ယခုနှစ် ဇူလိုင်လမှစတင်ခါ ပြည်တွင်း သို့တင်သွင်းခဲ့သည့် Mercedes ကားသစ်များ ရောင်းချ
မည့် အရောင်း ပြခန်း Phase 1 ကို နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းတွင် တရား
၀င်ဖွင့်လှစ်ခဲ့သည်။ Automobile Alliance Co.,Ltd (AA) နှင့် Cycle and Carriage
Automobile Myanmar Co.,Ltd (CCAM) တို့ပူးပေါင်းကာ အရှေ့ တောင်အာရှ ဈေးကွက်နှင့်
တစ်ပြေး ညီ နောက်ဆုံးပေါ် Mercedes S-Class ကိုလည်း ယခုဖွင့်လှစ် သော ပြခန်းအသစ်တွင်
စတင် ရောင်းချပေးသွားမည် ဖြစ်သည်။
"ဒီနှစ်အစောပိုင်းက E-Class ကို စတင်မိတ်ဆက်ပေးခဲ့ပြီး ခြေလှမ်းအသစ်အနေနဲ့ နိုင်ငံတကာ
အဆင့်မီ အရောင်းပြခန်းနဲ့ ၀န်ဆောင်မှုတွေ ကို ပေးခဲ့တာဖြစ်လို့ တခြား အရှေ့တောင်အာရှ နိုင်ငံ
တွေက သူတို့တွေလို ဒီမှာလည်း S-Classs အသစ်ကို ၀ယ်ယူပိုင်ဆိုင်နိုင်မှာ" ဟု Automobile
Alliance Co.,Ltd မှ အုပ်ချုပ်မှု ဒါရိုက်တာဦးအောင်မိုး ကျော်က ပြောသည်။
လက်ရှိ တင်သွင်းထားသော S-Class ၏ တန်ဖိုးမှာ အကြမ်းဖျင်းအားဖြင့် မူရင်းကားတန်ဖိုး ဒေါ်လာ
၁၈၀,၀၀၀ ခန့် ကျသင့်မည်ဖြစ်ပြီး ၂၀၁၄ မော်ဒယ် ဖြစ်သည်။
"ကျွန်တော်တို့ တစ်နှစ်ကို ဘယ်နှစ်စီးလောက် သွင်းနိုင်မလဲဆိုတာတော့ မပြောနိုင်သေးဘူး။
လက်ရှိမြန်မာနိုင်ငံ အခြေအနေကတော့ အရမ်းကောင်းပါတယ်။ ဈေးကွက်အလားအလာလည်း
ရှိတယ်။ ဒါပေမဲ့ ကားသစ်ဈေးကွက် အရမ်းဖွံ့ဖြိုး လာ မလာကိုတော့ တွက်လို့မရသေးဘူး။
ချက်ခြင်း ဖြစ်မလာနိုင်ပေမယ့် ကား သစ်ဈေးကွက်ကို ကြိုတင်နေရာယူထားချင်လို့ ကျွန်တော်တို့
ဒီလို ကား သစ်တွေ တင်သွင်းတာပါ" ဟု Daimler South East Asia Pte Ltd မှ အမှုဆောင်
အရာရှိချုပ် Mr. Wolfgang Huppenbauer က ပြော သည်။
ကမ္ဘာ့နိုင်ငံအတော်များများတွင် ကားဟောင်းနှင့် ကားသစ်ဈေးကွက် များမှာ နိုင်ငံအလိုက်ရှိကြပြီး
မြန်မာ နိုင်ငံတွင် ကားဟောင်းများမှာ ဈေး ကွက်၏ ရာနှုန်းအတော်များများကို လွှမ်းမိုးထားသော်
လည်း နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူ လူတိုင်း၏ တစ်ဦးချင်း ၀င်ငွေလည်း တိုးတက်
လာနိုင်ခြင်း ကြောင့် လိုအပ်ချက်လည်း ပြောင်း လာနိုင်သည့်အတွက် ကားသစ် ဈေးကွက်တစ်ခု
အခိုင်အမာ ရပ်တည် လာနိုင်ဖွယ်ရှိကြောင်း Cycle & Carriage Automobile Myanmar Co.,Ltd
မှ အရောင်းနှင့် ဈေးကွက်တာဝန်ခံ ဦးအောင်သက်လွင်က ပြောသည်။

















