ဗီယက်နမ်ကုန်စည်ပြပွဲ ဒီဇင်ဘာတွင်၊ကျင်းပမည်

ဗီယက်နမ်ကုန်စည်ပြပွဲ ဒီဇင်ဘာတွင်၊ကျင်းပမည်

ဗီယက်နမ်နိုင်ငံထုတ် စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေး၊ စက်ပိုင်း ဆိုင်ရာ၊ ဆေးဝါးနှင့်
အလှကုန်ပစ္စည်း များ ပါ၀င်ပြသမည့် Vietnam Expo 2013 in Myanmar ကုန်စည်ပြပွဲ ဒီဇင်ဘာ
လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည် ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
ဗီယက်နမ် စီးပွားရေးကောင်စစ်မှူး VU Cuong က နိုဝင်ဘာလ ၂၉ ရက်နေ့က ပြောသည်။

"ကုန်စည်ပြပွဲကို ၂၀၀၂ ခုနှစ်တည်း က ဒီမှာစပြီး လာလုပ်ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီး မလုပ်
ဖြစ်တော့ဘဲ ၂၀၀၉ ခုနှစ်မှ ပြန်လုပ်ခွင့်ပေးလို့ အဲဒီ နောက်ပိုင်းကစပြီး ပုံမှန်ပြန်လုပ်ဖြစ်ခဲ့ ပါတယ်"
ဟု ၎င်းကပြောသည်။

ကုန်စည်ပြပွဲ လာရောက်လုပ်ကိုင် သည့်အတွက် အခက်အခဲမရှိ သော် လည်း အခွန်ကိစ္စနှင့် ပတ်
သက်၍ အနည်းငယ် အခက်အခဲရှိကြောင်း ၎င်းကပြောသည်။ "ကျွန်တော်တို့ ဗီယက်နမ်ပစ္စည်း
တွေက ဈေးအရမ်းသက်သာတယ်။ ဒါပေမဲ့ ဒီမှာ အခွန်ကပုံသေသတ်မှတ် ထားတာဆိုတော့ သိပ်
အဆင်မပြေ ဘူး"ဟု ၎င်းက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနလက်အောက်ရှိ ကုန်သွယ် မှု မြှင့်တင်ရေးဦးစီး
ဌာနမှ ညွှန်ကြား ရေးမှူး ဦးဝင်းမြင့်က ကုန်စည်ပြပွဲတွင် ပြသသည့် ကုန်ပစ္စည်းများအပေါ်တွင်
အခွန်ကောက်ခံမှုမရှိဘဲ တင်သွင်းသည့် ကုန်ပစ္စည်းအပေါ်တွင်လည်း ဈေးနှုန်းပေါ်မူတည်၍
အခွန်ကောက်ခံခြင်း ဖြစ်ကြောင်း ပြောသည်။

"ကုန်စည်ပြပွဲ လာလုပ်တယ်ဆိုတာ တချို့က ဈေးကွက်ရှာတာ။ တချို့က တော့ ဈေးကွက်ရှိပြီး
သားပါ။ ကုန်စည်ပြပွဲလုပ်တော့ ပစ္စည်းချင်းတူပြီးဈေးနှုန်း တူရင်တောင် အရည်ကသွေးကို စိတ်
ကြိုက်ရွေးချယ်နိုင်တယ်" မြန်မာနိုင်ငံ ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး
ဦးသန်းအောင်ကျော် က ပြောသည်။

ကုန်စည်ပြပွဲများ ပြုလုပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလာဖို့ အဆက်အသွယ်များ ရရှိရန် ပိုမိုလွယ်ကူ
စေပြီး ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်
ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်
အထွေ ထွေအတွင်းရေးမှူး ဦးမျိုးသန့်က ပြော သည်။

ဗီယက်နမ်သည် မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် 'ကန်' ဒေါ်လာ သန်း ၃၀ ခန့်
ရင်းနှီး မြှုပ်နှံထားပြီး ဆေးဝါးကဏ္ဍတွင်လည်း ယမန်နှစ်က အမေရိကန်ဒေါ်လာ လေး သန်းကျော်
ဖိုး တင်သွင်းခဲ့ပြီးဖြစ်သည်။

ယခုနှစ် အောက်တိုဘာလကုန် အထိ ဗီယက်နမ်နိုင်ငံသည် မြန်မာ နိုင်ငံတွင် စီးပွားရေးလုပ်ငန်း
စုစုပေါင်း ခြောက်ခုတွင် အမေရိကန်ဒေါ်လာ ၅၁၂ သန်းဖိုး ရင်းနှီးမြှုပ်နှံထားပြီး ဖြစ်ကာ အဆိုပါ
ပမာဏမှာ မြန်မာ နိုင်ငံတွင်း လာရောက်ရင်းနှီးမြှုပ်နှံ သော ပြည်ပရင်းနှီးမြုပ်နှံမှု၏ ၁ ဒသမ ၁
ရာခိုင်နှုန်းသာရှိကြောင်း ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး