အထည်ချုပ်လုပ်ငန်းပိုကောင်းရန် လိုအပ်ချက်များရှိ

အထည်ချုပ်လုပ်ငန်းပိုကောင်းရန် လိုအပ်ချက်များရှိ

မြန်မာ့အထည်ချုပ်ကဏ္ဍမှာ ဥရောပသမဂ္ဂ၏ အထူးအခွန်ကင်းလွတ်ခွင့် (ဂျီအက်စ်ပီ) ရပြီး နောက်
ပိုင်း အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့ရာ ထိုတိုးတက်မှုနှင့်အတူ ကျွမ်းကျင်လုပ်သားများ ရှားပါးမှု
ပြဿနာကို ဖြေရှင်းရန်နှင့် အခြေခံအဆောက်အအုံ ပြည့်စုံမှုရှိရန်အတွက် ဆောင်ရွက်ရန်လိုအပ်
လာကြောင်း အထည်ချုပ်လုပ် ငန်းကျွမ်းကျင်သူများက သုံးသပ်သည်။

"မနှစ်က တစ်နှစ်လုံးမှာမှ အမေရိကန်ဒေါ်လာ သန်း ရ၀၀ ဖိုးလောက် တင်ပို့နိုင်ပေ မယ့် ဒီနှစ်မှာ
တော့ ဂျီအက်စ်ပီရပြီး သုံးလ အတွင်းမှာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့နိုင် တယ်။ အိမ်နီးချင်း ပြိုင်
ဘက်နိုင်ငံတွေမှာ ကလည်း အလုပ်ခွင် ဘေးကင်းရေးဆိုင်ရာ ပြဿနာတွေရယ်၊ လုပ်ခလစာမြင့်
တာတွေရယ် ကြောင့် မြန်မာပြည်ဘက်ကို လှိမ့်ဝင်လာတာလည်း ဖြစ်နိုင်ပါတယ်" ဟု မြန်မာနိုင်ငံ
အထည် ချုပ်လုပ်ငန်းရှင်များအသင်းဝင် MC အထည်ချုပ်လုပ်ငန်းမှ ဒါရိုက်တာ ဦးအောင်မြင့်က
ပြောသည်။

ထိုကဲ့သို့ စုပြံုဝင်ရောက်လာခြင်းသည် အထည် ချုပ်လုပ်ငန်းကြီးတစ်ခုလုံး တိုးတက်ရန် အလွန်
အလားအလာကောင်းသော်လည်း အော်ဒါများ ကို အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်ရန်
အတွက် အခြေခံအဆောက်အအုံလိုအပ်ချက် နှင့် ကျွမ်းကျင်လုပ်သားရှားပါးမှုတို့က အဓိက
လိုအပ်ချက်များဖြစ်လာကြောင်း ဦးအောင်မြင့် က ပြောသည်။

"ကောင်းတဲ့အလားအလာက အော်ဒါတွေများလာတယ်။ ဒါပေမဲ့ ပြည်တွင်းမှာလည်း ကျွမ်း ကျင်
လုပ်သားရှားပါတာက လုပ်ငန်းအတွက် မနိုင်မနင်းဖြစ်လာနိုင်တော့ အခုဆိုရင် အော်ဒါ တွေထပ်ပြီး
လက်မခံနိုင်တော့တာတွေ ဖြစ်လာ တယ်။ ပြီးတော့ အရည်အသွေးမြင့်အထည်တွေကိုလက်ခံဖို့က
နိုင်ငံခြားကနည်းပညာတွေ ယူပြီး လုပ်ရင်ဖြစ်နိုင်ပေမယ့် လုပ်သားတစ်ဦးချင်းစီရဲ့ လုပ်အားကတော့
ပတ်ဝန်းကျင်နိုင်ငံ တွေကိုမီဖို့ ကြိုးစားရဦးမယ်"ဟု ၎င်းက ပြောသည်။

ထို့ပြင် အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် လည်း အခြေခံလုပ်ခလစာ သတ်မှတ်ခြင်း၊ လျှပ်စစ်
မီတာခ တိုးမြှင့်ကောက်ခံခြင်း စသည့် အချက်များနှင့် ပိုမိုများပြားလာသည့် အပ်ထည် များကို
အချိန်မီပြီးစီးအောင် ချုပ်လုပ်ပေးရန် အဆင်သင့် မဖြစ်သေးခြင်းတို့က လာမည့် ၂၀၁၄ ခုနှစ်
အတွင်း အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် အဓိကရင်ဆိုင်ရမည့် စိန်ခေါ်မှုများဖြစ် ကြောင်း ၎င်းက
ပြောသည်။

"ကျွန်တော်တို့ စက်ရုံစဖွင့်ပြီး တစ်နှစ် လောက်ဆို အရှုံးခံပြီးလုပ်ခဲ့ရတာ။ ခုမှ အထည် ချုပ်က
အဆင်ပြေခါစရှိသေးတယ်။ မီတာခတွေက တက်တော့မယ်ဆိုတော့ လက်ရှိမှာတောင် တစ်လကို
စက်ရုံနှစ်ရုံရဲ့ တစ်လစာမီတာခက သိန်း ၅၀ လောက်ရှိတာ။ နောက် ထပ်တက်မယ်ဆိုတော့
အမြတ်က ပိုနည်းဖို့ပဲ ရှိတယ်။ ပြီးတော့ ခုဆိုလုပ်သားတွေကလည်း တစ်ရုံနဲ့ တစ်ရုံ ပြိုင်ခေါ်နေ
ရတာ" ဟု Hallmark Manufacturing မှ ဒါရိုက်တာ ဦးမိုးပွင့်က ပြောသည်။

ယခင်နှစ်များတွင် အထည်ချုပ်လုပ်ငန်းမှာ အော်ဒါနည်းပါးသဖြင့် ရရှိလာသော အော်ဒါ မှန်သမျှကို
ရွေးချယ်ခွင့်မရှိဘဲ လက်ခံခဲ့ရ သော်လည်း ယခုအခါတွင် နှစ်သက်ရာအထည် အမျိုးအစားကို
ရွေးချယ်ချုပ်လုပ်ခွင့် ရှိလာ ပြီး အလွန်အလားအလာကောင်းသော လုပ်ငန်းဖြစ်လာကြောင်း
၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး