ပြည်ပက တင်သွင်းသည့် ယမကာများအား၊ဖမ်းဆီးမှု၊အရှိန်မြှင့်

ပြည်ပက တင်သွင်းသည့် ယမကာများအား၊ဖမ်းဆီးမှု၊အရှိန်မြှင့်

အစားအသောက်နှင့် အဖျော်ယမကာများ ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရာ ဒုတိယ အကြီးဆုံး
ကုမ္ပဏီကြီးသည် ယမကာ တရားမဝင် တင်သွင်းမှုဖြစ်နိုင်သော ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်
ဆေးခံနေရသည်။

ဒီဇင်ဘာလ ၄ ရက် နေ့တွင် နယ်စပ်နှင့် ပင်လယ်ရေကြောင်း တရား မဝင်ကုန်စည်များ လှုပ်ရှား
ရှာဖွေစစ်ဆေးရေး အဖွဲ့သည် သာကေတမြို့နယ် စက်မှုဇုန်ရှိ Premium Distribution Co.,Ltd
(ပရီမီယံ)ပိုင် ကုန်လှောင်ရုံတစ်ရုံတွင် ၀ိုင်နှင့် စားသောက်ကုန်သေတ္တာ ၁,၀၀၀ ကို ရှာဖွေတွေ့ရှိ
ခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုကြောင့် ရန်ကုန်မြို့ အနှံ့ရှိ စတိုးဆိုင်များနှင့် စူပါမားကက်များ တွင်
ပြည်ပက တင်သွင်းလာသည့် ၀ိုင်နှင့် ယမကာများကို သိမ်းဆည်းလိုက်ရပြီး စားသုံးသူ များကို
လည်း အရည်အသွေးမကောင်းဟု နာမည် ထွက်နေသည့် ပြည်တွင်းဖြစ်ယမကာများကိုသာ
သောက်ရသည့် အဖြစ်သို့ ရောက်ရှိ သွားစေသည်။

တရားမဝင် ယမကာတင်သွင်းမှုများကို နှိမ်နင်း နေသည့် အဖွဲ့တွင် ပါ၀င်သည့် ကုန်သွယ်ရေး
၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးငွေစိုး က ပရီမီယံကုမ္ပဏီ၏ ရန်ကုန်ရှိ ကုန်လှောင်ရုံ က
သိမ်းဆည်းရရှိသည့် ၀ိုင်ပုလင်းများ၏ တစ်ပုလင်း ခန့်မှန်းတန်ဖိုးမှာ ကျပ် ရယဝဝ၀ မှ ကျပ်
၂၀,၀၀၀ အထိ ရှိသည်ဟု ပြောသည်။

"ဒီနှုန်း ထားတွေက ပရီမီယံက ပြောတဲ့ ဈေးနှုန်းတွေကို ကိုးကားပြီး ပြောတာပါ။ကျွန်တော်တို့
မခန့်မှန်း ရသေးပါဘူး" ဟု ၎င်းကပြောသည်။အဆိုပါ နှုန်းထားများအရ ဖမ်းဆီးထားသည့်
ပစ္စည်းများ ၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ သိန်းချီ တန်မည်ဖြစ်သည်။

ရှာဖွေစစ်ဆေးရေးအဖွဲ့က ၀ိုင်ပုလင်းပေါင်း ၈၀ယဝဝ၀ နီးပါးနှင့် အေးခဲထားသည့်အသား၊ အသီး
အရွက်နှင့် အသင့်စားအစားအစာများ အပါအဝင် စားသောက်ကုန်တန်ချိန် ၃၀ ဟု ခန့်မှန်းထား
သော်လည်း စတုရန်းပေ ရ,၉၂၀ ရှိ နေရာတစ်ခုတွင် ၀ိုင်ပုလင်းပေါင်း ၉၀,၀၀၀ သိမ်းဆည်း
ထားသည်ဟု ပရီမီယံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စုံစမ်းစစ်ဆေးမှုများကို ထိုညတွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကြောင်း နှင့် ကုန်ပစ္စည်းများ
ကို သိမ်းဆည်းမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့မှစပြီး စားသောက် ကုန်များကို ဆက်လက်
ရှာဖွေစစ်ဆေးနေဆဲ ဖြစ်သည့် စစ်ဆေးရေးအဖွဲ့က ပြောသည်။

စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေခြင်းနှင့် ပတ်သက်ပြီး ပရီမီယံ၏ မန်နေဂျာ
ဒေါ်မေမျိုးဦးကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး
ဖြေကြားပေးရန် ငြင်းဆိုခဲ့သည်။ ပြည်ပပို့ကုန် တင်သွင်းဖြန့်ဖြူးရာတွင် ရန်ကုန်မြို့တွင် အကြီးဆုံး
ဖြစ်သည့် ပရီမီယံ ပြည်ပကုန်ဖြန့်ချိရေးကုမ္ပဏီသည် ၎င်း၏ ၀ိုင်နှင့် ယမကာအရောင်းဆိုင်များကို
ပြီးခဲ့သည့်အပတ်က ပိတ်ထားလိုက်သည့်အတွက် ၎င်း၏ စားသုံးသူများအား အခက်အခဲဖြစ်သွား
စေသည်ဟု အဆိုပါအခြေအနေများကို သိရှိသူတစ်ဦးက ပြောသည်။

"တကယ်တော့ ဆီးဂိမ်းက လာတော့မယ်။ ဘယ်သူ့ဆီမှာမှ ၀ိုင်မရှိဘူး။ ခရစ္စမတ်လည်း ၀ိုင်မပါ
ဘဲ ခြောက်ကပ်ကပ်ကြီး ဖြစ်နေ တော့မှာပါ " ဟု အမည်မဖော်လိုသည့် သတင်း ရင်းမြစ်တစ်ဦး
က ပြောသည်။

ပရီမီယံကုမ္ပဏီသည် သုံးလကျော်လောက် ၀ိုင်တင်သွင်းခွင့်မရှိတော့သည့်အတွက် ၎င်း၏
ဖောက်သည်များသည် လက်ထဲရှိ ပြည်ပဝိုင်များနှင့် အရက်များကို စတင် သိုလှောင်ထားနေ
ကြသည်ဟု ၎င်းကပြောသည်။ "အခုအချိန်မှာ ရှန်ပိန်တောင် မရတော့ ပါဘူး။ သူက ရွှေလိုပဲ
ရှားနေပြီ" ဟု ၎င်းက ပြောသည်။

ပို့ကုန်တင်သွင်းမှု စည်းမျဉ်းအသစ် မရှိပါက မြန်မာနိုင်ငံတွင် နိုင်ငံခြားဖြစ် ယမကာများ မရနိုင်
တော့သည့် အနေအထား များ တစ်လအတွင်း ဖြစ်လာနိုင်သည်ဟုလည်း ၎င်းက ပြောသည်။


 

အဆိုပါစုံစမ်းစစ်ဆေးမှုများကြောင့် မြန်မာ နိုင်ငံသားပိုင် စူပါမားကက်ကုမ္ပဏီကြီး စီးတီးမတ်ကို
အမျက်ထွက်စေခဲ့သည်။ စီးတီးမတ် သည် မြန်မာအစိုးရ၏စားသောက်ကုန်နှင့် ယမကာ တင်သွင်း
မှုပေါ်လစီကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုထားသည်။

"ကျွန်တော်တို့ ၁၉၉၆ ခုနှစ်ကစပြီး စတင် လုပ်ကိုင်ခဲ့ကတည်းက လက်လီအရောင်းဆိုင် ကဏ္ဍ
မှာ ပွင့်လင်းမြင်သာမှု မရှိပါဘူး"ဟု စီးတီးမတ်၏ ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ချက် တွင်
ဖော်ပြထားသည်။၎င်းတို့ ဆိုင်များတွင် တင်ထားသည့် နိုင်ငံခြားဖြစ်ယမကာများနှင့် ၀ိုင်များကို
သိမ်းလိုက်ပြီဖြစ်ကြောင်းလည်း ကြောညာထားသည်။

"အခုအချိန်မှာ ကုန်သွယ်ရေးဆိုင်ရာ ပေါ်လစီက ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့
သုံးလလောက်ကတည်းက စူပါမားကက်တချို့နဲ့ စတိုးဆိုင်တချို့မှာ ပြည်ပ စားသောက်ကုန်တွေ
မတင်ကြတော့ပါဘူး။ စီးတီးမတ်၊ အိုးရှင်းနဲ့ စီးတီးအိတ်စ်ပရက်တွေ မှာ အခုကစပြီး နိုင်ငံခြား
ယမကာတွေ မရောင်းကြတော့ပါဘူး" ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် စီးတီးမတ်တစ်ခုတည်းသာ ပြည်ပက တင်သွင်းလာသည့် ၀ိုင်များနှင့် ယမကာများ
ရောင်းချမှုကို ရပ်ဆိုင်းလိုက်ခြင်း မဟုတ်ချေ။ ပရီမီယံကုမ္ပဏီကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေ
သည့်အချိန်တွင် ရန်ကုန်မြို့ရှိ ဆိုင်အများစုလည်း ၎င်းတို့ တင်ထားသည့် နိုင်ငံခြားဖြစ်
ယမကာများကို သိမ်းဆည်းထား လိုက်ပြီး The Warehouse ကဲ့သို့ နိုင်ငံခြားဖြစ် ၀ိုင်
အရောင်းဆိုင်များလည်း ရက်အကန့် အသတ်မရှိ ပိတ်လိုက်ကြသည်။

အပြည်ပြည်ဆိုင်ရာ ဟိုတယ်များအတွက် အဓိက စားသောက်ကုန်များနှင့် ယမကာများ
တင်သွင်းပေးနေသည့် ျှကမေအသ ဏမသိကခအျ ကို အောက်တိုဘာလအကုန်ပိုင်းတွင်
ပိတ်သိမ်း လိုက်ပြီးနောက်ပိုင်း အဆိုပါ တရားမဝင် တင်သွင်းလာသည့် ကုန်ပစ္စည်းများ
ရှာဖွေဖမ်းဆီးမှုများကို ပြုလုပ်နေခြင်းဖြစ်သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာဌာနသည်
Quarto ၏ မန်နေဂျင်းဒါရိုက်တာကို တရားစွဲဆိုထား ပြီး ပြစ်ဒဏ်ကျခံနိုင်ဖွယ်ရာရှိသည်။

အဆိုပါ ကုမ္ပဏီသည် ယင်းအချိန်ကတည်းက ဖြန့်ဖြူးမှု များကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်
သည်။

"Quarto ကို စစ်ဆေးရှာဖွေတဲ့အခါမှာ ဟိုတယ်ရဲ့ တင်သွင်းခွင့်လိုင်စင်ကို ပြသနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပရီမီယံမှာ လိုင်စင် ဒါမှမဟုတ် အခွန်လွတ်တင်သွင်းခွင့် တစ်ခုခုမရှိဘူးဆိုရင်တော့
အခက်အခဲဖြစ်လာနိုင်ပါတယ်။ သူတို့ တင်သွင်းလာတဲ့ကုန်တွေက အများကြီးပါပဲ" ဟု
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရား မဝင်ကုန်သွယ်မှုတားဆီးရေးနှင့် ထိန်းချူပ်
ရေးကော်မတီ ညွှန်ကြားရေးမှူးက ပြောသည်။

လိုအပ်သည့်စာရွက်စာတမ်းများ စီစဉ်ပေး နိုင်ရန် ပရီမီယံအား အရေးယူဆောင်ရွက်ခြင်း မပြုခင်
သုံးလေးပတ်အချိန်ပေးမည်ဟု ၎င်းက ပြောသည်။

"အက်ဖ်ဒီအေရဲ့ ခွင့်ပြုချက် ပြနိုင်မယ်ဆိုရင် သူတို့ရဲ့ စားသောက်ကုန်တွေကို ကျွန်တော်တို့
ခွင့်ပြုပေးမှာပါ။ ဒါပေမဲ့ တကယ်လို့ ၀ိုင်နဲ့ ယမကာတွေ တင်သွင်းဖို့ တင်သွင်းခွင့်လိုင်စင်
သူတို့မှာ မရှိဘူးဆိုရင်တော့ ဥပဒေအရ အရေး ယူရမှာပါ" ဟု ၎င်းက ပြောသည်။

ဥပဒေအရ ၀ိုင်တင်သွင်းခွင့်မရှိသော်လည်း ဟိုတယ်နှင့် အခွန်လွတ်ဆိုင်များမှာမူ မြန်မာ နိုင်ငံ
အတွင်းသို့ ယမကာများနှင့်ဆေးလိပ်များ တင်သွင်းခွင့်ရှိသည်။ ဆယ်စုနှစ်ပေါင်း များစွာက
ချမှတ်ခဲ့သည့် လက်ရှိစည်းမျဉ်းများ သည် မှောင်ခိုတင်သွင်းမှုကို ဖြစ်စေသည်ဟု ဝေဖန်ပြော
ဆိုနေကြသည်။

အဆိုပါတားမြစ်မှုမှ လွတ်ကင်းရန်အတွက် အချို့ စီးပွားရေးလုပ်ငန်းရှင်များသည် ယမကာများ
တင်သွင်းရန် ဟိုတယ်များနှင့် ပူးပေါင်းဆောင်ရွက်ကာ ယင်းတင်သွင်းလာ သည့် ကုန်စည်များ
ကို စားသောက်ဆိုင်များ နှင့် လက်လီအရောင်းဆိုင်များသို့ ပြန်လည် ရောင်းချကြသည်။

ယမကာအနည်းငယ်သာ တင်သွင်းနေ သည့် ဟိုတယ်များသည် ဖြန့်ဖြူးရေးကုမ္ပဏီများ နှင့်
ပူပေါင်းဆောင်ရွက်ရန် ပိုလွယ်သည်ကို တွေ့ရသည်။သို့သော် ပြီးခဲ့သည့်လတွင် ပြဋ္ဌာန်း ခဲ့
သည့် စည်းမျဉ်းတစ်ခုအရ ဟိုတယ်များသည် ယမကာများကို ဖြန့်ဖြူးရေးကုမ္ပဏီများမှ
တစ်ဆင့် တင်သွင်းစရာမလိုတော့ဘဲ တိုက်ရိုက်တင်သွင်း နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွား
လာရေးလုပ်ငန်း ၀န်ကြီးဌာနက ခွင့်ပြုလိုက်သည်။

ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း တင်သွင်း ခွင့်လိုင်စင်၊အရောင်းအဝယ်စာချုပ်၊
ကုန်ပစ္စည်း အမျိုးအမည်နှင့်ဈေးနှုန်းတို့ကို စစ်ဆေး သွားမည်ဖြစ်ပြီး ဟိုတယ်များကလည်း
၎င်းတို့ ကုန်ပစ္စည်းများကို ဆိုင်များသို့ ရောင်းချခြင်း မပြုရန်လည်း သဘောတူထားရသည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ ထောက်ခံစာဖြင့်
ဟိုတယ်များသည် အမေရိကန် ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိ ယမကာများ နှင့် စားသောက်ကုန်
များ (ယမကာ အမေရိကန်ဒေါ်လာ ၁၂၄,၀၀၀ ဖိုးအပါအဝင်) ကို တင်သွင်းခဲ့ကြသည်ဟု အစိုးရ
၏ အချက် အလက်များတွင် ဖော်ပြသည်။

ယခုနှစ်တွင် နိုဝင်ဘာလအထိ ဒေါ်လာ ၂၁၆,၀၀၀ ဖိုး (ယမကာ အမေရိကန်ဒေါ်လာ ၁၂၃,၀၀၀
ဖိုး) တင်သွင်းခဲ့သည်ဟု သိရသည်။

ဖိလစ်ဟေးမန်း ပံ့ပိုးရေးသားသည်။
သီရိမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး