အဓိကလိုအပ်ချက်များ ပြည့်စုံမှသာ ဂျပန်လုပ်ငန်းများ မြှုပ်နှံမည်

အဓိကလိုအပ်ချက်များ ပြည့်စုံမှသာ ဂျပန်လုပ်ငန်းများ မြှုပ်နှံမည်

အဓိကလိုအပ်ချက်များဖြစ်သည့် လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံနှင့်
ငွေကြေးပိုင်းဆိုင်ရာကိစ္စများ ပြည့်စုံသွားပါက စီးပွားရေးနယ်ပယ်ပေါင်းစုံမှ ဂျပန်လုပ်ငန်းရှင်များ
ချက်ချင်းဝင်ရောက်လာမည်ဖြစ်ကြောင်း Asia Leaders Association ၏ ဥက္ကဌ မစ္စတာ ဟီဒီယို
ဆာဝါဒါက ပြောသည်။

"ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ လွှဲမယ်ဆိုတာမျိုး အဆင်သင့်မဖြစ်သေးဘူး။
ကျွန်တော်တို့ဒီကိုလာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုလုပ်တာ၊ ရလာတဲ့အမြတ်၊ အခွန် ဆောင်တာတွေ
အားလုံးက ဘဏ်က တစ်ဆင့်ပဲသွားကြမှာပါ။ ဒီနေရာတွေ မှာ လိုအပ်ချက်တွေ အတော်လေး
ရှိနေ သေးတယ်"ဟု ၎င်းက ပြောသည်။

"လက်ရှိမှာတော့ ဂျပန် လုပ်ငန်းရှင် တွေအနေနဲ့ စဉ်းစားစရာဖြစ်နေတယ်။ ဂျပန်မှာက အရမ်း
ကောင်းတဲ့ဝန် ဆောင်မှုလုပ်ငန်းတွေ၊ ငွေရင်းငွေနှီး တွေရှိတယ်။ ဒါပေမဲ့ ဒီအခက်အခဲ တွေပြေ
လည်သွားပြီဆိုတာနဲ့ ချက်ချင်း ၀င်ရောက်လာကြမှာပါ"ဟု ၎င်းက ပြောသည်။

Asia Leaders Association သည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက မြန်မာနိုင်ငံသို့ လာရောက်
ခဲ့ပြီး ရင်းနှီးမြှုပ် နှံမှုနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင် မှုများကို အဓိကထားဆွေးနွေးကာ နို၀င်ဘာ
၁၇ ရက်နေ့က နှစ်နိုင်ငံ လုပ်ငန်းရှင်များတွေ့ဆုံသည့် ပထမဆုံး အကြိမ်စီးပွားရေးဖိုရမ်ကို ဆီဒိုးနား
ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

ဂျပန်နိုင်ငံအခြေစိုက် အဆိုပါအသင်း ၏ ပြည်ပရုံးခွဲများကို အာရှနိုင်ငံပေါင်း ကိုးခုရှိ မြို့ ၁၂ မြို့တွင်
ဖွင့်လှစ်ထားပြီး ဖြစ်သည်။ အဆိုပါအသင်းမှာ အသေး စားနှင့် အလတ်စားလုပ်ငန်းများ အပါ အဝင်
မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ဂျပန်စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ဂျပန်
လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ပိုမို ရင်းနှီးမြှုပ်နှံလာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်သည်။

အဆိုပါအသင်း နှင့်ပတ်သက်၍ ရန်ကုန်မြို့ရှိ Cast Myanmar ရုံးခန်းက တာဝန်ယူလုပ်ဆောင်ပေး
လျက်ရှိပြီး အသင်းမှတ်ပုံတင်ရေးကိစ္စရပ်များကိုမူ သတင်းအချက် အလက်များစုဆောင်းကာ
တစ်ဆင့်ခြင်းလုပ်ဆောင်သွားမည် ဖြစ်သည်။

"မြန်မာနိုင်ငံက သုံးနှစ်ကနေ ငါးနှစ် အတွင်း မြန်မြန်တိုးတက်လာဖို့ အလား အလာရှိပါတယ်။
အခြေခံအဆောက် အအုံတွေမပြည့်စုံတာ၊ ဥပဒေတွေမပြည့် စုံတာကတော့ အဓိကပြဿနာတစ်ခု
ဖြစ်နေတာဆိုတော့ ဂျပန်ကုမ္ပဏီကြီး တွေက နဲနဲစိတ်ပူနေပါသေးတယ်။ ဒါ ပေမဲ့ ရောက်လာကြဖို့
များပါတယ်"ဟု မစ္စတာ ဟီဒီယို ဆာဝါဒါက ပြော သည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဆွေးနွေးရာတွင် အထူး စီးပွား ရေးဇုန်တွင်း ရင်းနှီးမြှုပ်နှံရန်
နှင့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် အခွန်အခလျှော့ချပေးခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း
၎င်းက ပြောသည်။

"မြန်မာ ဂျပန်အစိုးရကြားမှာလည်း ဆက်ဆံရေးက ခိုင်ခိုင်မာမာရှိပြီးသားဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေ
က တစ်မဟုတ်ချင်း တိုးတက်လာမှာပါ" ဟု ၎င်းက ပြောသည်။

Asia Leaders Association တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအပြင် ၀န်ဆောင်မှုလုပ်ငန်းဖြစ်
သည့် ဟိုတယ် နှင့်ခရီးသွားလုပ်ငန်း၊ မီဒီယာလုပ်ငန်း နှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ် များကို
မြန်မာနိုင်ငံတွင်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောသည်။

ထို့ပြင် ထုတ်လုပ်မှုလုပ်ငန်းတချို့မှာအိမ်နီးချင်းနိုင်ငံတွင် တည်ဆောက် ထားသော စက်ရုံများကို
မြန်မာနိုင်ငံ တွင် ပြောင်းရွှေကလုပ်ကိုင်ရန်စီစဉ်နေ ကြောင်း မစ္စတာ ဟီဒီယို ဆာဝါဒါက ပြောသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ဂျပန်နိုင်ငံ၏ရင်းနှီး
မြှပ်နှံမှုမှာ အမေရိကန်ဒေါ်လာသန်း ၃၀၀ ခန့်ရှိပြီ ဖြစ်သည်။ ဂျပန်၏ အဓိက ရင်းနှီးမြှုပ်နှံမှုဖြစ်သော
သီလဝါ အထူးစီးပွားရေးဇုန်အတွက် နှစ်နိုင်ငံ လုပ်ငန်းရှင်များအကြား အပြီးသတ် လက်မှတ်ရေးထိုး
ပွဲကို အောက်တိုဘာလကုန်ပိုင်းက ပြုလုပ်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး