွယ်ရှိနေမှာပါ။ ဘယ်လောက်ထိရောက်မှုရှိလဲဆိုတာကို ပြန်ကြည့်ပေး
တာတွေရှိမယ်"ဟု ၎င်းက ပြောသည်။
K Tech သည် မြန်မာကုမ္ပဏီ ၃၀ ကို စက်တင်ဘာလတွင် သုတေသနပြုလုပ် ခဲ့ပြီး ထိုကုမ္ပဏီ
များထဲမှ ကုမ္ပဏီခုနစ်ခု ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
















