အရန်ဆန် ထားရှိခြင်းက ဆန်ကုန်သည်များသာ အကျိုးဖြစ်ထွန်းနေ

အရန်ဆန် ထားရှိခြင်းက ဆန်ကုန်သည်များသာ အကျိုးဖြစ်ထွန်းနေ

ပြည်တွင်းဆန်ဈေးနှုန်း ထိန်းညှိရန်၊ တောင်သူများ သင့်တင့်သောစပါးဈေးနှုန်းဖြင့် ရောင်းချနိုင်ရန်နှင့်
သဘာဝ ဘေးအန္တရာယ်တို့အတွက်ရည်ရွယ်ကာ ၂၀၁၁ ခုနှစ်မှစတင်၍ နိုင်ငံတော် အရန်ဆန်သို
လှောင်ခြင်း မှာ တောင်သူများထက် ကုန်သည်များ ကသာ အကျိုးအမြတ် ပိုမိုရရှိနေကြောင်း
လွတ်လပ်သော တောင်သူ လယ်သမားသမဂ္ဂ၏ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

အရန်ဆန်အား ဈေးအနိမ့်ဆုံးအချိန် တွင် ၀ယ်ယူကာ အရည်အသွေး အကောင်းဆုံးကိုသာ
ရွေးချယ်ဝယ်ယူ ၍ အမြတ်အစွန်းရရှိအောင် ပြန်လည်ရောင်းချနိုင်ရမည်ဟူသော မူဝါဒကို
အရန်ဆန် စတင်မထားရှိမီတွင် ချမှတ် ထားခဲ့ပြီးဖြစ်ကြောင်းလည်း ဦးသိန်းအောင်က
ပြောသည်။

"အရန်ဆန်ဟာ တိုင်းပြည်အတွက် လိုအပ်ပါတယ်။ ဒါပေမဲ့ တောင်သူတွေ ဦးစီးတဲ့အဖွဲ့ကသာ
အရန်ဆန်ဝယ်ယူမယ်ဆိုရင်ကောင်းတာပေါ့။ ဒီကိစ္စကို ကုန်သည်တွေ လက်ထဲကို အပ်လိုက်တော့
တောင်သူတွေအရမ်းကို နစ်နာပါ တယ်။ စီမံခန့်ခွဲတဲ့ အဖွဲ့ဝင်တွေက ထိုက်သင့်တဲ့ ဈေးနှုန်းတစ်ခု
ကို သတ် မှတ်မယ်ဆိုရင်တော့ အကျိုးရှိမှာပါ" ဟု ၎င်းကပြောသည်။

ဆန်ဈေး အနိမ့်ဆုံးအချိန်ဖြစ်သည့် စပါးပေါ်ချိန်တွင် အရန်ဆန်ကို ဈေး ကောင်းမသတ်မှတ်ဘဲ ၀ယ်
ယူခြင်း က တောင်သူများအတွက် များစွာ နစ်နာစေပြီး အမှန်တကယ် စပါးဈေး ကောင်းရချိန်တွင်
တောင်သူများထံ တွင် စပါးမရှိတော့ဘဲ ကုန်သည်များက သာ အကျိုးများကြောင်း ၎င်းက
ပြောသည်။

"သူတို့က ဈေးအနိမ့်ဆုံးအချိန်ကိုစောင့်ပြီးမှ အရန်ဆန်ဝယ်ယူတယ်။ အဲဒီအချိန်ဟာ စပါးစပေါ်ချိန်
ပဲ။ တောင်သူတွေ ငွေအရမ်းလိုတဲ့အချိန် ဆိုတော့ ထုတ်ရောင်းရပြီ။ ကုန်သည် တွေက အရန်ဆန်
၀ယ်ရင်းနဲ့ သူတို့ အတွက်ဆန်တွေပါ ၀ယ်လှောင်တော့ တောင်သူဆီက အနိမ့်ဆုံးဈေးနဲ့ရတယ်။
ပြီးတော့ တကယ်တမ်း ဈေးတက်တဲ့ အချိန်ကျမှ ထုတ်ရောင်းတော့ အပင် ပန်းခံ စိုက်တာက
တောင်သူ၊ အကျိုး အမြတ်များတာက ကုန်သည်ဖြစ်နေတာပေါ့"ဟု ၎င်းက ပြောသည်။

သို့သော် အရန်ဆန်သည် တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ကြောင်း နှင့် စပါးဈေးထိန်းညှိ
ရာတွင် များစွာ အထောက်အကူပြုကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် အလုပ် အမှုဆောင်
အဖွဲ့ဝင်များက ပြောသည်။

"အရန်ဆန်ကတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ လုပ်ခဲ့တာပဲ။ အာဆီယံ ဒေသတွင်းမှာလည်း
အရန်ဆန်ထားရှိရမယ်ဆိုတာ ရှိတယ်။ လက်ရှိမှာတော့ ထားရှိတဲ့ ပမာဏကနည်းနေသေးတော့
ထိရောက်မှုနည်းဦးမှာပဲ။ ထိုင်းနိုင်ငံမှာ တစ်နှစ်ကို အရန်ဆန် တန်ချိန် ၁၂ သန်း လောက် ထားတဲ့
အချိန်မှာ ကျွန်တော်တို့က တန်ချိန် ငါးသောင်းကျော်လောက် ပဲ ထားနိုင်သေးတယ်"ဟု မြန်မာနိုင်
ငံ ဆန်စပါးအသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက မြန်မာတိုင်း(မ်)ကို
ပြော သည်။

ယမန်နှစ်က ဆန်တန်ချိန်ပေါင်း ၅၀,၀၀၀ ကျော်ကို အရန်ဆန်အဖြစ် ထားရှိခဲ့ပြီး ဆန်ဈေးအလွန်
မြင့်တက်ခဲ့ချိန်ဖြစ်သည့် ယခုနှစ် စက်တင်ဘာလအတွင်း စတင်ထုတ်ရောင်းခဲ့ကြောင်း အသင်း
အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးနေလင်းဇင်က ပြောသည်။

"ပြီးခဲ့တဲ့ ရှစ်လပိုင်းနဲ့ ကိုးလပိုင်းတွေမှာဆန်ဈေးက တော်တော်လေး ကို မြင့်တက်သွားခဲ့တယ်။
ဒီနှစ်တက် တဲ့ဈေးက သမိုင်းမှာ နှစ်ငါးဆယ် အတွင်း အမြင့်ဆုံးပဲလို့တောင် ပြောလို့ ရတယ်။
ဧည့်မထဆန် တင်း ၁၀၀ ကို ကျပ် ၄၈၀,၀၀၀ ကနေ ၅၂၀,၀၀၀ ကြား ပေါက်တယ်။

အဲဒီအချိန်မှာ အရန်ဆန် ကိုထုတ်ရောင်းလိုက်တဲ့ အတွက် ဆန်ဈေးက ချက်ချင်းပြန်ကျလာတယ်။
ပြီးတော့ မြဝတီမှာ ရေကြီးတုန်းက လည်း နိုင်ငံတော်က အကုန်အကျခံပြီးတော့ အရန်ဆန်ကို
ထုတ်ဝေပေးခဲ့တယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် က ပြုစုထားသောစာရင်းများအရ အရန်ဆန်ကို စက်တင်ဘာလ
ဆန်းမှစတင်၍ ၁၀၈ ပေါင် တစ်အိတ်လျှင် ၁၅,၀၀၀ ကျပ် နှုန်းဖြင့် ၀ါးတန်းလမ်းရှိ ကုန်စည်ဒိုင်တွင်
ရောင်းချခဲ့ပြီး တန်ချိန်ပေါင်း ၂,၀၄၅ တန် ရောင်းချ ပြီးဖြစ်ကြောင်းနှင့် လာမည့်နှစ်အတွက်
သိုလှောင်ထားရှိရန် အရန်ဆန်များကို ၀ယ်ယူရန် စတင်ပြင်ဆင်နေပြီ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး