မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းကဏ္ဍပေါင်းစုံသို့ နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်လျက်
ရှိသော် လည်း ငါးလုပ်ငန်းကဏ္ဍတွင် ဆွေးနွေး မှုများသာရှိပြီး အမှန်တကယ် လာ ရောက်ရင်းနှီး
မြှုပ်နှံမှု မရှိသလောက် နည်းပါးကြောင်း ငါးလုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများက ပြောသည်။
"အခုချိန်က နိုင်ငံတကာက မြန်မာနိုင်ငံကို စိတ်ဝင်စားနေတဲ့အချိန်ဆိုတော့ ရင်းနှီးမြှုပ်နှံမှုအတွက်
လာတော့ ဆွေးနွေးကြပါတယ်။ နိုင်ငံပေါင်းစုံပါ ပဲ။ ဒါပေမဲ့ တကယ်တမ်းရင်းနှီးမြှုပ်နှံ ဖို့တော့ ဖြစ်
မလာသေးပါဘူး" ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
ငါးလုပ်ငန်းကဏ္ဍသို့ ပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်မလာသေးခြင်း သည် လက်ရှိမြန်မာနိုင်
ငံ၏ နိုင်ငံရေးအခြေအနေ၊ အခြေခံအဆောက်အအုံမပြည့်စုံသေးခြင်းနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု
ဥပဒေတွင် နိုင်ငံခြား သားများ အတွက် အခွင့်အရေးနည်းပါး မှုကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ
ငါးလုပ်ငန်းအဖွဲ့ချုပ်၏ အမှုဆောင်အရာရှိဖြစ်သူ ဒေါက်တာတိုးနန္ဒာတင် က ပြောသည်။
"နိုင်ငံခြားက ရင်းနှီးမြှုပ်နှံတော့မယ် ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်မှု ကို အရင်ဦးဆုံး အဓိက
ထားပြီး ကြည့် မှာပဲ။ မြန်မာနိုင်ငံမှာကလည်း ငြိမ်းချမ်း ရေးလုပ်ဖို့ကိစ္စတွေကလည်း ရှိသေး တယ်။
နောက်ပြီး ရင်းနှီးမြှုပ်နှံမှုမှာ အရေးပါတဲ့ အခြေခံအဆောက်အအုံ တွေဖြစ်တဲ့ လမ်းပန်းဆက်သွယ်
ရေး နဲ့ လျှပ်စစ်မီးတွေကလည်း ဘာမှ အဆင်မပြေသေးဘူး။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ
ကလည်း သူတို့ ကျေနပ်လောက်တဲ့အထိမရသေးဘူး လို့ ထင်ကောင်းထင်နိုင်တယ်။ဒီတော့
ရင်းနှီးမြှုပ်နှံမယ့်သူက ဒီအချက်တွေနဲ့ တင် နောက်ဆုတ်သွားကြတာ ဖြစ်မှာပါ"ဟု ၎င်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။
ထို့ပြင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဆိုင်ရာ နိုင်ငံတကာပြပွဲများအား မြန်မာ နိုင်ငံတွင် ပြုလုပ်
ကျင်းပသော်လည်း ပြပွဲနောက်ပိုင်းတွင်
လည်း ပြည်ပမှရင်းနှီးမြှုပ်နှံမှု သိသာစွာ ၀င်ရောက် လာခြင်းမရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချုပ်မှ တာဝန်ရှိသူများ က ပြောသည်။
"ပြပွဲတွေပြီးသွားလည်း ဘာမှထူး မလာပါဘူး။ မြန်မာနိုင်ငံအနေနဲ့က ရင်းနှီးမြှုပ်နှံမှုကို ယုံကြည်
လောက်တဲ့ အနေအထားတွေ မရှိသလိုဖြစ်နေတော့ သူတို့ကလည်း စဉ်းစားမှာပဲ။ နောက်ပြီး ငါး၊
ပုစွန် မွေးမြူရေးပိုင်း ကလည်း ရေရှည်ရင်းနှီးမြှုပ်နှံရမယ့် လုပ်ငန်းဖြစ်နေတယ်။ မြှုပ်နှံချင်တဲ့သူက
တော့ အားလုံးကို ခြုံကြည့်မှာပဲ"ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုလက်ရှိ မြန်မာနိုင်ငံ၏ ငါး၊ ပုစွန် ဖမ်းဆီးရေးအပိုင်းအပြင် မွေးမြူရေးအပိုင်းတွင်လည်း ကုန်ထုတ်
လုပ်မှုမှာ တိုးတက်မလာဘဲ ရပ်တန့်လျက်ရှိရာ ထိုသို့ဖြစ်ရခြင်းမှာ ရင်းနှီးငွေမလုံလောက်ခြင်းသည်
အဓိကအချက်ဖြစ် ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်းမှ ဦးဝင်းကြိုင် က
ပြောသည်။
"ကျွန်တော်တို့ရဲ့ လုပ်ငန်း ဆောင် ရွက်မှုအပိုင်းက တန့်နေတဲ့ အနေ အထားမှာရှိပါတယ်။ ဒီလိုဖြစ်
ရတဲ့ အကြောင်းအရင်းကလည်း လုပ်ငန်းရှင် တွေက ငွေကြေးပိုင်းမှာ မလုံလောက် ကြလို့ပါ။ နိုင်ငံ
တကာက အသေးစား နဲ့အလတ်စား ချေးငွေပေးတဲ့ အဖွဲ့တွေ ကျွန်တော်တို့နဲ့ လာဆွေးနွေးကြပါ
တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ တစ်ခါမှ အကောင်အထည်ပေါ်မလာပါဘူး"ဟု ၎င်းက
ပြောသည်။
ထို့ပြင် နိုင်ငံတကာနှင့် အိမ်နီးချင်း နိုင်ငံများသည် မြန်မာ့ငါးလုပ်ငန်းကဏ္ဍ ၌ မွေးမြူရေးပိုင်းထက်
သဘာဝအတိုင်းဖမ်းဆီးရေးတွင်သာ ရင်းနှီးမြှုပ်နှံလိုကြ သည်ကို ပိုမိုတွေ့ရပြီး မြန်မာ့ပင်လယ်ပြင်
တွင် ငါးဖမ်းဆီးခွင့်ရရန် နိုင်ငံအတော်များများက တောင်းဆိုလျက်ရှိကြောင်း ဦးဝင်းကြိုင်က ပြော
သည်။
"ကျွန်တော်တို့ တကယ်လိုအပ်နေတာက လူတွေဖန်တီးထုတ်လုပ်လို့ရတဲ့ မွေးမြူရေးပိုင်းကို လာပြီး
ရင်းနှီးမြှုပ်နှံ ဖို့ပါ။ ဒါပေမဲ့ နိုင်ငံတကာက မြန်မာ့ ပင်လယ်ပြင်က သဘာဝအလျောက် ဖမ်းဆီးရေး
ကို ပိုပြီးစိတ်ဝင်စားတာ ကို တွေ့ရတယ်။ ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်စတဲ့ နိုင်ငံတွေဆိုရင် ငါးဖမ်းဆီး
ခွင့်တွေ ရနိုင်မလားဆိုပြီး ကမ်းလှမ်း တာတွေ တော်တော်များများ ရှိခဲ့တယ်။ ကျွန်တော်တို့ကတော့
ငါးဖမ်းဆီးခွင့်ကို မပေးနိုင်ပါဘူး"ဟု ၎င်းက ပြောသည်။
ပုစွန်လုပ်ငန်းမှာလည်း မွေးမြူရေး ထက် သဘာဝဖမ်းဆီးရရှိမှုကသာ ပိုမိုထုတ်လုပ်နိုင်သည့် အခြေ
အနေဖြစ်သည့်အတွက် အဆင့်မြင့်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ငွေကြေးရင်းနှီး
မြှုပ်နှံမှု များစွာလိုအပ်လျက်ရှိသော်လည်း နိုင်ငံတကာမှလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှု နည်းပါး
လျက်ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"ပုစွန်လုပ်ငန်းက မွေးနိုင်ရင် အကျိုး အမြတ်ရနိုင်ပေမယ့် အရင်းအနှီးကို ထိထိရောက်ရောက်
မထည့်နိုင်ကြသေးဘူး။ ဒါကို နိုင်ငံတကာနဲ့ ပူးပေါင်း ပြီး မွေးမယ်ဆိုရင် အောင်မြင်နိုင်မယ့် အနေ
အထားတော့ရှိတယ်။ ထိုင်း၊ ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတို့ကတော့ စိတ်ဝင်စားလို့ဆိုပြီး ဒီကပုစွန်ကန်
တွေကိုတော့ လာကြည့်ကြပါ တယ်။ ဒါပေမဲ့ ကြည့်ပြီးရင် ပြန်သွားတာပဲရှိတယ်။ လက်တွေ့လာပြီး
လုပ်တယ် ဆိုတာက မရှိသလောက်ကိုရှားပါ တယ်" ဟု ပုစွန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

















