ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ တင်းကျပ်စွာ စိစစ်ရန်လို

ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ တင်းကျပ်စွာ စိစစ်ရန်လို

ဓာတုဆေးသုံး ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာများ၏ ဇီဝဓာတ်ကြွင်းများ၏ ဆိုးကျိုးများကြောင့်
အဆိုပါဆေးများ တင်သွင်းမှုကို ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ ဥပဒေများဖြင့် သေချာစွာစိစစ်ပြီး
ထိရောက်စွာအရေးယူ ဆောင် ရွက်ရန်လိုအပ်ကြောင်း သီးနှံကာကွယ် ရေးဆွေးနွေးပွဲတွင် ကျွမ်း
ကျင်သူပညာ ရှင်များက ပြောသည်။

"နိုင်ငံတကာက ပိုးသတ်ဆေးနဲ့ ဓာတ်မြေဩဇာကုမ္ပဏီတွေက မြန်မာနိုင်ငံမှာ ပြပွဲတွေလုပ်ပြီး ဈေး
ကွက်လာရှာနေကြတယ်။ သူတို့မဝင်ခင်မှာပဲ လက်ရှိ မြန်မာနိုင်ငံအနေအထားအရ ကင်ဆာရောဂါ
တွေ ဖြစ်နေတာက ဒီ ပိုးသတ်ဆေးတို့၊ ဓာတ်မြေဩဇာတို့က ကျန်တဲ့ ဓာတ်ကြွင်းတွေကြောင့်လို့
WHO ကပြောထားပြီးသား။ အစိုးရ ဘက်ကနေ ဒါမျိုးတွေအရမ်းဝင်လာတဲ့ အခါမှာ တိတိကျကျ
လုပ်ရတော့မယ်။ လျော့တိလျော့ရဲလုပ်ရင် လူတွေမှာ အရမ်းအန္တရာယ်ကြီးပါတယ်"ဟု မြန်မာနိုင်ငံ
သစ်သီးဝလံ ပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ အတိုင်
ပင်ခံ ဒေါက်တာ သန်းသန်းစိန်က ပြောသည်။

သီးနှံကာကွယ်တဲ့ ပစ္စည်းများသည် ပစ္စည်းမှန်ကန်ရန်၊ ပါ၀င်သောအာဟာရ ဓာတ်များမှန်ကန်ရန်၊
တရားဝင်သုံးစွဲမှု ဖြစ်ရန်နှင့် နည်းစနစ်မှန်ကန်စွာ အသုံး ပြုရန် အလွန်အရေးကြီးကြောင်း ဒေါက်
တာသန်းသန်းစိန်က ပြောသည်။ "ဖော်ပြထားတဲ့အတိုင်း အတိအကျထည့်ထားဖို့လိုတယ်။ ပြီးတော့
ဒါတွေ ဟာ အဆိပ်တွေဖြစ်တဲ့အတွက်ကြောင့် ပညာပေးစနစ်နဲ့သွားမှသာ စိတ်ချရ မယ်။ ဒီလိုမှ
မဟုတ်ရင် တောင်သူတွေကော၊ စားသုံးသူတွေမှာပါ အရမ်း အန္တရာယ်ရှိနိုင်တယ်။

ပြီးတော့ သူတို့တွေဝင်လာတာကို ကြိုဆိုတဲ့ပုံမျိုးနဲ့ ပိုးသတ်ဆေးတွေ သုံးတာနဲ့စာရင် မြန်မာနိုင်ငံ
ဟာ အပျိုစင်နိုင်ငံလိုမျိုး ဖြစ်နေတာကို ထိန်းသိမ်းဖို့လိုတယ်လို့ ထင်တယ်"ဟု ၎င်းက ပြောသည်။

လတ်တလောတွင် မြန်မာပြည်၏ စိုက်ပျိုးရေးနှင့်ဆိုင်သော ပထမ အကြိမ်နိုင်ငံတကာ ကုန်စည်ပြပွဲ
ဖြစ် သည့် AGRO MYANMAR 2013 နှင့် ကောက်ပဲသီးနှံ ကာကွယ်ရေးဖိုရမ်ကို နိုဝင်ဘာလ ရ မှ
၈ ရက်နေ့အထိ ကျင်းပခဲ့ပြီး တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ ထိုင်း အစရှိသောနိုင်ငံများမှ မြန်မာ နိုင်ငံတွင်း
သို့ ဈေးကွက်နှင့် ပြည်တွင်း အစုစပ်လုပ်ငန်းရှင်များ ရှာဖွေရန် ပြခန်းပေါင်း ရ၈ ခုဖြင့် စိုက်ပျိုးရေးလုပ်
ငန်းသုံး ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေးနှင့် ဓာတ်မြေဩဇာများကို ပါ၀င်ပြသခဲ့ ကြ
သည်။

"မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ စိုက်ပျိုး မြေအနေအထားတွေအရ ဒီမှာ ဈေး ကွက်ထိုးဖောက်နိုင်မယ်
ဆိုရင် အခြား အိမ်နီးချင်းနိုင်ငံတွေထက်ပိုပြီး အလား အလာကောင်း တွေရှိမယ်လို့ ယုံကြည် တဲ့
အတွက် ဒေသခံလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်မိဖို့ ဒီပြပွဲမှာလာရောက်ပြသ တာပါ။ ဒါပေမဲ့ စိုက်ပျိုး
ရေးသုံးဆေး တွေကို တင်သွင်းတဲ့အခါမှာ မြန်မာ နိုင်ငံက အရည်အသွေးနဲ့ တင်သွင်း မယ့်ကုမ္ပဏီ
ရဲ့ နောက်ခံသမိုင်း ကြောင်း ကို သေချာစိစစ်ပြီးမှ တင်သွင်းဖို့ လိုပါလိမ့်မယ်" ဟု တရုတ်နိုင်ငံမှ
လာရောက်ပြသသော WANGS (Holdings) Limited မှ အမှုဆောင်အရာရှိချုပ် Wang Zulao
က မြန်မာတိုင်း(မ်)ကို ပြောသည်။

အိန္ဒိယနိုင်ငံရှိ Agri Life သဘာဝ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာထုတ်ကုမ္ပဏီမှ အုပ်ချုပ်မှု
ဒါရိုက်တာ Dr. Venkatesh Devanur က တင်သွင်း ရန်အတွက် မှတ်ပုံတင်ပြုလုပ်ခြင်းနှင့်
အစိုးရအားပြသရမည့် စာရွက်စာတမ်း ဆိုင်ရာ အခက်အခဲများရှိသဖြင့် ဒေသခံ လုပ်ငန်းရှင်
များဖြင့် ချိတ်ဆက်မိစေရန် လာရောက်ပြသခြင်း ဖြစ်ကြောင်း ပြောသည်။

"ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ လာပြတာပါ။ ကျွန်တော်တို့ကဓာတု ဆေးဝါးကို အသုံးပြုထား
တာမဟုတ် တဲ့အတွက် ပတ်ဝန်းကျင်ကိုမထိခိုက် ပဲ စားသုံးသူတွေကိုလည်း အဆိပ်အတောက်
ဖြစ်စေမှာ မဟုတ်ပါဘူး။ ခုလို ပွင့်လင်းလာတဲ့အချိန်မှာ မြန်မာနိုင်ငံကို ဈေးကွက်ရှာဖွေဖို့ရောက်
လာတာပါ" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး