FMI ကုမ္ပဏီသည် ရည်မှန်းထား သော စီမံကိန်းများ အကောင်အထည်ဖော်ရန် လိုအပ်သော
ကျပ်ငွေ ၂၅ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၆သန်း) ရရှိစေရန် စုစုပေါင်းရှယ်ယာ ၂
ဒသမ ၅ သန်းကို အစုရှယ်ယာတစ်ခုလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း
ဥက္ကဋ္ဌ ဦးသိမ်းဝေက နိုဝင်ဘာလအတွင်းကပြုလုပ်သော ကုမ္ပဏီ၏ ၂၂ ကြိမ်မြောက် နှစ်ပတ်
လည်အစည်းအဝေးတွင် ပြောသည်။
ဦးစားပေးအဖြစ် ပထမ အစုရှယ်ယာ များကို ရှယ်ယာရှင်များ ပထမဆုံး ၀ယ်ယူနိုင်ရန် စီစဉ်ပေး
သွားမည်ဖြစ် ပြီး ပိုလျှံလာပါက ပြည်သူလူထုသို့ ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းက
ပြောသည်။
"ယခုလ၂၅ ရက်နေ့ကနေ ဇန်နဝါရီ လ ၈ ရက်နေ့ထိ အစုရှယ်ယာရှင်တွေကို ဦးစားပေး ရောင်း
ပေးမယ်။ ဘယ် လောက်ပဲ ၀ယ်ရမယ်လို့ ကန့်သတ်ထား တာမျိုး မရှိဘူး။ ဇန်နဝါရီလ ၈ ရက်
နောက်ပိုင်း အစုရှယ်ယာသစ်တွေ ကျန်နေသေးရင် ပြည်သူလူထုကို ထုတ် ရောင်းသွားမယ်"ဟု
ဦးသိမ်းဝေက ပြောသည်။
ရှယ်ယာရောင်းရငွေများကို ကုမ္ပဏီ လုပ်ငန်းများ အသစ်တိုးချဲ့ရန်နှင့် လက်ရှိလုပ်ငန်းများကို
တိုးချဲ့နိုင်ရန် ငွေကြေးအထောက်အပံ့အဖြစ် အသုံး ပြုသွားမည် ဖြစ်ကြောင်း ကုမ္ပဏီ၏ ကြေညာ
ချက်တွင် ဖော်ပြသည်။ ကျပ် ၁၀,၀၀၀ တန် အစုရှယ်ယာအသစ်များ သည် ယခင်ရှယ်ယာ
များနှင့် အကျိုးခံစားခွင့် တူညီမည်ဖြစ်ပြီး ၂၀၁၃ ၁၄ ဘဏ္ဍာနှစ်တွင် ခွဲဝေပေးမည့် အမြတ်ဝေစု
များကို ပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်သည်။
"ရှယ်ယာရောင်းရငွေ ၂ ဒသမ ၅ ဘီလျံရဖို့ SPA Myanmar နဲ့ အခ ကြေးငွေ နှစ်ရာခိုင်နှုန်း
ပေးပြီး စာချုပ် ချုပ်ထားတယ်။ SPA Myanmar က ရှယ်ယာ အားလုံးရောင်းရဖို့ တာဝန်ယူပြီး
သားပါ" ဟု SPA Myanmar ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးသိမ်းဝေက ပြောသည်။
FMI ကုမ္ပဏီ၏ အစုရှယ်ယာများ သည် တစ်ခုလျှင် ကျပ် ၁၂,၀၀၀ နငန်း ဖြင့် အရောင်းအဝယ်
ဖြစ်လျက် ရှိပြီး ယခုထုတ်ရောင်းသော ရှယ်ယာ အသစ်များမှာ FMI ၏ ရှယ်ယာဈေးနှုန်းအောက်
၂၀ ရာခိုင်နှုန်းလျှော့ပေးထားခြင်း ဖြစ်သည်။
ရှယ်ယာသစ် ရောင်းရငွေများကို သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း အပါအဝင် ခရီးသွားလုပ်
ငန်း၊ ဗမာ်တော်ယာဉ် လုပ်ငန်းကဏ္ဍ၊ ဥန်လျင် ကြယ်စင်အိမ်ရာ စီမံကိန်း၊ FMI Air ကုမ္ပဏီများ
ကို ပိုမိုကြီးထွား အောင် ဆောင်ရွက်မည်ဖြစ်သည်။
ထို့ပြင်ရန်ကုန်မြိုကလယ်ရှိ ၁၀ ဧက အကျယ်အဝန်းရှိသော Grand Mee Ya Htar မြေနေရာ
တွင် ဟိုတယ်နှစ်ခု၊ ရုံးခန်း အဆောက်အအုံနှစ်ခု၊ aဈးဝယ် စင်တာတစ်ခု၊ Service Apartment
တစ်ခုနှင့် အဆင့်မြင့်ကွန်ဒိုမီနီယံ တစ်ခုပါ၀င်သည့် တည်ဆောက်မှု စီမံကိန်းတစ်ခု ဖြစ်သော
Landmark DevelopmentProject ဟု ယာယီ ခေါ်ဝေါ်လျက်ရှိသည့် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ
သွားရန် စီစဉ်ထားကြောင်ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
















