ငွေကြေးအရှုပ်အရှင်းများ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိ သော ပဲလောကအတွင်း ထိုကိစ္စများ လျော့နည်း
စေရန် ပဲမျိုးစုံ ပြည်ပတိုးမြှင့်တင်ပို့ရေးကော်မတီ က ကုန်ပစ္စည်းလွှဲပြောင်းခွင့် လက်မှတ်များကို
လက်လွှဲလက်ပြောင်း ပြုလုပ်ကာ လေရောင်း လေဝယ်စနစ်ဖြင့် အရောင်းအဝယ်မပြုလုပ်ရန်
ဒီဇင်ဘာ ၆ ရက်နေ့က ဘုရင့်နောင်ကုန်စည်ဒိုင် တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
"ပဲမျိုးစုံနဲ့ပတ်သက်ပြီး ကော်မတီရဲ့ အရင် ဆုံးဖြတ်ထားတာက ၂၀၁၂ ခုနှစ် ကနေ ၂၀၁၃ ခုနှစ်
ကို ပြောင်းထားတဲ့ Delivery Order (DO) မှအပ ကျန်အရောင်းအဝယ် အားလုံးကို ဩဂုတ် လ
၁၅ ရက်နေ့ ကနေစပြီး DO နဲ့ အရောင်း အဝယ်မလုပ်ရဘူး ဆိုတဲ့အချက်ပါ။ စာချုပ်နဲ့ပဲ အရောင်း
အဝယ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ကော်မတီက အဲဒီလိုညွှန်ကြားထားတာတောင်မှ အသင်း
၀င်တချို့ (ယခင် ကုန်စည်ဒိုင် အသိအမှတ် ပြုပွဲစား) ကို ကြားခံထားပြီးတော့ ကုန်စည်ဒိုင် ထဲမှာ
မမှန်မကန်ဈေးကစားတာတွေ၊ ကုန်ပစ္စည်း မရှိပဲ DO တွေကို လက်ပြောင်းလက်လွှဲလုပ်ပြီး လေ
ရောင်းလေဝယ်လုပ် ဈေးနှုန်းမတည်ငြိမ် အောင် ဈေးကစားနေတာတွေရှိနေတာကြောင့် ကုန်သည်
တွေကြားမှာ ငွေကြေးနစ်နာမှုတွေထပ်ပြီးမဖြစ်ပေါ်အောင် ဒီကြေညာချက် ထုတ်ခဲ့တာပါ" ဟု
ဘုရင့်နောင်ကုန်စည်ပွဲရုံတန်းမှ ကုန်သည်တစ်ဦးက ပြောသည်။
ကော်မတီကြေညာချက်တွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်သို့ပြောင်းလဲထားသည့် ကုန်ပစ္စည်း
လွှဲပြောင်းခွင့်များကို ခုနှစ်ပြောင်းလဲထုတ်ပေး ထားသည့် ီဥ များနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၃၁
ရက်နေ့နောက်ဆုံးထားကာ ကုန်ပစ္စည်းများ ထုတ်ယူရန်နှင့် လက်ပြောင်းရောင်းချရာတွင် DO
အတိုင်းသာရောင်းချခြင်းမဟုတ်ဘဲ စာချုပ် ဖြင့်သာရောင်းချရန် ပါရှိသည်။
စာချုပ်ဖြင့် ရောင်းချရာတွင်လည်း စာချုပ်စတင်ချုပ်သည့် နေ့မှ တစ်လအတွင်း သင်္ဘောတင်ခြင်း
သို့မဟုတ် ကုန်ပစ္စည်းထုတ်ယူခြင်းကို ပြုလုပ်ရ မည်ဖြစ်ပြီး ကုန်ပစ္စည်းထုတ်ယူရာတွင် ကုန်ထုတ်
မိန့်ကို သုံးစွဲရမည်ဖြစ်ကာ အဆိုပါ ကုန်ထုတ် မိန့်ကို ရက်သတ္တတစ်ပတ်အတွင်း အသုံးပြုရ မည်
ဖြစ်ပြီး အဆိုပါအမိန့်ကို လွှဲပြောင်းရောင်းချ ခြင်းမပြုရန်လည်း ထည့်သွင်းချုပ်ဆိုထားသည်။
အဆိုပါကြေညာချက်ကို လိုက်နာမှုမရှိပါက ကုန်စည်ဈေးကွက်ကို ပျက်ပြားစေရန် ဆောင်ရွက်သူ
အဖြစ် စာရင်းရယူကာ အဆင့် ဆင့် အရေးယူဆောင်ရွက်မှု ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့်
အဆိုပါအရောင်းအဝယ် စည်း မျဉ်းစည်းကမ်းများသည် ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်
ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ပြုမှုများအပါ၀င် အခြားပြင်ပ မည်သည့် နေရာတွင်မဆို
ရောင်းဝယ်မှုများအားလုံးနှင့် အကျုံးဝင်ကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။
"ပဲလောကမှာ ၂၀၀၈ ခုနှစ်တုန်းက ီဥ စနစ် နဲ့ လေရောင်းလေဝယ်လုပ်ခဲ့လို့ ငွေကြေးနစ်နာဆုံးရှုံး
မှုတွေ အများဆုံးဖြစ်ခဲ့တယ်။ အဲဒီအပြင် နောင်နှစ်တွေမှာလည်း မကြာခဏ ငွေကြေးအရှုပ်အရှင်း
တွေ ဖြစ်ခဲ့သေးတယ်။ ဒီလိုကိစ္စ တွေ ထပ်မဖြစ်ရအောင်လို့ အခုလို စည်းကမ်း ချက်တွေကို ကော်
မတီကထုတ်ပြန်တာ ဖြစ်လိမ့် မယ်။ အခုလပိုင်းမှာလည်း ပဲသမားတော်တော် များများ ငွေကြေး
ကိစ္စအရှုပ်အရှင်းဖြစ်နေ တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတယ်"ဟု ပဲကုန်သည်တစ်ဦးက
ပြောသည်။

















