အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အခန်း
ကဏ္ဍဆိုင်ရာ စစ်တမ်းတစ်ခုကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ လမှ စတင်၍ ကောက်ယူသွားမည်ဖြစ်
ကြောင်း ၀န်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။
ပုဂ္ဂလိကအခန်းကဏ္ဍ မြှင့်တင်နိုင်ရေးအတွက်ထိုစစ်တမ်းကိုကောက်ယူခြင်းဖြစ်ပြီး အဆိုပါစစ်တမ်း
ကောက် ယူမှုကို အရပ်ဘက်လူမှုအဖွဲ့အစည်းဆိုင်ရာ အချို့အပါအဝင် ဗဟိုစာရင်း အင်း အဖွဲ့နှင့်
အဆိုုပါ၀န်ကြီးဌာနတို့ ဆောင်ရွက်သွားမည် ဖြစ်သည်။
"ကျွန်တော်တို့အခု စာတစ်မျက်နှာ စစ်တမ်းဆိုပြီး ကောက်နေတာရှိပါ တယ်။ ကုလသမဂ္ဂဖွံ့ဖြိုးမှု
အစီအစဉ်နဲ့ ပူးပေါင်းပြီး စစ်တမ်းကောက်နေတာ ပါ"ဟု ညွှန်ကြားရေးမှူး ဦးအောင်မြင့် သန်းက
ပြောသည်။
"မြန်မာနိုင်ငံက ဖွံ့ဖြိုးမှု အားနည်းတဲ့ နိုင်ငံစာရင်းထဲမှာပဲ ရှိနေသေးတယ်။ ဒါပေမဲ့ အဲဒီအတွက်
တိုင်းပြည်က အထူးအခွင့်အရေးတွေရတာ ရှိတယ်။ ဥပမာ ဪ ဂျီအက်စ်ပီလို ကိစ္စမျိုးပေါ့။
ဒီတော့ ဒါမျိုးကိုသိထားဖို့လိုတယ်။ ဒါမှ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သိလာ လိမ့်မယ်"ဟု
ကုန်သည်နှင့်စက်မှု အသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
မြန်မာနိုင်ငံသည် လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်နိုင်ငံများနည်းတူ အာဆီယံဒေသတွင်း စီးပွား
ရေးဖွံ့ဖြိုး မှု အားအနည်းဆုံး နိုင်ငံများစာရင်း တွင်ပါ၀င်လျက်ရှိသည်။
















