မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများဖွ့ံဖြိုးမှု သည် နိုင်ငံစီးပွားရေး
တိုးတက်မှုအတွက် အရေးကြီးသောအခန်းကဏ္ဍတွင်ရှိသော်လည်း လက်တွေ့အကောင်
အထည်ဖော်မှုတွင် အားနည်းချက်များ ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှု
၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်ကပြောသည်။
၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာ မည့် အာဆီယံ စီးပွားရေးအသိုက်အဝန်း အရ မြန်မာနိုင်ငံ၏
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ သည် ကမ္ဘာနှင့် ယှဉ်ပြိုင်နိုင်ရေးထက်
စီးပွားရေး အင်အားနည်းသည့် အာဆီယံနိုင်ငံများဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံ
များရှိ လုပ်ငန်းများ နှင့် ယှဉ်ပြိုင်နိုင်ရန်ပင် ခက်ခက်ခဲခဲကြိုးစားရဦးမည်ဖြစ်ပြီး ယင်းကဏ္ဍ
ဖွံ့ဖြိုးရန် ဆောင်ရွက်နေသော်လည်း ပူးပေါင်းဆောင်ရွက်မှုနှင့် လက်တွေ့ အကောင်အထည်
ဖော်မှုတွင် အားနည်း နေဆဲ ဖြစ်ကြောင်း ၎င်းက ပြောသည်။
"ကျွန်တော်တို့တိုင်းပြည်ရဲ့ ှနြ ကဏ္ဍက အရမ်းအရေးပါတာကို လူတိုင်း သိကြတယ်။ သမ္မတကြီး
ကိုယ်တိုင်လည်း အသေးစားနဲ့ အလတ်စားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ဥက္ကဋ္ဌ ဖြစ်
ပါတယ်။ ဒီကဏ္ဍနဲ့ပတ်သက်ပြီး မူဝါဒ ညွှန်းကိန်းတို့၊ နမူနာယူရမယ့်ဟာတို့ ဝေးဝေးသွားရှာစရာ
မလိုဘူး။ နီးနီးလေးမှာပဲရှိတယ်။ ဒါတွေက အကုန်လုံးလည်း သိပြီးသားတွေပဲ။ ဒါပေမဲ့ ဘာပဲလို
နေလဲဆိုတော့ စုပေါင်း ပြီးလုပ်ဖို့ပဲ လိုနေတယ်။ မူဝါဒ ရေးဆွဲသူတွေကလည်း ဒါကို သေချာ
အောင်ရွေးချယ်နိုင်ဖို့လိုပြီး သေချာပြုပြင်နိုင်ဖို့လိုတယ်" ဟု ဒေါက်တာ သန်းထွဋ်က ပြောသည်။
မြန်မာနိုင်ငံတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း စုစုပေါင်း သုံးသိန်းကျော်ရှိသော်
လည်း တရားဝင်မှတ်ပုံတင်မှုစာရင်းတွင် တစ်သိန်းကျော်ခန့်သာရှိပြီး ထိုလုပ်ငန်း များဖွံ့ဖြိုးရန်
နိုင်ငံတကာမှ ချေးငွေပံ့ပိုးမှုများပေးထားသော်လည်း လုပ်ငန်း များသို့ လက်တွေ့ငွေထုတ်ချေး
ရာတွင် အခက်အခဲများစွာရှိကြောင်း၊ မှတ်ပုံတင် ကြေးကင်းလွတ်ခွင့်ပေးရန် လုပ်ငန်း ရှင်များ
က တောင်းဆိုကြသော်လည်း လက်တွေ့တွင် အကောင်အထည်ဖော် ရန် အခက်အခဲရှိခြင်း
ကြောင့် အရဲစွန့် လုပ်ကိုင်ရမှုများလည်း ရှိကြောင်း အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်
ငန်းများဖွံ့ဖြိုးမှု ဗဟိုဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအိရွှေစင်ထွန်းက ပြော
သည်။
မြန်မာနိုင်ငံသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ရာထူးကိုထမ်းဆောင် ရမည်ဖြစ်သလို
၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်းအတွက် ပြင်ဆင်မှု
များ ဆောင်ရွက်နေချိန်တွင် အာဆီယံနိုင်ငံများနှင့် စီးပွားရေးယှဉ်ပြိုင်နိုင် ရန်နှင့် နိုင်ငံ၏အကျိုး
စီးပွားကာကွယ်ရန် အဓိကလိုအပ်ချက်ဖြစ်သော ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက် လျက်
ရှိသည်။
ထို့ကြောင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အဓိက အခန်းကဏ္ဍတွင် ရှိနေသည့် အသေး
စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အပူ တပြင်း ဆောင်ရွက်လျက်
ရှိခြင်း ဖြစ် သည်။
သို့သော် ယင်းအချက်များ လက်တွေ့ အကောင်အထည်ဖော်ရာ တွင် လိုအပ် ချက်များစွာ
ရှိနေပြီး အစိုးရပိုင်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် ကိစ္စ ရပ်များစွာ ကျန်ရှိနေသလို၊ ပုဂ္ဂလိက
ကဏ္ဍပိုင်း၏ ပူးပေါင်းပါ၀င်မှု လိုအပ်ချက် များရှိနေဆဲဖြစ်ကြောင်း မုံရွာစီးပွားရေးတက္ကသိုလ်
စီမံခန့်ခွဲမှု ရေးရာဌာန ပါမောက္ခ ဒေါက်တာ ဒေါ်နုနုလွင်က ပြောသည်။
"တကယ်တော့ မြန်မာနိုင်ငံက အခုမှ နာလန်ထ လူမမာတစ်ယောက်ပါ။ အာဆီယံစီးပွားရေး
အသိုက်အဝန်းက စီးပွားရေးဖွံ့ဖြိုးမှုအတွက် ကောင်းမွန် တဲ့ အခြေအနေတစ်ခုဆိုပေမယ့် မြန်မာ
နိုင်ငံက ဆီးချိုရောဂါသည်လို ဖြစ်နေတော့ သူများချောကလက်ကျွေးတိုင်း လည်း စားလို့မဖြစ်
ပါဘူး။ ဒါပေမဲ့ ဒီအတိုင်းချည်းပဲလားဆိုတော့လည်း မဟုတ်ပါဘူး။ ရောဂါကို ကုနေတာပါ။
နောက် နှစ်နှစ်အတွင်းမှာတော့ ဒါကို ရင်ဆိုင်လာနိုင်မယ် ထင်ပါတယ်။ အခုက ပုဂ္ဂလိကလုပ်ငန်း
လုပ်ကိုင်နေ တဲ့ လုပ်ငန်းတွေရဲ့ ၉၉ ရာခိုင်နှုန်း လောက်က စက်အဟောင်းတွေ၊ နည်း ပညာ
အဟောင်းတွေနဲ့မို့ ယှဉ်ပြိုင်မယ် ဆိုလည်း အရည်အသွေးမီမှာ မဟုတ်ပါ ဘူး" ဟု မြန်မာစက်မှု
ဇုန်များအသင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးထွန်းနိုင်အောင်ကပြောသည်။

















