အဖျော်ယမကာတင်သွင်းမှုတွင် ဖြေလျှော့မှုများ ပြုလုပ်သွားမည်

အဖျော်ယမကာတင်သွင်းမှုတွင် ဖြေလျှော့မှုများ ပြုလုပ်သွားမည်

ပြီးခဲ့သည့်နှစ်လကျော်ကာလအတွင်း တရား မဝင် တင်သွင်းလာသော အဖျော်ယမကာများ ကို အစိုးရကဖမ်းဆီးသိမ်းဆည်းလိုက်သော ကြောင့် ပြည်တွင်းဈေးကွက်အတွင်း တရား မဝင် တင်
သွင်းကာဖွင့်လှစ်ထားသော ဆိုင်အချို့ပိတ်သွားခြင်းကြောင့် အရက်နှင့် ဘီယာ ပြတ်လပ်မှုများ
ဖြစ်ပေါ်ခဲ့သည်။

သို့သော်လာမည့် ဒီဇင်ဘာလမှစတင်၍ နိုင်ငံခြားခရီးသွားများ ပိုမိုဝင်ရောက်မှုများလာမည်ဖြစ်
သောကြောင့် အစိုးရက အဆိုပါကုန်စည်များ တင်သွင်းခွင့် ပိတ်ပင်ခြင်းအပေါ် ဖြေလျှော့မှုများပြု
လုပ်သွားရန် စီစဉ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပြောသည်။

ယင်းကုန်စည်များ တင်သွင်းခြင်းကို ယခု ဘဏ္ဍာနှစ်အတွင်း တရားဝင်ခွင့်ပြုသွားရန်အစီအစဉ်ရှိပြီး
အစောဆုံးကာလ ဒီဇင်ဘာနှင့် နောက်အကျဆုံး မတ်လများတွင် ခွင့်ပြု ပေးနိုင်ဖွယ်ရှိကြောင်း စီး
ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အသင့်စားနှင့်အေးခဲအစာများအပါအဝင် စီးကရက်၊ အရက်နှင့် ဘီယာစသော သွင်းကုန် ၁၅ မျိုးကို
ပြည်တွင်းလုပ်ငန်းများကာကွယ်ပေးရန်နှင့် အဓိကမကျသော ကုန်စည်များအဖြစ် ယူဆကာ စီးပွား
ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တရားဝင်တင်သွင်းခွင့်ပိတ်ထားခဲ့သော်လည်း အဆို
ပါကုန်များမှ အချို့ကိုတင်သွင်း ခွင့် ယမန်နှစ်က တစ်ကြိမ်၊ ယခုနှစ် ဆန်းပိုင်းတွင်တစ်ကြိမ်ပြန်လည်
ဖွင့်ပေးခဲ့သော်လည်း စီးကရက်နှင့် အရက်ဘီယာတို့ ကျန်ရှိနေသေးသည်။

"ကန့်သတ်ကုန်တွေကို သွင်းခွင့်ပြန်ဖွင့်ပေး မယ်ဆိုရင် ပြည်ပအဖွဲ့အစည်းတွေ၊ သက် ဆိုင်ရာဌာန
တွေနဲ့ ညှိဖို့လိုတယ်။ လုပ်ထုံး လုပ်နည်းတွေလည်း ဆွဲရဦးမယ်။ အဲဒီအတွက် ဆွေးနွေးဆောင်ရွက်
နေတာရှိတယ်။ မတ်လထက်တော့နောက်မကျအောင်လုပ်ဖို့ မှန်းထားတယ်"ဟု မီဒီယာပြောရေး
ဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောသည်။

ယင်းတို့မှာ ကန့်သတ်ကုန်စည်အဖြစ် သတ် မှတ်ထားသော်လည်း လိုအပ်ချက်အရ အခွန်လွတ်
ဆိုင်များနှင့် ဟိုတယ်စားသောက်ဆိုင်များ မှာမူ တရားဝင်တင်သွင်း ခွင့်ရနေသော်လည်း ပြင်ပသို့
ရောင်းချခွင့် မရှိပေ။ သို့သော် အဆိုပါ ကုန်စည်များမှာ ပြင်ပဈေးကွက်တွင် လွယ်လင့် တကူ ၀ယ်
ယူရရှိနေကြောင်း တွေ့ရသည်။

ထို့ပြင် ယင်းတို့ကိုတရားမဝင် ကူးသန်းသယ်ဆောင်လာစဉ် အကောက်ခွန်အရာရှိ များက သိမ်း
ဆည်းလိုက်သော်လည်း လုပ်ထုံး လုပ်နည်းအရ လူကိုဖမ်းဆီးခြင်းမရှိပေ။ ယင်းတို့ကို ပြည်တွင်း
ဈေးကွက်အတွင်း လေလံအဖြစ် ပြန်လည်ရောင်းချလိုက်ချိန်တွင် တစ် ဆင့် ပြန်လည်မရောင်းချ
ရန်ထုတ်ပြန်ထားသော် လည်း လိုက်နာမှုမရှိခြင်းကြောင့် ဈေးကွက် တွင်ပျံ့နှံ့သွားခြင်း ဖြစ်သည်။

တရားမဝင်ကုန်စည်များ လှုပ်ရှားရှာဖွေ ဖမ်းဆီးရေးအဖွဲ့သည် စက်တင်ဘာမှစတင်ကာ အရက်နှင့်
ဘီယာတင်သွင်းမှုငါးခုကို ဖမ်းဆီးနိုင်ခဲ့ကြောင်း တရားမဝင် ကုန်သွယ်မှုတားဆီးရေးနှင့် ထိန်းချုပ်
ရေးကော်မတီ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၀င်ရောက်ဖမ်းဆီးမှုငါးခုအနက် ပထမဦးဆုံး အမှုမှာ ပြည်တွင်းဈေးကွက်တွင်းဖြန့်ဖြူးသည့်ကုမ္ပဏီတစ်ခုဖြစ်သော GMG ဂရင်းလိုင်း မြန်မာဂရု
(ပ်)ကို စက်တင်ဘာ လ ၁၈ ရက်နေ့က ဒေါပုံမြို့နယ်တွင် ၀င်ရောက်ရှာဖွေခဲ့ရာ ၀ီစကီ၊ ၀ိုင်နှင့်
ဘီယာပုလင်းပေါင်း ၈၉,၀၀၀ ကျော်ဖမ်းဆီးရမိခဲ့သည်။

အောက်တိုဘာ ၈ ရက်နေ့တွင်မူ ဘုရင့်နောင် ကားကြီးဝင်းအတွင်းရှိပွဲရုံတစ်ခုမှ အရက်နှင့် ဘီယာ
မျိုးစုံ ၂,၅၆၁ ဖာကို ဖမ်းဆီး ရမိခဲ့သည်။ အောက်တိုဘာ ၉ ရက်နေ့တွင်မူ ရွှေပြည်သာ စက်မှုဇုန်
(၂) အတွင်းရှိ စက်ရုံတစ်ရုံ တွင် တစ်ဖာလျှင် ၂၄ ဘူးပါ ဘီယာ ၁,၈၉၈ ဖာ တို့ကို ဖမ်းဆီးရမိခဲ့
သည်။


 

အောက်တိုဘာလ ၂၈ ရက်နေ့တွင်မူ လှိုင်မြို့နယ်အတွင်းရှိ Quarto ဏမသိကခအျ ဂိုဒေါင်
အတွင်း ၀ိုင်မျိုးစုံပုလင်းပေါင်း ၃၀,၀၀၀ ကျော်၊ ဘီယာဖာပေါင်း ၂,၄၀၀ ဖာနှင့် အေးခဲအစား
အသောက်များကို ဖမ်းဆီးရမိခဲ့သည်။

ယင်းတို့ ထဲမှာ အချို့မှာ ဟိုတယ်ခရီးလိုင်စင်ဖြင့် တင်သွင်းလာခြင်းဖြစ်ပြီး နို၀င်ဘာလအတွင်း
ကျင်းပသော စားသောက်ကုန်ပွဲတွင်ပြသရန်ရည်ရွယ်ကာ တင်သွင်းလာခြင်းဖြစ်သည်။

အောက်တိုဘာလ ၃၀ ရက်နေ့တွင်မူ အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်းရှိ ဒိုင်နာယာဉ်ပေါ်မှ 
Black Label, Red Label ၀ီစကီနှင့် ရမ်ပုလင်းပေါင်း ၂,၁၆၀ ကို ဖမ်းဆီးရမိခဲ့သည်။

အဝေးပြေးဝင်းနဲ့ ပွဲရုံတွေမှာတွေ့တာတွေက မြဝတီဘက်ကနေဝင်လာတဲ့ ကွင်းဆက်အရ လိုက်တဲ့
အမှုတွေပါ။ GMG နဲ့ Quarto အမှုတွေက ရေကြောင်းကနေဟိုတယ်ခရီးလိုင်စင် တွေကိုသုံးပြီး
သွင်းလာတာပါ။ ဒါတွေက ဟိုတယ်ရဲ့လက်အောက်မှာပဲရှိရမှာ။ အပြင်ကို ဖြန့်ဖြူးရောင်းချလို့ မရ
ပါဘူး"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

"ကျွန်တော်တို့ကလည်း သတင်းပေးတိုင် ကြားတာနဲ့ တစ်နာရီအတွင်းသွားပြီး ရှာဖွေ မယ်။
ဒီအတိုင်းဆိုရင်တော့ လမ်းပေါ်မှာဖွင့် ထားတဲ့ဆိုင်တွေက အများကြီးပါ။ ဒါတွေက လည်း နှစ်ပေါင်း
များစွာ ဖြစ်တည်လာတာပါ။ အခွန်မဆောင်တာတွေကို ဖမ်းဆီးရတာဖြစ် သလို တစ်ဖက်မှာလည်း
ပြည်သူလူထု အဆင်ပြေပြေ ၀ယ်လို့ရနေတဲ့အပေါ်လည်း ကြည့်ရ သေးတယ်"ဟု ၎င်းက
ပြောသည်။

စားသောက်ဆိုင်နှင့် ဈေးဝယ်စင်တာများတွင် အလွယ်တကူဝယ်ယူရနေသော အဆိုပါ ကုန် ပစ္စည်း
များမှာ လက်ကျန်နည်းလာခြင်းကြောင့် အချို့သော ဈေးဆိုင်ငယ်များတွင် ဈေးတက် သွားကြောင်း
၀ယ်ယူသူများက ပြောသည်။ သို့သော်လည်း ဈေးဆိုင်ကြီးများတွင်မူ ဈေးနှုန်းပြောင်းလဲမှု မရှိပေ။

မြန်မာနိုင်ငံခရီးသွားအသင်း၏ အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပစ္စည်းပြတ်လပ်
သွားခြင်းမှာ ကြာရှည်ဖြစ်နိုင်ခြေမရှိပဲ ပုံမှန်သွင်းခွင့်များ ရလာပါက ပြန်လည်အဆင် ပြေသွားနိုင်
ကြောင်း ပြောသည်။

သို့သော် အစိုးရက အရက်၊ ဘီယာနှင့် စီးကရက်စသည်တို့ကို အခြားသောနိုင်ငံများတွင်ကျင့်သုံး
သည့်နည်းများအတိုင်း အခွန်ယခုထက်ပိုမိုတိုးမြှင့်ကောက်ခံနိုင်ကြောင်း ၎င်းက ပြောသည်။

"Sea Games ကျရင် နိုင်ငံခြားသား ဧည့်သည်တွေကတစ်ဆင့် ၀ယ်လိုအားတွေ တက်လာမှာဖြစ်
လို့ သွင်းခွင့်ဖွင့်ပေးတာမျိုး ဖြစ်သင့်တယ်။ တရားဝင်လမ်းကြောင်းပေါ် ရောက်လာရင် အခွန်လည်း
ပိုရလာမယ်။ အခွန် မဆောင်ပဲ သွင်းလာတဲ့ပစ္စည်းတွေဟာ တရားဝင်အခွန်ဆောင်တာထက်တော့
အများ ကြီး ဈေးသက်သာပါတယ်။ ဒါပေမဲ့စားသောက် ကုန် အရည်အသွေးကိုတော့ မသိနိုင်ဘူး"
ဟု ဦးနောင်းနောင်းဟန်က ပြောသည်။

ပြည်တွင်းအခွန်များဦးစီးဌာ၏ သတ်မှတ် ချက်အရ ယစ်မျိုးခွန်များမှာ အကောက်ခွန်နှုန်း ထားနှင့်
သယ်ယူစားရိတ်တို့ပေါ်မူတည်ကာ ပစ္စည်း၏ ၅၀ ရာခိုင်နှုန်းနှင့် အထက်ဖြစ်ပြီး အမျိုးအစားပေါ်
မူတည်ကာ အခွန်ပမာဏ အနည်းအများရှိသည်။

ဆီဒိုးနားဟိုတယ်၏ အစားအသောက်နှင့် အဖျော်ယမကာ မန်နေဂျာတစ်ဦးဖြစ်သည့် ဦးရဲမင်းက
ဈေးကွက်တွင်း ကုန်ပစ္စည်းပြတ် လပ်သွားသော်လည်း နောက်ထပ် ဖြန့်ဖြူးသည့် ကုမ္ပဏီများရှိနေ
သေးရာ အခက်အခဲ မဖြစ်ပေါ် သေးကြောင်းနှင့် အရေးပေါ်လိုအပ်လျှင် စူပါမားကက်များတွင်လည်း
၀ယ်ယူရရှိနိုင်ကြောင်း ပြောသည်။

"ကျွန်တော်တို့မှာ နောက်ထပ်ဖြန့်ချိတဲ့သူ ငါးဦးခြောက်ဦးလောက် ရှိနေသေးတော့ ၀ယ်လို့ ရနေ
သေးတယ်။ ဒါပေမဲ့ ၀ယ်သူတွေတောင်းဆိုတဲ့ တံဆိပ်အမျိုးအစားတိုင်းတော့ ရနိုင်မှာ မဟုတ်ဘူး။
အခုတော့ မရနိုင်သေး တဲ့တံဆိပ်တွေကိုဖယ်ပြီး ယာယီဝိုင် Menu ထုတ် ထားတယ်"ဟု ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး