၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ဒုတိယ လေးလပတ် ကုန်ခါနီးအထိ မြန်မာနိုင်ငံ၏ ပင်လယ်ရေ
ကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုနှစ်ခု မှာ ရရှိသော စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်
ဒေါ်လာ ၁၄,၃၂၁ ဒသမ ၄၆၆ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန
က ထုတ်ပြန်သော စာရင်း ဇယားများတွင် ဖေါ်ပြသည်။
အဆိုပါစာရင်းများအရ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပမာဏမှာ ပိုမိုများပြားခဲ့ပြီး အမေရိကန်
ဒေါ်လာ ၁၁,၄၆၀ ဒသမ ၀၇၅ သန်းရှိခဲ့ကာ နယ်စပ်ကုန်သွယ်မှုပမာဏမှာ ၂,၈၅၂ ဒသမ ၃၉၁
သန်း ရှိခဲ့သည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် ပို့ကုန် ထက် သွင်းကုန်ပမာဏပိုများခဲ့သော်လည်း နယ်စပ်
ကုန်သွယ်မှုတွင် ပို့ကုန်ပမာဏက ပိုများခဲ့သည်။
"ပြီးခဲ့တဲ့ဘဏ္ဍာနျစ် ဒုတိယလေးလပတ်ကုန်ကကုန်သွယ်မှုပမာဏနဲ့ နငိင်းယှဉ်မယ်ဆိုရင် ဒီနှစ် က
အများကြီးတိုးတက်လာပါတယ်။အမေရိကန် ဒေါ်လာ သန်းသုံးထောင်ကျော် တိုးလာတာပါ" ဟု
စီးပွားရေးနျင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စားသုံးသူရေးရာဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးစိုးဝင်းက ပြောသည်။
ယမန်နှစ် ဘဏ္ဍာနှစ်၏ ဒုတိယလေးလ ပတ်ကုန်အထိ ပင်လယ်ရေကြောင်းနျင့် နယ်စပ်ကုန်သွယ်
မှုပမာဏမှာ စုစုပေါင်း အမေ ရိကန်ဒေါ်လာ ၁၀,၉၅၈ ဒသမ ၅၀၅ သန်းရှိခဲ့ပြီး ယခုနှစ်နှင့်နှိုင်းယှဉ်ပါ
က စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃,၃၅၃ ဒသမ ၉၆၁ သန်း ပိုမိုတိုးတက်လာခဲ့
ခြင်း ဖြစ်သည်။
သို့ရာတွင် လယ်ယာထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ျွှိရစ္ဆာန်ထွက်ပစ္စည်းများနျင့် ရေထွက်ပစ္စည်းများ
ကုန်သွယ်မှုပမာဏမှာ ယမန်နှစ်အောက် လျော့ကျခဲ့ပြီး၊ သတ္တုတွင်းထွက်ပစ္စည်းများ၊ သစ်တော
ထွက်ပစ္စည်များနျင့် အခြားသစ်တောထွက်ပစ္စည်းများ၊ စက်မှု ကုန်ချောပစ္စည်းများ ကုန်သွယ်မှု
ပမာဏမှာ ပြီးခဲ့သည့်နှစ်ထက် သိသာစွာ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
လယ်ယာထွက်ကုန်ပစ္စည်းတွင် ယမန်နှစ်က နယ်စပ်ကုန်သွယ်ရေးများမှ တစ်ဆင့်တင်ပို့ သည့်
ကောက်ညှင်းစပါး၊ ဗကာက်ညှင်းဆန်နျင့် စပါးတို့ကို ယခုနှစ်တွင် တင်ပို့နိုင်ခြင်းမရှိခဲ့ပဲ မတ်ပဲတင်
ပို့မှုတွင်လည်း ပင်လယ်ရေကြောင်း မှတစ်ဆင့်တင်ပို့မှုမှာ ယမန်နှစ်အောက်လျော့ ကျသွားခဲ့ပြီး
နယ်စပ်ကုန်သွယ်မှုတွင် ယမန်နှစ်က ထက် များစွာတိုးတက်လာခဲ့သည်။
ပဲပုတ်စေ့မှာလည်း ယမန်နှစ်က ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင်
တင်ပို့နိုင်ခြင်းမရှိခဲ့ပေ။ သို့ရာတွင် သတ္တုတွင်းထွက်ပစ္စည်းများနျင့် သစ်တောထွက်ပစ္စည်းများဆိုင်
ရာ ကုန်သွယ် မှုကဏ္ဍများတွင် ယမန်နှစ်ထက်များစွာ တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ်က အမေရိကန်ဒေါ်
လာ ၃၇၆ ဒသမ ၃၁၁ သန်းရှိခဲ့ရာမှ ယခုနှစ် တွင် ၁,၀၁၂ ဒသမ ၆၀၅ သန်းအထိ တိုးတက်လာခဲ့
ခြင်း ဖြစ်သည်။
















