ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်က ၂၀၁၄ ခုနှစ်မှ စတင်ခါ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ် စား
စီးပွားရေးလုပ်ငန်းများအတွက် ပြည်တွင်းဘဏ်မှများတစ်ဆင့် တစ်နှစ်လျှင် ယူရိုငွေသန်း ၃၀ မှ
၁၀၀ အထိထုတ်ချေးသွားရန် အစီအစဉ်ရှိကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပထမဆုံး
အကြိမ်အဖြစ် မြန်မာနိုင်ငံ၌ကျင်းပ ခဲ့သည့် ဥရောပသမဂ္ဂျွမြန်မာလုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲတွင်
ထုတ်ပြန်ကြေညာသည်။
ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် အနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်
ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ရေး အခြေခံ
သဘောတူညီမှုကို နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ပြီး၊ မူဘောင်
သဘောတူညီ မှုစာချုပ်ကို မကြာမီကာလအတွင်း အပြီးသတ် ရေးထိုးသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံနှင့် ဥရောပရင်းနှီးမြှုပ်နှံမှု ဘဏ်အကြား ပထမဆုံးအကြိမ်ပူးပေါင်း ဆောင် ရွက်မှုအဖြစ်
ပို့ဆောင်ရေး၊ စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သစ်တောကဏ္ဍများ၏ အခြေ ခံအဆောက်အအုံ
ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်က ဆောင် ရွက်သွားမည်ဖြစ်ပြီး
အသေးစားနှင့် အလတ် စား လုပ်ငန်းများအတွက် ချေးငွေအစီအစဉ်ကို အကောင်အထည်ဖော်ရာ
တွင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များအား ရွေးချယ်၍ ငွေထုတ်ချေး သွားမည်ဖြစ်သည်။
"မူဘောင် သဘောတူညီမှုစာချုပ်ကို လာမယ့် ဖေဖော်ဝါရီလလောက်မှာ လက်မှတ်ရေးထိုး သွားဖို့
ရှိပါတယ်။ ဗဟိုဘဏ်နဲ့ တိုက်ရိုက် လုပ်သွားဖို့များပါတယ်။ ဒါပေမဲ့ အသေးစား၊ အလတ်စားလုပ်ငန်း
တွေအတွက် ငွေချေးတာတွေ ပါနေတော့ ဘဏ္ဍာရေးဝန်ကြီးဌာနလည်း ပါဦး မယ်ထင်တယ်။ အဲဒီ
စာချုပ်ချုပ်ပြီးရင်တော့ ကျွန်တော်တို့ဆီက ပုဂ္ဂလိကဘဏ်တွေလည်း ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်
ကချေးငွေ ရရှိ မှာပါ" ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင်က ပြောကြား
သည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ် ငန်းများအတွက် ချေးငွေနှုန်းထားနှင့် အသေး စိတ်
အချက်အလက်များကို အပြီးသတ်စာချုပ် ချုပ်ဆိုပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ပြီး၊ ဥရောပ
ရင်းနှီးမြှုပ်နှံမှုဘဏ်က မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ နည်း ပညာအကူ
အညီများလည်း ထောက်ပ့ံပေးသွား မည်ဖြစ်ကြောင်း၎င်းက ပြောသည်။
ရန်ကုန်နှင့် နေပြည်တော်တွင်ကျင်းပခဲ့သည့် ဥရောပသမဂ္ဂျွမြန်မာလုပ်ငန်းအဖွဲ့ဆွေးနွေးပွဲ များသို့
ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၁၀၀
ကျော်လည်း တက် ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲများ၌ အသေးစားနှင့် အလတ်စားစီးပွား
ရေးလုပ်ငန်း၊ ခရီးသွားလုပ် ငန်းနှင့် ကုန်ကြမ်းပစ္စည်းများဆိုင်ရာ အခြေခံ သဘောတူညီချက်များကို
လက်မှတ်ရေးထိုးခဲ့ ကြပြီး၊ ၎င်းကဏ္ဍများနှင့်ပတ်သက်၍ အသေးစိတ် ဆက်လက်ဆွေးနွေးသွားမည်
ဖြစ်သည်။

















