အခွန်တချို့ တိုးမြှင့်ကောက်ခံသွားမည်

အခွန်တချို့ တိုးမြှင့်ကောက်ခံသွားမည်

နိုင်ငံတော်ဘတ်ဂျက် လျာထားချက်နှင့် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုရာခိုင်နှုန်း (ဂျီဒီပီ)
တိုးမြင့်လာစေရန် ၀င်ငွေခွန်အပါအဝင် အခွန်တချို့ အား ထပ်မံတိုးမြှင့်ကာ စည်းကြပ် ကောက်ခံ
သွားရန်ရှိကြောင်း ပြည်တွင်း အခွန်များဦးစီးမှ ညွှန်ကြားရေးမှူး ဦးထွန်းသန်းက မြန်မာတိုင်း(မ်)
ကို ပြောသည်။

တိုးမြှင့်ကောက်ခံမည့် အခွန်အမျိုး အစားနှင့် အခွန်နှုန်းထားများကို လျာထားချက်အဖြစ် ညှိနှိုင်း
ရေးဆွဲဆောင်ရွက်ဆဲဖြစ်ပြီး ရေးဆွဲပြီးစီးပါက လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။

"လက်ရှိမှာတော့ ညှိနှိုင်းဆွေးနွေး နေဆဲပါ။ စိစစ်ပြီးမှပဲ ဘယ်အပိုင်းတွေ ကို တိုးကောက်သွား
မယ်။ ဘယ်အပိုင်း တွေကိုတော့ မတိုးဘူးဆိုတာကို ပြောနိုင်မှာပါ" ဟု ၎င်းက ပြောသည်။
အစိုးရသစ်လက်ထက် တတိယ ဘဏ္ဍာရေးနှစ်၏ ခြောက်လကျော် ကာလသို့ ရောက်ရှိလာ
ချိန်တွင် နိုင်ငံ တော် ဘတ်ဂျက်လိုငွေသည် ကျပ် ၂,၈၈၇ ဒသမ ၄၇၉ ဘီလျံ ရှိနေကြောင်း
ဘဏ္ဍာရေးကော်မရှင်က ထုတ်ပြန်ထားခဲ့ပြီး ယင်းသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်
ပြောင်းလဲမှု များ တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန် မြှင့်ဆောင်ရွက်နေရခြင်းနှင့် အခွန်အ
ကောက်ရရှိငွေ တိုးလာသော်လည်း နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်း များ၏ ရငွေကျဆင်း
လာခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ခြင်း ဖြစ်သည်။

အခွန်ကောက်ခံရရှိငွေ တိုးမြှင့် ရရှိခြင်းနှင့်ပတ်သက်၍ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု
၀န်ကြီး ဦးဝင်းရှိန်က အောက်တိုဘာလ ၁၅ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စု လွှတ်တော်
အစည်းအဝေးတွင် မူလ ခန့်မှန်းခြေတွင် အခွန်အကောက်ရရှိ ငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၄
ရာခိုင်နှုန်းဖြစ်သော်လည်း ပြုပြင်ပြီး ခန့်မှန်းခြေတွင် ၆ ဒသမ ၀၆ ရာခိုင် နှုန်းဖြစ်ကြောင်း၊ ယင်း
သို့ အခွန်ကောက်ခံရရှိငွေတိုးတက်လာခြင်းမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ
န၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့က ကောက်ခံသော အခွန်များတိုးတက်လာခြင်းနှင့် စွမ်းအင်
၀န်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီး ဌာနနှင့် ဆက်သွယ်ရေးနှင့်
သတင်း အချက်အလက်နည်းပညာဝန်ကြီး ဌာနတို့မှ ကောက်ခံသော အကောက် တော်များ
ကို အခွန်ရငွေအဖြစ် ထည့် သွင်းလာနိုင်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောသည်။

"အခွန်အကောက်ရငွေတိုးတက်ရရှိမှုက ကျပ် ၉၇၉ ဒသမ ၄၆၈ ဘီလျံ ဖြစ်ပါတယ်"ဟု ၀န်ကြီး
က ပြောကြား ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုနှင့်ပင်လယ်ရေကြောင်းကုန်သွယ်မှုများ၏ ကုန်သွယ်
မှု ပမာဏတိုးတက်လာခြင်းကြောင့် ဌာန၏ အခွန်ကောက်ခံရရှိငွေ တိုးမြင့်လာခြင်းဖြစ်နိုင်
ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဌာန ဒုတိယညွှန်ကြား
ရေးမှူး ဦးစိုးဝင်းက ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း နိုဝင်ဘာလ ၁ ရက်ထိ နယ်စပ်ကုန်သွယ် ရေးမှ ကုန်သွယ်မှု
ပမာဏ အမေရိကန်ဒေါ်လာ ၂,၇၉၂ သန်း ရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်
မှုပမာဏကို 'ကန်' ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး