နိုင်ငံခြားမှ တင်သွင်းသည့် ၀ုိင်၊ အရက်၊ ဘီယာနှင့် စီးကရက်များကို ၎င်း၏ လုပ်ငန်းများဖြစ်
သော City Mart ဆိုင်ခွဲများ၊ Ocean ဈေးဝယ်စင်တာများနှင့် City Express အရောင်းဆိုင်
များတွင် ရောင်းချခြင်းကို ဒီဇင်ဘာလ ၆ ရက်နေ့မှစတင်ခါ ခေတ္တရပ်ဆိုင်းထား မည်ဖြစ်ကြောင်း
City Mart Holdings Co.,Ltd က ကြေညာခဲ့သည်။
၎င်းတို့ ရောင်းချလျက်ရှိသော အဖျော်ယမကာများကို အဓိကတင်သွင်းသည့် Premium
Distribution Co.,Ltd လုပ်ငန်းပိုင် ကုန်လှောင်ရုံ ကို ဒီဇင်ဘာ လ ၄ ရက်နေ့က တရား
မဝင် ကုန်သွယ်မှုတားဆီးရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည့် လှုပ်ရှား ရှာဖွေစစ်
ဆေးရေးအဖွဲ့ ၀င်ရောက် စစ်ဆေးခဲ့အပြီး City Mart ံသိူငညါျ က ထိုသို့ကြေညာခဲ့ခြင်းဖြစ်ပြီး
လက်ရှိကျင့်သုံးလျက်ရှိသည့် ကုန်သွယ်မှုမူဝါဒ ရှင်းလင်းမှုမရှိခြင်းကိုလည်း ထောက်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး လက်လီအရောင်းဆိုင်ကြီးဖြစ်သော City Mart ၏ ကြေညာချက်တွင်
အရက်နှင့် စီးကရက် တင်သွင်းခြင်းများနှင့်ပတ်သက်၍ မရေမရာဖြစ်နေသည့် အခြေအနေကြောင့်
၎င်းလက်လီအရောင်းဆိုင်များမှ ကုန်ပစ္စည်းများ ရောင်းချခြင်းကို ယာယီရပ်ဆိုင်းခြင်းဖြစ်ကြောင်း
ဖော်ပြခဲ့သည်။
၁၉၉၆ ခုနှစ်မှစ၍ အရက်၊ စီးကရက်၊ ဘီယာနှင့် ၀ိုင်များကို ပုံမှန်သွင်းကုန် လိုင်စင်ဖြင့် တင်သွင်း
ခွင့်မပြုခဲ့ပဲ ဟိုတယ်နှင့် လေဆိပ်များရှိ အကောက်အခွန်မဲ့ ပစ္စည်းအရောင်းဆိုင်များကို သာ
တရားဝင်တင်သွင်းခွင့် ပြုထား သည့် လက်ရှိကုန်သွယ်ရေးမူဝါဒ သည် စီးပွားရေးလုပ်ငန်း
များနှင့် စားသုံးသူများအတွက် ဆုံးရှုံးမှု များရှိနေသည့် အခြေအနေရှိသည့် အပြင် တိုင်းပြည်
အတွက်လည်း အခွန် ဘဏ္ဍာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေ ကြောင်းလည်း ကုမ္ပဏီ၏ ကြေညာချက်
တွင် ဖော်ပြသည်။
ထို့ပြင် ယင်းမူဝါဒကြောင့် ဈေးကွက်အတွင်း အဆိုပါကုန်ပစ္စည်းများ ရောင်းချနိုင်ရေးမှာ ဟိုတယ်၊
အကောက် အခွန်မဲ့ ပစ္စည်းအရောင်းဆိုင်များနှင့် တရားမဝင် လမ်းကြောင်းများမှ တင်သွင်းကာ
ဖြန့်ဖြူးသူများကိုသာ အားထားရသည့် အနေအထားကိုသာ ဖြစ်စေကြောင်းလည်း ကုမ္ပဏီက
ထည့်သွင်း ကြေညာခဲ့သည်။
၁၉၉၆ ခုနှစ်မှစ၍ လက်လီအရောင်း ဈေးကွက်အတွင်း ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားမှု
တွင် ပွင့်လင်း မြင်သာမှု မရှိခဲ့ခြင်း၊ ကုန်ပစ္စည်း တင်သွင်းသူများက မည်သို့ တင်သွင်းမှု ပြုလုပ်
သည်ကို စစ်ဆေးကြည့်ရှုရန် ခက်ခဲခြင်းနှင့် ထိုကဲ့သို့ အခြေအနေ၌ ပင် သက်ဆိုင်ရာမှ တရား
မဝင် ကုန်ပစ္စည်းများအဖြစ် ၀င်ရောက် သိမ်းဆည်းပိုင်ခွင့် ရှိနေခြင်းတို့မှာ အခက်အခဲများစွာ ပေါ်
ပေါက် စေကြောင်း ဖော်ပြခဲ့ပြီး တိုင်းပြည်၏ အနာဂတ်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအတွက်
အလွန်အရေးပါ သော ပွင့်လင်းမြင်သာပြီး ရှင်းလင်းတိကျသော ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်း
များနှင့် မူဝါဒများ လိုအပ်နေကြောင်း ဖော်ပြခဲ့သည်။
City Mart ကုမ္ပဏီသည် စက်တင်ဘာလဆန်းပိုင်းက ပို့ကုန်တင်သွင်းမှု စည်းမျဉ်းများအား ပြုပြင်
ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် မြန်မာနိုင်ငံ လက်လီ ရောင်းချသူများအသင်းမှတစ်ဆင့်
အကြံပြုချက်များကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနသို့ ပေးပို့ခဲ့ကြောင်း
လည်း ကြေညာ ချက်တွင် ဖော်ပြသည်။
ဇာဇာစိုး ဘာသာပြန်သည်။

















