ကျပ်သိန်းပေါင်း၅,၇၀၀ ကျော် တန်ဖိုးရှိ ၀ိုင်နှင့် အရက်ပုလင်းများ တရားမဝင် တင်သွင်း မှုကြောင့်
ပရီမီယံကုမ္ပဏီသည် ပို့ကုန်သွင်းကုန် ဆိုင်ရာ ဥပဒေအရ တရားရင်ဆိုင်ရမည်ဖြစ် ကြောင်း စီးပွား
ရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏တရားမဝင်ကုန်သွယ်မှု တား ဆီးထိန်းချုပ်ရေးဗဟို
ကော်မတီမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။
တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ကော်မတီလက်အောက်ရှိ လှုပ်ရှားရှာဖွေစစ်ဆေးရေး
အဖွဲ့ (Mobile Team) သို့ နို၀င်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ သတင်းပေးတိုင်ကြားမှုများရှိခဲ့ပြီး
ဒီဇင်ဘာ ၄ ရက်နေ့တွင် သာကေတ မြို့နယ် စက်မှုဇုန်အတွင်းရှိ Premium Food Service
Prdoucts Company Limited ပိုင် ကုန်သိုလှောင်ရုံကို ၀င်ရောက်ရှာဖွေခဲ့ရာ စားသောက်ကုန်
များ၊ ၀ိုင်နှင့် အရက်ပုလင်းမျိုးစုံ တို့ကို တွေ့ရှိခဲ့သည်။
အဆိုပါ ကုန်သိုလှောင်ရုံ၌ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် Mobile Team က ဖမ်းဆီးခဲ့သည့်
ကိစ္စနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်း နိုင်ရန် သတင်းမီဒီယာများသို့ ဖိတ်ကြားခဲ့ရာ
တင်သွင်းခဲ့သော စားသောက်ကုန် ၃၇ တန်၊ ၀ိုင်နှင့် အရက်ပုလင်း ၉၀,၀၀၀ တို့အနက် ပုလင်း
၁၀,၀၀၀ ကျော်အတွက် သွင်းကုန်လိုင်စင် အထောက်အထားများကို အဆိုပါလုပ်ငန်းက
တင်ပြနိုင်ခဲ့ကြောင်း ဖြေကြားခဲ့သည်။ အကောက် ခွန်ဌာန၏ ခန့်မှန်းချက်အရ အဆိုပါကုန်သို
လှောင်ရုံအတွင်း သိမ်းဆည်းရမိသော ၀ိုင် အရက်ပုလင်းပေါင်း ၈၈,၀၀၀ ခန့်နှင့် အရက် မျိုးစုံ
ပုလင်းပေါင်း ၁,၃၀၀ ခန့်တို့၏ တန်ဖိုးမှာ ကာလပေါက်ဈေး ကျပ် သိန်း ၅,၇၀၀ ကျော်ရှိ သည်။
"ကုမ္ပဏီရဲ့ ဒါရိုက်တာသုံးဦးထဲက တစ်ယောက် က တရားရင်ဆိုင်ရမှာပါ။ တရားရင်ဆိုင်ဖို့
အတွက် လူစားထိုးဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး"ဟု ဗဟိုကော်မတီ၏ တာဝန်ရှိသူတစ်ဦးကပြော
သည်။ အဆိုပါအဖွဲ့သည် နို၀င်ဘာလအတွင်းက လည်း စားသောက်ကုန်နှင့် ၀ုိင်တင်သွင်းဖြန့်ချီ
သည့် ကုမ္ပဏီတစ်ခုဖြစ်သော Quarto ဏမသိကခအျ မှ ဟိုတယ်နှစ်ခု၏ သွင်းကုန်လိုင်စင်များ
အပါ အဝင် သွင်းကုန်လိုင်စင် မတင်ပြနိုင်ပဲတင်သွင်းခဲ့သော ပစ္စည်းများစစ်ဆေးတွေ့ရှိမှုဖြင့်
တာဝန်ရှိသူများကို ပို့ကုန်သွင်းကုန် ဥပဒေ အတိုင်း အရေးယူပြီးနောက်ပိုင်း ပြည်တွင်းဈေးကွက်
ဖြစ်သည့် စားသောက်ဆိုင်၊ ဟိုတယ်များနှင့် ပြင်ပဆိုင်များတွင် ၀ိုင်၊ အရက်နှင့် ဘီယာ များ ပြတ်
လပ်လာပြီး ထိုကိစ္စအတွက် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း ကလည်း စီးကရက်၊ ဘီယာ၊ ၀ိုင်နှင့် အရက်
သွင်းကုန်လိုင်စင်များကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာမှ တရားဝင်ထုတ်ပေး
ရန်နှင့် အဆိုပါပစ္စည်းနှင့် ရောင်းဝယ်မှုအားလုံး ကို ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်လာ
စေရန်ဆွဲဆောင်သင့်ကြောင်း ယခုနှစ် ဇူလိုင်လ နှင့် စက်တင်ဘာလအတွင်းက စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ အကြံ ပေးစာများ တရားဝင် တင်ပြခဲ့သည်။
ထို့ပြင် Mobile Team မှ စီးကရက်၊ ဘီယာ၊ ၀ိုင်နှင့် အရက်သွင်းကုန်များကို တရားမဝင်
ကုန်သွယ်မှု တားဆီးရေးလုပ်ငန်းစဉ်များ အတွက် ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေခြင်း
ကြောင့် နိုင်ငံနှင့်အဝန်း ယစ်မျိုးရောင်းချခွင့် လိုင်စင်ရယူကာ အဖျော်ယမကာများ တရားဝင်
ရောင်းချလျက်ရှိသော ဆိုင်များကိုလည်း ၀င်ရောက် ဖမ်းဆီးအရေးယူနိုင်သည့် အနေ အထား
ကြောင့် ထိုလုပ်ငန်းရှင်များမှာလည်း စိုးရွံ့မှုများဖြစ်ပေါ်နေကြောင်းလည်း အကြံပေးစာများတွင်
ထည့်သွင်းထားသည်။ နို၀င်ဘာလအတွင်းက ဟိုတယ်နှင့် ခရီးသွား လာရေး ၀န်ကြီးဌာနက
ဟိုတယ်များသည် ကိုယ်စားလှယ်ကုမ္ပဏီများမှတစ်ဆင့် ၀ိုင်နှင့် အရက်မျိုးစုံတင်သွင်းခဲ့ရာတွင် အဆိုပါ ပြဿနာများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် နောင်တွင်ကုမ္ပဏီများမှတစ်ဆင့် တင်သွင်းခြင်း
မပြု ပဲ တိုက်ရိုက်တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး Mobile Team ကလည်း လေဆိပ်
ရှိအခွန်လွတ်ဆိုင်များတွင် စည်းကမ်းတကျရောင်းချခြင်းပြုရန် သတိပေးခဲ့သည်။
တရားမဝင်တင်သွင်းသော ပစ္စည်းများ ဖမ်းဆီး ရမိရာတွင် အကောက်ခွန်ဌာနက လေလံဖြင့်
ပစ္စည်းများ ပြန်လည်ရောင်းချလေ့ရှိပြီး အထူးသဖြင့် ပုပ်သိုးလွယ်သော အေးခဲအသား နှင့်
စားသောက်ကုန်များဖမ်းမိရာတွင် ရက် အနည်းငယ်အတွင်း လေလံလုပ်လေ့ရှိကြောင်း Mobile
Team မှတာဝန်ရှိသူတစ်ဦးဖြစ်သော ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။
"Quarto က တင်သွင်းတဲ့အထဲမှာ အေးခဲအသားတွေပါ၀င်တဲ့အတွက် လေလံဆွဲခဲ့ပါ တယ်။
အခု Premium က တင်သွင်းလာတဲ့ စားသောက်ကုန်အေးခဲအသားအားလုံးဟာ အက်ဖ်ဒီအေ
ထောက်ခံချက်တွေနဲ့ တရားဝင်တင်သွင်းလာတဲ့အတွက် သိမ်းဆည်းဖို့မရှိပါ ဘူး။ ၀ုိင်ပုလင်းတွေအတွက်လည်း လောလောဆယ် လေလံဆွဲဖို့အစီအစဉ်မရှိပါဘူး"ဟု ၎င်းက
ပြောသည်။
Quarto ၏ရှေ့နေကို ပြီးခဲ့သည့်သီတင်းပတ်များကဆက်သွယ်မေးမြန်းရာတွင် အကောက်ခွန်
ဦးစီးဌာနက ၎င်းတို့သိမ်းဆည်းရမိသော ပစ္စည်းများကို နို၀င်ဘာလအတွင်းက လေလံ ပြုလုပ်
ခဲ့ပြီး ယင်းပစ္စည်းများမူလပိုင်ရှင်ကို ဦးစားပေးသောစနစ်အရ Quarto က ကျပ်သိန်း ၁၇၀ ကျော်
ဖိုးဖြင့် လေလံအောင်မြင်ခဲ့ကြောင်း ပြောသည်။
အကောက်ခွန်ဦးစီးဌာနက ခွင့်ပြုချက်မရှိပဲ တင်သွင်းလာသောကုန်စည်များမှာ နိုင်ငံတော် အခွန်
အခနစ်နာစေသောကြောင့် အစိုးရအသုံး စားရိတ်အတွင်း ထည့်ဝင်နိုင်ရန်ဟုဆိုကာ လေလံပေးခဲ့
သော်လည်း အဆိုပါကုန်ပစ္စည်း များမှာ ဈေးကွက်အတွင်း ပျံ့နှံသွားပြီး တစ်ဆင့် ပြန်လည်ရောင်း
ချမှုများ ဖြစ်ပေါ်လျက်ရှိသည်။ "ဒီလိုဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေသံသရာလည်နေတဲ့အခြေ
အနေကြောင့် ဒီလိုလေလံဆွဲတဲ့စနစ်ကိုပြုပြင်ဖို့ပြန်စဉ်းစားရမှာပါ"ဟု ဦးဝင်းလွင်ကပြောသည်။
"ကျွန်တော်တို့ ကုမ္ပဏီဘက်ကသက်သေ အထောက်အထားတွေ ပြနိုင်ဖို့ တစ်ပတ် လောက်
စောင့်ပေးခဲ့ပါတယ်။ နောက်ပိုင်း တရားစီရင်ရေး ကိစ္စတွေကိုလည်း လုပ်ထုံး လုပ်နည်းအတိုင်း
ဆောင်ရွက်သွားမှာပါ"ဟု ၎င်းက ပြောသည်။ ထိုသို့ သွင်းကုန်လိုင်စင်မပါပဲတင်သွင်းလာ သော
ကုမ္ပဏီများကို Mobile Team က ကုန်ပစ္စည်းများရှာဖွေသိမ်းဆည်းခွင့်ရှိသော်လည်း ယင်းကုမ္ပဏီ
များမှာ နောက်ပိုင်းပုံမှန်တင်သွင်း ခွင့်ရမည် ဖြစ်သည်။ Mobile Team သည် ပြည်တွင်းဈေးကွက်
သို့ စတင်သယ်ဆောင်လာ သော ကုမ္ပဏီများရှာဖွေဖော်ထုတ်နေသော် လည်း မြို့နယ်အသီးသီး
ရှိ ယမကာအရောင်း ဆိုင်များကိုမူ ရှာဖွေဖော်ထုတ်မည့်အစီအစဉ်ချက်ချင်းမရှိသေးကြောင်း
ဦးဝင်လွင်က ပြောသည်။
"၀န်ထမ်းအင်အားအရ ဆိုင်တွေအားလုံးကိုလိုက်ပြီးဖမ်းဆီးဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့
သတင်းပေးတဲ့သူရှိရင်တော့ ချက်ချင်း သွားပြီးရှာဖွေရမှာပါ"ဟု ၎င်းကပြောသည်။ နယ်စပ်၊
ပင်လယ်ရေကြောင်းနှင့် ကုန်းတွင်း ရှာဖွေဖမ်းဆီးသည့် Mobile Teamကို ၀န်ထမ်း ၂၈၀ ကျော်
ဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။

















