တရားမဝင်တင်သွင်းလာသောဝိုင်များကို သိမ်းဆည်းအရေးယူ

တရားမဝင်တင်သွင်းလာသောဝိုင်များကို သိမ်းဆည်းအရေးယူ

ပြည်တွင်း ဈေးကွက်အတွင်း အစား အသောက်နှင့် အဖျော်ယမကာ အဓိက ဖြန့်ဖြူးသည့်ကုမ္ပဏီကြီး
တစ်ခုကို ကျပ်ငွေသန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀) ဖိုးရှိ အဖျော်ယမကာများ တရားမဝင်
တင်သွင်းမှုဖြင့် အစိုးရက ၀င်ရောက်ရှာဖွေဖမ်းဆီးကာ ပိတ်ပင်ခဲ့သည်။

အဆိုပါ အဖြစ်အပျက်ကြောင့်ဈေး ကွက်အတွင်းရှိ အဖျော်ယမကာရောင်း ချသူအချို့က တင်သွင်း
ခွင့်မူဝါဒများကို ပြင်ဆင်သင့်ပြီး လက်ရှိထုတ်ပြန်ထားသော စည်းမျဉ်းများမှာ မှောင်ခိုတင်သွင်း မှုကို
အားပေးရာ ရောက်ကြောင်း ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားသော နယ်စပ်နှင့် ပင်လယ်ရေ
ကြောင်း တရား မဝင်ကုန်စည်များ လှုပ်ရှားရှာဖွေစစ် ဆေးရေးအဖွဲ့သည် အောက်တိုဘာလ နှောင်း
ပိုင်းက လှိုင်မြို့နယ်ရှိ Quarto Products ဂိုဒေါင်ကို ၀င်ရောက်ရှာဖွေ ခဲ့ပြီး ဂိုဒေါင်များအတွင်း
တရားဝင် လိုင်စင်မပြနိုင်သော အဖျော်ယမကာ များ တင်သွင်းသိုလှောင်ထားသည်ကို တွေ့ရ
ကြောင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူရေးရာဌာန၏ ညွှန်ကြား ရေးမှူး ဦးသိန်းထွန်းဦးက
ပြောသည်။

ထိုကဲ့သို့လိုင်စင်မရှိဘဲ တရားမဝင်တင်သွင်းမှုကြောင့် ပို့ကုန်သွင်းကုန်ဥပဒေအရ ယင်းကုမ္ပဏီ၏
ဦးဆောင် ညွှန်ကြားရေးမှူးမှာ အရေးယူခံရပြီး ထောင်ဒဏ်သုံးနှစ် ကျခံရမည်ဖြစ်ကြောင်း ကူးသန်း
ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Quarto က ဈေးကွက်ထဲကို တရား မဝင်တင်သွင်းတဲ့ ၀ိုင်ဖြန့်ဖြူးတဲ့ ပင်မ ရင်းမြစ်တစ်ခုဖြစ်လိမ့်မယ်
လို့ ယူဆရ တယ်လို့ ၎င်းက ပြောသည်။ ယင်းကုမ္ပဏီသည် Bay of Bengal Resort ဟိုတယ်များ
၏ အမည်ဖြင့် တင်သွင်းခဲ့ပြီး လှုပ်ရှားရှာဖွေစစ်ဆေးရေးအဖွဲ့က သတင်းအရ ရှောင်တခင် ၀င်ရောက်
စစ်ဆေးမှု ပြုခဲ့ ရာတွင် ပေ ၄၀ ပတ်လည်ရှိ ဂိုဒေါင် သုံးလုံးအပြည့် အဖျော်ယမကာပုလင်း များကို
တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုကုမ္ပဏီကို ယာယီပိတ်ထားပြီး အောက်တိုဘာ ၂၉ ရက်နေ့က အစိုးရ စာရင်းစစ် ၀င်ရောက်နေ
ချိန်ဖြစ်သောကြောင့် ကုန်ပစ္စည်းများ ဖြန့်ဖြူးပေးနိုင် ခြင်း မရှိကြောင်း ၎င်း၏ဖောက်သည် များထံ
တောင်းပန်သည့်စာများပေးပို့ခဲ့ သည်။

သို့သော် နောက်ရက်များတွင်မူ စာရင်းစစ်မှာ တစ်ရက်အတွင်းပြီးစီးသွားသောကြောင့် ဖြန့်ဖြူးပို့
ဆောင် မှုများ နောက်နေ့မှစ၍ ပြန်လည်စတင် သွားမည်ဖြစ်သည့်စာကို လက်ခံရရှိခဲ့ကြောင်း
၎င်းတို့ထံမှ ၀ယ်ယူသူများက ပြောသည်။ သို့သော် ၎င်းတို့လုပ်ငန်းကို ယခုအချိန်အထိ ပြန်လည်
စတင်နိုင် ခြင်းမရှိခဲ့ဘဲ မေးမြန်းမှုများကို ပြန်လည် မဖြေကြားခဲ့ပေ။ ၎င်းအပြင် တပ်မတော်ခန်းမ၌
နို၀င် ဘာ ၆ ရက်မှ ၈ ရက်အထိပြုလုပ်သော မြန်မာ့စားသောက်ကုန်ပြပွဲ ၂၀၁၃ တွင် လည်း
အဆိုပါကုမ္ပဏီသည် ပြပွဲ၏ ွသိူ ှစသညျသမ အဖြစ်တာဝန်ယူထား ခဲ့သော်လည်း ယင်းဆိုင်ခန်းမှာ
မည် သည့်ပစ္စည်းမှ ပြသနိုင်ခြင်းမရှိခဲ့ပေ။


 

ပြပွဲ၏ တာဝန်ရှိသူတစ်ဦးက Quarto ပြခန်း မပြသနိုင်ခြင်းနှင့်ပတ် သက်၍ "ကြားတာကတော့
ဌာနဆိုင် ရာက ပစ္စည်းတွေလာသိမ်းပြီး ပိတ်ခိုင်း လိုက်တယ်လို့ သိရတယ်။အသေအချာ တော့
မသိရသေးဘူး" ဟု ပြောသည်။

သို့သော် အခြားနိုင်ငံတကာပြပွဲ ပြသသူ ၂၂ ဦး၏ ပစ္စည်းများမှာမူ ထို ကဲ့သို့ ရှောင်တခင်ဝင်ရောက်
စစ်ဆေး ခဲ့ရာတွင် တင်သွင်းခွင့် အထောက်အထားများ ပြသနိုင်ခဲ့ခြင်းကြောင့် ပိတ်ပင် ခံရခြင်း မရှိ
ကြောင်းပြောသည်။

"အကောက်ခွန်နဲ့ စီးပွားကူးသန်းက ဖွဲ့ထားတဲ့ Moblie Team တွေက ဘယ် တော့မဆို ရှောင်တခင်
၀င်စစ်ဆေးလို့ ရတဲ့ အနေအထားမှာရှိနေတယ်" ဟု ၎င်းက ပြောသည်။ သို့သော် Quarto ဂိုဒေါင်
များကို သာ ၀င်ရောက်စစ်ဆေးခဲ့ခြင်းနှင့် ပတ် သက်၍ မရှင်းလင်းမှုများ ရှိနေသေး သည်။

လှုပ်ရှားရှာဖွေစစ်ဆေးရေး အဖွဲ့ သို့ မေးမြန်းခဲ့ရာတွင်လည်း ၎င်းတို့ အဖွဲ့တွင်ပါ၀င်သော ရေကြောင်း
စစ်ဆေးရေးနှင့် မီဒီယာများ၏ သတင်းပို့မှု ကြောင့်ဟုသာ ဖြေကြားခဲ့သည်။ ထို အချက်ကြောင့်
အခြားသောဝိုင်ဖြန့်ဖြူး ရောင်းချသူများပါ သတိပြုစရာဖြစ်ခဲ့ ပြီး မြန်မာတိုင်း(မ်)က မေးမြန်းမှုကို
လည်း မဖြေကြားခဲ့ပေ။

"ဈေးကွက်ထဲမှာ ရှုပ်ထွေးစရာတစ်ခုဖြစ်နေတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာ ဘယ်သူမှမသိကြဘူး"
ဟု ဖြန့်ဖြူးသူတစ်ဦးက ပြောသည်။

"မူဝါဒတွေပြောင်းသွားပြီလို့ ကျွန်တော်တို့ သိထားတယ်။ ဒါပေမဲ့ အဲဒီပြောင်းလဲသွားတဲ့မူဝါဒက
ရှောင်တခင် ၀င်ပြီး ဖမ်းဆီးခွင့်ရှိတာမျိုးကြီး ဖြစ်နေ တယ်"ဟု ၎င်းက ပြောသည်။ လက်ရှိ ပို့ကုန်
သွင်းကုန်ဥပဒေအရ ပိတ်ပင်ထားခဲ့သော သွင်းကုန်ပစ္စည်း ၁၅ မျိုးထဲမှအချို့ကို ယမန်နှစ်နှင့် ယခု
နှစ် ဖေဖော်ဝါရီလများက ပြန်လည် ဖွင့်ပေးခဲ့သော်လည်း ၀ိုင်နှင့် အခြား ယစ်မျိုးပစ္စည်းများကိုမူ
ပိတ်ပင်ထားဆဲ ဖြစ်ပြီး ဟိုတယ်နှင့်လေဆိပ်ရှိ အခွန်လွတ်ဆိုင်များသာ တရားဝင်တင်သွင်း ခွင့်
ရှိသည်။

စားသောက်ဆိုင်များ အသင်း၏ အကြီးတန်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပဒုမ္မာစားသောက်ဆိုင်ပိုင်ရှင်
ဦးဆိုနီ အောင်ခင်က အဆိုပါဖမ်းဆီးပိတ်ပင်မှု များကြောင့် စားသောက်ဆိုင်များတွင် လတ်ဆတ်
ကောင်းမွန်သော ၀ုိင်များ ရရှိရန် အခက်အခဲဖြစ်လာနိုင်ကြောင်း ပြောသည်။

"အခုဆို ဖြန့်ဖြူးရောင်းချတဲ့သူတွေ ကလည်း သူတို့ဆိုင်တွေပိတ်ထားတဲ့ အပြင် လမ်းပေါ်က ဆိုင်
အသေးလေး တွေပါ ပိတ်လိုက်တာဆိုတော့ ပစ္စည်း ကပြတ်နေပြီ" ဟု၎င်းက ပြောသည်။ အဆိုပါ
ဖြစ်ရပ်ကြောင့် ယခင်သီတင်းပတ်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ
အသင်းချုပ်တွင် ဥပဒေနှင့် တင်သွင်း ခွင့် မူဝါဒများပြောင်းလဲရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ
အသင်းများမှ တာဝန်ရှိသူ အလုပ်အမှုဆောင်အဖွဲ့ ၀င်များ ဆွေးနွေးခဲ့ကြသည်။

"အသင်းနဲ့ အသင်းသားတွေအားလုံး ယူဆတာကတော့ ယစ်မျိုးပစ္စည်းအားလုံးတင်သွင်းခွင့်ကို
ခွင့်ပြုသင့်ပါ တယ်။ ခွင့်ပြုမထားလည်း ပစ္စည်းတွေ က ဒီကိုရောက်နေတာပဲဆိုတော့ ဈေး ပိုကြီး
သွားသလို ပစ္စည်းအတုတွေဝယ် ယူရတာမျိုးလည်း ဖြစ်လာမယ်" ဟု အသင်းချုပ်၏ အထွေထွေ
အတွင်းရေး မှူး ဦးမိုးကျော်က ပြောသည်။

တရားဝင်သွင်းခွင့် ပြုမည်ဆိုလျှင် လည်း အရည်အသွေးကို ထိန်းချုပ် ပြီးသားဖြစ်ပြီး အခွန်အခများ
လည်း မဆုံးရှုံး နိုင်တော့သည့်အပြင် အခြား ပြဿနာများကိုလည်း အလိုလျောက် ဖြေရှင်းပြီးဖြစ်
ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ပြဿနာများပြေလည်စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအပါအဝင်
သက်ဆိုင်ရာ ဌာနများက ယစ်မျိုးပစ္စည်းများ တရား ၀င်တင်သွင်းခွင့် ရရန်အတွက် ယခု ဘဏ္ဍာနှစ်
အစောဆုံး ဒီဇင်ဘာလနှင့် နောက်အကျဆုံး ၂၀၁၄ ခုနှစ်၊ မတ်လအတွင်း လွတ်လပ်စွာဖွင့်ပေးရန်
အစီအစဉ်များရှိကြောင်း စီးပွား ကူးသန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး