မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင် နေသည့် မလေးရှားစွမ်းအင်ကုမ္ပဏီ Petronas သည်
မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အကြီးဆုံး ပြည်ပ ရင်းနှီးမြှုပ်နှံသူဖြစ်လာရန် မျှော်မှန်း ထား
ကြောင်း ကုမ္ပဏီ၏တာဝန်ရှိသူက ပြောသည်။
"ကျွန်တော်တို့ ကုမ္ပဏီက ကနေဒါနဲ့ ဥဇဘက်ကစ္စတန်မှာ အကြီးဆုံး ပြည်ပ ရင်းနှီးမြှုပ်နှံသူပါ။
မြန်မာနိုင်ငံရဲ့ အနာဂတ်စွမ်းအင်ကဏ္ဍမှာလည်း ဒီလို ဖြစ်လာဖို့ ဆန္ဒရှိပါတယ်။ကုမ္ပဏီမှာ လည်း
မြန်မာနိုင်ငံသားဝန်ထမ်းတွေ အများကြီးဆက်ခန့်သွားဖို့ ရှိပါတယ်" ဟု Petronas ကုမ္ပဏီမှ
အထွေထွေမန်နေဂျာ Ahmad Lutpi Haron က ပြောသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၀င်ငွေနှင့် အကျိုးအမြတ် အများဆုံး ကုမ္ပဏီများစာရင်းတွင်
Petronas ကုမ္ပဏီက အဆင့်ခြောက်နေရာ၌ ရှိနေပြီး၊ လွန်ခဲ့သည့် ဘဏ္ဍာနှစ်တွင် ၀င်ငွေ
အမေရိကန်ဒေါ်လာ ၉၄ ဘီလျံအထိရှိခဲ့ကြောင်း ၎င်းကပြောသည်။
စွမ်းအင်ကဏ္ဍတွင် ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို အများဆုံးလုပ်ကိုင် နေပြီး မြန်မာနိုင်ငံ၏
စွမ်းအင်ကဏ္ဍတွင် ၁၉၉၇ ခုနှစ်မှစတင်၍ ရင်းနှီး မြှုပ်နှံလုပ်ကိုင်နေခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိ တွင်
မုတ္တမကမ်းလွန်ရှိ ရဲတံခွန်သဘာဝ ဓာတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းတွင် အခြားပြည်ပကုမ္ပဏီ
များနှင့် ပူးတွဲ လုပ်ကိုင်လျက်ရှိသည်။ မလေးရှားနိုင်ငံ၏ လက်လီစက်သုံး ဆီဖြန့်ဖြူးရေးလုပ်ငန်း
တွင် ၄၁ ဒသမ ၆ ရာခိုင်နှုန်း ဈေးကွက်ရရှိထားသည့် Petronas ကုမ္ပဏီက အနာဂတ်တွင်
မြန်မာနိုင်ငံ၌ စက်သုံးဆီအရောင်းဆိုင် များ ဖွင့်လှစ်ရောင်းချသွားရန် မျှော်မှန်း ထားကြောင်း
လည်း Ahmad Lutpi Haron က ပြောသည်။
မြန်မာနိုင်ငံ၏ ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ရေး စီမံကိန်းများ၌
လုပ်ကွက်နှစ်ခုရရှိ ထားသည့် မလေးရှား Petronas ကုမ္ပဏီ သည် ပြီးခဲ့သည့် အောက်တိုဘာ
လ ၁၀ ရက်နေ့က ကြေညာခဲ့သည့် ဒုတိယ အကြိမ် ကုန်းတွင်းရေနံနှင့် သဘာဝ ဓာတ်ငွေ့
လုပ်ကွက်တင်ဒါတွင်လည်း ထန်းတပင်နှင့် ရွှေပြည်သာရှိ လုပ်ကွက် နှစ်ခုကို ထပ်မံရရှိခဲ့သည်။
ကမ်းလွန်လုပ်ကွက်သစ် ၃၀ ခု အတွက် စွမ်းအင်ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်
ဆုံးထားတင်သွင်းရန် တင်ဒါ်ခေါ်ယူထားရာ Petronas ကုမ္ပဏီက အဆိုပြုလွှာများ တင်သွား
မည် ဖြစ်သည်။

















