ကုန်ပစ္စည်း ရှားပါးလာမှုကြောင့် စီးကရက်ဈေးနှုန်းများ မြင့်တက်

ကုန်ပစ္စည်း ရှားပါးလာမှုကြောင့် စီးကရက်ဈေးနှုန်းများ မြင့်တက်

၀ုိင်၊ အရက်နှင့် ဘီယာများ တင်သွင်းမှု တွင် အစိုးရကလိုက်လံဖမ်းဆီးမှုများ ရှိနေခြင်းကြောင့်
ထိုကုန်စည်များ နည်းတူ တရားဝင်တင်သွင်းခွင့်မရရှိသေးသော စီးကရက်ကို လက်ရှိရောင်းချ
သူများ စိုးရိမ်ထိတ်လန့်လျက်ရှိပြီး ဈေးနှုန်းများ မြင့်တက်သွားကြောင်း စီးကရက်ဖြန့်ဖြူးရောင်း
ချသူများက ပြောသည်။

အထူးသဖြင့် လူဝယ်များသော တံဆိပ်များဖြစ်ကြသည့် Marlboro, Dunhill, Kent နှင့် Esse တို့
၏ဈေးနှုန်း များမှာ ပစ္စည်းရရှိနိုင်မှုအပေါ် မူတည် ကာ ၁၂ ဒသမ ၅ ရာခိုင်နှုန်းမှ ၆၆ ရာခိုင်နှုန်းကျော်
အထိ မြင့်တက်သွားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုများ တားဆီး ထိန်းချုပ်မှု ဗဟိုကော်မတီမှ တာဝန် ရှိသူတစ်ဦးက
စီးကရက်နှင့် ဆေးရွက် ကြီး တရားမဝင် တင်သွင်းမှုနှင့်ပတ်သက် ၍ အထူးသဖြင့် နယ်စပ်လမ်း
ကြောင်း တစ်လျှောက်တွင် စစ်ဆေးလျက်ရှိသော်လည်း မြို့နယ်များအတွင်းရှိလက်လီဆိုင်များ
တွင် ၀င်ရောက်စစ်ဆေးရန် မဖြစ်နိုင်သေးကြောင်း ပြောသည်။

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ စီးကရက်အပါအဝင် မုန့်ပဲသရေစာများ လက်လီ
ရောင်းချ သည့် ဆိုင်ပိုင်ရှင်တစ်ဦးက Mobile Team ၏ ကုန်ပစ္စည်းသယ်ယူသည့်လမ်းကြောင်း
တစ်လျှောက် လိုက်လံ ဖမ်းဆီးမှုများကြောင့် နို၀င်ဘာလမှ စတင်၍ ပစ္စည်းပြတ်လပ်လာကြောင်း
နှင့် လိုချင်သည့်ဘူးတံဆိပ်ကို ဓာတ်ပုံ ရိုက် မှာယူရကြောင်းပြောသည်။

"မြို့ထဲကဆိုင်တွေမှာ လိုက်ဖမ်းတယ်လို့တော့ မကြားမိသေးဘူး။ လမ်း တစ်လျှောက်တော့
လိုက်စစ်နေတယ်လို့ ကြားရတယ်"ဟု ၎င်းက ပြောသည်။ ဗိုလ်ချုပ်ဈေးအတွင်းရှိ စီးကရက်
အဓိကရောင်းချနေသူ အသက် ၃၂ အရွယ် ကိုခင်မောင်က နို၀င်ဘာလမှ စတင်ကာ ပစ္စည်းပြတ်
လပ်မှုကြောင့် ရောင်းကုန်နည်းပါးကာ အရောင်း အဝယ် ထက်ဝက်နီးပါး ကျဆင်းသွား ကြောင်း
ပြောသည်။

"ဈေးရောင်းရတာ ခက်လာတယ်။ ဈေးကမြင့်သွားတော့ တချို့ဆိုရင် ထက်ဝက်လောက် တက်
ကုန်တယ်။ ၀ယ်သောက်တဲ့သူကျတော့လည်း အဲဒီလောက်ဈေးကြီးကြီး ဘယ်သူမှမပေးချင်ကြ
ဘူး" ဟု ၎င်းကပြောသည်။

နေပြည်တော်ရုပ်ရှင်ရုံအနီးရှိ မုန့်ပဲသရေစာနှင့် စီးကရက်ရောင်းချသောဆိုင်ပိုင်ရှင် ဦးဝင်းနိုင်ကမူ
ပြည်တွင်း ဈေးကွက်သို့ အဓိကဖြန့်ဖြူးသူမှာ ငါးဦး ခြောက်ဦးခန့် ရှိသော်လည်း လက်ရှိတွင် ဈေး
ကွက်ဝယ်လိုအားကို မဖြည့် ဆည်းနိုင်တော့ကြောင်းနှင့် လူကြိုက် များသည့် စီးကရက်တံဆိပ်
များမှာ လုံးဝပြတ်လပ်သွားကြောင်း ပြောသည်။

သိမ်ကြီးဈေးအတွင်းရှိ အလှကုန်နှင့် စီးကရက်ရောင်းချသောဆိုင်ပိုင်ရှင် တစ်ဦးကလည်း
အကောက်ခွန်အရာရှိများက ကွန်တိန်နာများကို အသေး စိတ်စစ်ဆေးနေမှုကြောင့် ထပ်မံတင်သွင်း
မှု မရှိတော့ကြောင်း ပြောသည်။ "ဘယ်ကနေတစ်ဆင့် တင်သွင်းတယ်ဆိုတာတော့ တိုက်ရိုက်
တင်သွင်း သူတွေမှပဲ သိမှာပါ။ ကျွန်တော်တို့က ယုဇနပလာဇာနဲ့ ဘုရင့်နောင်မှာရှိတဲ့ ဒိုင်ကြီး
တွေကနေ ၀ယ်ရတာ။

စင်ကာပူ ကိုသွားပြီး ပြန်လာရင်း အခွန်လွတ်ဆိုင်တွေကနေ တခြားပစ္စည်းတွေနဲ့ ရောပြီးသယ်
လာတာမျိုးလည်း ရှိတယ်။ နည်းနည်းပဲ သွင်းတဲ့သူတွေကတော့ အမြတ်မများဘူး"ဟု ၎င်းက
ပြောသည်။


 

အဆိုပါ ဖမ်းဆီးဖော်ထုတ်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသော်လည်း တားဆီးထိန်းချုပ်ရေး
ကော်မတီနှင့် Mobile Team သည် ၀န်ထမ်းအင်အား နှင့် စစ်ဆေး သည့်ကိရိယာ လိုအပ်ချက်
များကြောင့် နယ်စပ်လမ်းကြောင်းများ တစ်လျှောက် စီးကရက်တင်သွင်းမှုကိုရှာဖွေဖော်ထုတ်ရန်
ခက်ခဲနေကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

"အမျိုးတူ ကုန်ပစ္စည်းနဲ့ ရောနှော ထားတဲ့အခါမျိုးဆိုရင် ဌမပေ နဲ့ ဖြတ်တဲ့ အခါမှာလည်း သိဖို့
ခက်တယ်။ သေသေ ချာချာစစ်ဆေးဖို့ကလည်း အချိန်အရမ်းကြာတဲ့အတွက် ကုန်သည်တွေ
ဘက်က အခွန်ပေးနိုင်မှာ မဟုတ်ဘူး။ ကုန်သည်တွေဘက်က ဥပဒေလက်တစ်လုံးခြား လုပ်နေ
တာတွေရှိတဲ့အတွက် ဥပဒေတွေ၊ မူဝါဒတွေလည်း လိုက်လျောသင့်တဲ့နေရာမှာ လိုက် လျော၊ တင်းကျပ်သင့်တဲ့နေရာမှာတင်းကျပ်တဲ့ပုံစံမျိုး ပြောင်းသင့်တယ်"ဟု ၎င်းက ပြောသည်။

ပြည်တွင်းထုတ် စီးကရက်များကိုမူ တရားဝင်ရောင်းချခွင့်ပြုထားပြီး ပြည်တွင်းအခွန်များဦးစီးဌာန
က ၂၀၁၂၂၀၁၃ဘဏ္ဍာနှစ်မှစတင်ကာ အခွန် ရ၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းသို့ ပြောင်းလဲတိုးမြှင့်
ခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ၂၀၀၇ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံရှိ
အမျိုးသားဦးရေ၏ ၄၅ ရာခိုင်နှုန်းမှာ ဆေးရွက် ကြီးကိုသုံးစွဲပြီး အမျိုးသမီးများမှာ ရှစ်ရာခိုင်နှုန်းနှင့်
ဆယ်ကျော်သက် အမျိုးသား ၁၃ ရာခိုင်နှုန်းသုံးစွဲမှုရှိကြောင်း ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး