ပြည်တွင်းဘဏ်လုပ်ငန်း ကဏ္ဍသည် လွန်ခဲ့သော နှစ်နှစ်ခွဲခန့်မှစတင်၍ အလျှင်အမြန် ဖွံ့ဖြိုးလာခဲ့
သော်လည်း ငွေစက္ကူ ကိုင်တွယ်သုံးစွဲမှုသာ အဓိက ဖြစ်နေသေးပြီး အိုင်တီနည်းပညာပိုင်းတွင်
အားနည်းချက်ရှိနေသေးကာ နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အဟန့်အတားတစ်ခု
ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။
ကမ္ဘောဇဘဏ်၏ ဒုတိယ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်လင်းထွဋ်က ပြည်တွင်းဘဏ်များ
အတွက် ဖြေလျှော့ မှုများ ရှိလာသော်လည်း အခက်အခဲများ ကျန်သေးကြောင်း ယခင် သီတင်း
ပတ်က အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သော ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင်
ပြောသည်။
"ဘဏ္ဍာရေးပိုင်းဆိုင်ရာ ၀န်ဆောင် မှုမှာပဲ အားနည်းချက်ရှိတယ်လို့ ပြော လို့မရဘူး။ ဆက်သွယ်
ရေးနည်းပညာ ဘက်ကလည်း ပံ့ပိုးပေးဖို့လိုတာကြောင့် ဒီလိုအပ်ချက်တွေက ဘဏ်တွေအတွက်
တကယ့်အခက်အခဲပါ"ဟု ၎င်းက ပြောသည်။ ယခုနှစ်ဇွန်လအတွင်းက ထုတ်ပြန် ခဲ့သော စီမံခန့်ခွဲ
ရေးနှင့် စီးပွားရေး ဆိုင်ရာ အကြံပေးမှုများ လုပ်ကိုင်လျက် ရှိသော မက္ကင်ဆီဂလိုဘယ်အင်စတီကျု
၏ စာတမ်းတွင် ဆက်သွယ်ရေးနည်းပညာမှာ mobile banking သို့မဟုတ် ecommerce စနစ်
မျိုး အတွက် အဓိကလိုအပ်ပြီး ယင်းမှာ ပြင်ပတွင်ဘဏ်ဖွင့်ခြင်း၊ ဆိုင်ခန်းများ ဖွင့်လှစ်ခြင်းကြောင့်
ကုန်ကျရမည့် စရိတ်များကို လျှော့ချပေးနိုင်ခြင်းတို့ ပါရှိသည်။
မြန်မာနိုင်ငံသည် အင်တာနက် ကွန် နက်ရှင် အားကောင်းမှုနှင့် လက်ကိုင် ဖုန်းအသုံးပြုနိုင်မှုတွင်
ဒုတိယအနိမ့် ဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည် ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားကြောင်း
အဆိုပါစာတမ်းတွင် ဖော်ပြသည်။ အဆိုပါ လိုအပ်ချက်အပြင် ဘဏ် ၀န်ထမ်းများ၏ စွမ်းဆောင်
ရည်မြှင့် တင်နိုင်ခြင်း၊ ဘဏ်သို့လာရောက်သူများအတွက် လုပ်ထုံးလုပ်နည်းအပေါ်စိတ်ကျေနပ်မှု
ရစေခြင်း၊ ဘဏ်ဝန်ဆောင်မှုအသစ်များ ပေးစွမ်းနိုင်ခြင်း၊ သင့်တော်သော နေရာများတွင် အေတီ
အမ်စက်များထားခြင်း၊ ဘဏ်ခွဲများဖွင့်လှစ်ခြင်းတို့အတွက်လည်း ထိရောက်မှုရှိအောင် များစွာ
ဆက်လက်လုပ် ဆောင်သွားရဦးမည်ဖြစ်ကြောင်း ဦးဇော်လင်းထွဋ်က ပြောသည်။
ပြည်တွင်းဘဏ်များ၏လက်ရှိ၀န်ဆောင်မှုမှာ ဘဏ်သို့လာရောက်သူ များကို စိတ်ကျေနပ်မှုပေး
စွမ်းနိုင်မှု တွင် အိမ်နီးချင်းနိုင်ငံများ၏ ၀န်ဆောင် မှုနှင့်ယှဉ်လျှင် အားနည်းလျက် ရှိသည်။
"ဘဏ်ကိုလာတဲ့သူတွေရဲ့ အဓိက မကျေနပ်ချက်က အချိန်စောင့်ရတာပဲ။ ပြည်တွင်းဘဏ်တွေနဲ့
ဘဏ်ခွဲတွေမှာ အေတီအမ်စက်တွေရဲ့ အင်တာနက် ကွန်နက်ရှင် အားနည်းတဲ့အချက်ကြောင့်
စိတ်တိုင်းမကျကြဘူး"ဟု ၎င်းက ပြောသည်။
စစ်တမ်းအရ နိုင်ငံပိုင်ဘဏ်များနှင့် ဘဏ်အသေးအများစုမှာ အချိန်စောင့်ဆိုင်းရမှုများပြီး ပြည်တွင်း
ဘဏ်များမှာ လုံလောက်သော အခြေခံ အဆောက်အအုံများ ပြည့်မီခြင်းမရှိကြောင်း သိရသည်။
ဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌဟောင်းဖြစ်သူဦးသန်းလွင်က ဇူလိုင်လအတွင်း က ဗဟိုဘဏ်ဥပဒေ
ထွက်ရှိလာခဲ့ သော်လည်း နိုင်ငံတကာဘဏ်စနစ်များနှင့် ပူးပေါင်းနိုင်ရန်အတွက် ဗဟိုဘဏ်နည်း
ဥပဒေနှင့် ငွေရေးကြေး ရေးအဖွဲ့အစည်းများ ဥပဒေ ပေါ်ထွက် လာရန် လိုအပ်နေသေးကြောင်း
ပြောသည်။
ထို့ပြင် လက်ရှိပြည်တွင်းဘဏ်များ ၏ အားနည်းချက်မှာ ှနအနူူငအန နှင့် ဖုန်းလိုင်းစနစ်များသာ
အသုံးပြုထား ခြင်းကြောင့် အချိန်တိုင်းအတွက်အဆင်မပြေကြောင်း၊ အစိုးရက ဘဏ် များအတွက်
fiber optic စနစ်ကိုသုံးစွဲရန် အစီအစဉ်ရှိသော်လည်း ယင်း မှာ အတိုင်းအတာတစ်ခုအထိ အချိန်
ယူရဦးမည်ဖြစ်ကြောင်း ပြောသည်။
"ဒီက ဘဏ်လုပ်ငန်းက နှစ် ၅၀ လောက်အိပ်နေပြီး အခုမှ ပြန်စရတဲ့အဆင့်ပဲရှိသေးတာ။ နိုင်ငံတကာ
အဆင့်မီဖို့ဆိုရင် အချိန်တိုအတွင်းနဲ့ တော့ မဖြစ်နိုင်ဘူး"ဟု ၎င်းက ပြော သည်။ မြန်မာနိုင်ငံ ရင်းနှီး
မြှုပ်နှံမှု ကော် မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါက် တာအောင်ထွန်းသက်ကမူ ဘဏ်စနစ်တွင်လို
အပ်ချက်များ ရှိနေသော်လည်း ယင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမှုအတွက် အတား
အဆီးတစ်ခုမဟုတ်ကြောင်း ပြောသည်။
"အခြေခံ အဆောက်အအုံတွေ လိုအပ်နေသေးတာ မှန်ပါတယ်။ ကိုယ့်နိုင်ငံက ဒီလိုအနေအထားပဲ
ရှိတာ။ မလာဘူးလို့ပြောတဲ့သူကလည်း ပြောနေကြတာပဲ။ ဒါပေမဲ့ ဒီလို အခြေအနေမှာပဲ ကိုကာ
ကိုလာတို့၊ နစ်ဆန်းတို့ ၀င်လာကြတာပဲ"ဟု ၎င်းက ပြောသည်။

















