နယ်သာလန်နိုင်ငံအခြေစိုက် ဘီယာကုမ္ပဏီ Heineken u Quarto Products ကုမ္ပဏီနှင့်
ဘီယာဖြန့်ဖြူးမှုအစီအစဉ်တစ်ခုအား ဆွေးနွေး မှုပြုလုပ်ခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ သည်။
အဆိုပါဆွေးနွေးမှုကို အောက်တိုဘာလ နှောင်းပိုင်းကာလ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး
၀န်ကြီးဌာန ဦးဆောင်သည့် တရားမဝင် ကုန်စည်ကူးသန်းရောင်းဝယ်မှု ကာကွယ်တိုက်ဖျက်ရေး
အတွက် ဆောင်ရွက် လျက်ရှိသော လှုပ်ရှားရှာဖွေစစ်ဆေးရေးအဖွဲ့ က Quarto ကုမ္ပဏီပိုင် ကုန်
လှောင်ရုံကို ၀င်ရောက် စစ်ဆေးမှုပြုလုပ်ပြီး ယာယီပိတ်ပင်မှု မပြုလုပ်မီ အချိန်အတွင်းက ပြုလုပ်
ခဲ့ခြင်းဖြစ်သည်။
သဘောတူညီမှုစာချုပ်၏ သတ်မှတ်ချက် များအရ Quarto က Heineken ဘီယာများကို ၂၀၁၄
ခုနှစ်အကုန်ခန့်တွင် ပြီးစီးမည့် ရန်ကုန် ဘီယာစက်ရုံမှတစ်ဆင့် ဖြန့်ဖြူးသွားမည်ဖြစ် သည်။ သို့
သော် ကျပ်သန်း ၆၀၀ ကျော် တန်ဖိုး ရှိ စားသောက်ကုန်များနှင့် အဖျော်ယမကာ များအား
Quarto ကုမ္ပဏီထံမှ သိမ်းဆည်းခံခဲ့ရ ပြီးနောက် အဆိုပါသဘောတူညီချက်မှာ မရေရာသော
အခြေအနေ ဖြစ်နေသည်။ ထိုသို့ ပစ္စည်းများ သိမ်းယူခံခဲ့ရအပြီးတွင် ကုမ္ပဏီ၏ စီမံခန့်ခွဲရေးဒါရိုက်
တာမှာ ဖမ်းဆီးခဲ့ရပြီး ၎င်းအမှုအား နို၀င်ဘာလ ၂၂ ရက်နေ့က ရုံးတင် စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ထိုသို့ ၀င်ရောက်စစ်ဆေးမှုသည်လည်း အစိုးရက ပြီးခဲ့သည့်နှစ်လအတွင်း တရားမဝင် တင်သွင်း
သည့် စားသောက်ကုန်များနှင့် အဖျော်ယမကာများအား နိုင်ငံအဝန်း လိုက်လံ ဖမ်းဆီးသည့် စီမံ
ချက်တစ်ခုပင် ဖြစ်သည်။ အဆိုပါ ဖြန့်ဖြူးရေးသဘောတူညီချက်အရ Quarto က Heineken
၏ ကုန်ပစ္စည်းများအား မြန်မာနိုင်ငံအခြေစိုက် ဟိုတယ်များ၏ သွင်းကုန် လိုင်စင်များကို
အသုံးပြု၍ တင်သွင်းသွားရန်ဖြစ်သည်ဟု Heineken ဗျငေ ဏခေင်ငခ ၏ ပြောရေးဆိုခွင့်ရှိသူ
မာ့ခ်ကမ်းဘဲလ်က မြန်မာ တိုင်း(မ်)ကို ပြောသည်။
"လက်ရှိတော့ ကျွန်တော်တို့ Quarto နဲ့ တရား ၀င်စာ ချုပ်ချုပ်ဆိုမှုတွေတော့ မလုပ်ရသေးပါဘူး။
ဒါပေမဲ့ Quarto ဘက်ကို ဖြန့်ဖြူးရေး စာရင်းနဲ့ ကျွန်တော်တို့ကုန်ပစ္စည်းတွေကို ဟိုတယ်တချို့ကို
ဖြန့်ပေးဖို့ အကူအညီတောင်း ခဲ့တယ်"ဟု မစ္စတာကမ်းဘဲလ်က ပြောသည်။
"ကျွန်တော်တို့ရဲ့ ဘီယာစက်ရုံသစ် တည် ဆောက်မှုမပြီးခင်မှာ Quarto ကုမ္ပဏီနဲ့လုပ် မယ့်
တရားဝင်ဖြန့်ဖြူးရေး အစီအစဉ်တစ်ခုကို ကျွန်တော်တို့ စီစဉ်နေပါတယ်။ ကုန်ပစ္စည်းတင်သွင်း
မှုကိစ္စကိုတော့ နောက်နှစ်ဒီလိုအချိန် လောက်မှာ တည်ဆောက်မှု ပြီးစီးမယ့် ကျွန်တော် တို့
ဘီယာစက်ရုံရဲ့ ဆောက်လုပ်မှုမပြီးခင်မှာ ဟိုတယ်တွေကနေတစ်ဆင့် ကျွန်တော်တို့ ဘီယာ
တွေကို တင်သွင်းနိုင်အောင် လုပ်ချင်ပါ တယ်။ Quarto နဲ့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ
ဆက်လက်ဆောင်ရွက်နေပါတယ်။ ဖြန့်ဖြူးရေး သဘောတူစာချုပ်တွေရဲ့ အသေးစိတ်အချက်
အလက်တွေဟာ စီးပွားရေးအရ အတိမ်းအစောင်း မခံတဲ့ အချက်တွေဖြစ်တာကြောင့် ဒါတွေ
ကိုတော့ ကျွန်တော် မပြောပြနိုင်သေးပါဘူး။ နောက်ပိုင်း ကျွန်တော်တို့ တရားဝင်နည်းလမ်း
တကျနဲ့ ဘယ်လိုပုံစံမျိုးနဲ့ တင်သွင်းမှုတွေလုပ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်နိုင်ဖို့
ကလည်း စောနေပါသေးတယ်"ဟု မစ္စတာ ကမ်းဘဲလ်က ပြောသည်။
Heineken သည် Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည့် Oktoberfest ပွဲတော်တွင် Quarto
နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ၎င်းကပြောသည်။ အဆိုပါကုမ္ပဏီနှစ်ခုသည် နို၀င်ဘာလ
အစောပိုင်းက ကျင်းပခဲ့သည့် အစား အသောက်နှင့် အဖျော်ယမကာပြပွဲ Myanfood 2013
တွင် ဆိုင်ခန်းတစ်ခန်းတည်းတွင်အတူပူးပေါင်းပြသရန် စီမံခဲ့သော်လည်း Quarto မှာ ပိတ်ပင်
ခံခဲ့ရခြင်းကြောင့် အထမမြောက်ခဲ့ကြောင်း မစ္စတာကမ်းဘဲလ်က ဖြည့်စွက်ပြော ကြားခဲ့သည်။
ထိုသို့ Quarto နှင့် Heineken တို့အကြား ဆောင်ရွက်ခဲ့သည့် ဖြန့်ဖြူးရေးသဘောတူညီချက်နှင့်
လက်ရှိဖြစ်ပွားနေသော Quarto ၏ ပြဿနာတို့ ဆက်စပ်မှုရှိသည်ဟု သတ်မှတ်ပြောဆိုနိုင်ရန်
အထောက်အထားတစ်စုံတစ်ရာ မရှိပေ။ အစိုးရတာဝန်ရှိသူများက Quarto ကုမ္ပဏီသို့ ၀င်ရောက်
စစ်ဆေးမှုမှာ သတင်းပေးမှု များအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
"အခုလက်ရှိမှာ သတင်းရတဲ့ ဘယ်နေရာမှာ ပဲဖြစ်ဖြစ် ယမကာတွေကို ကျွန်တော်တို့ ဖမ်းမိနေ
ပါတယ်"ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးညွှန်ကြားမှုဌာန မှ
တာဝန်ရှိသူက မြန်မာတိုင်း(မ်)ကို ပြီးခဲ့သည့်လအတွင်းက ပြောကြားခဲ့သည်။
တရားမဝင်သွင်းကုန်များနှင့် ပတ်သက်၍ သတင်းရရှိသည့်အခါမျိုးတွင် စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်း ပေးသူ၏ နောက်ခံအကြောင်းနှင့် သတင်းပေးရခြင်း၏
အကြောင်းအရင်းတို့ကို တွက်ဆခြင်း မရှိပေ။ Quarto ၏ စီမံခန့်ခွဲရေးဒါရိုက်တာ၏ အမှုအား
ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသူ ဦးအောင်သန်းစိုးက ယင်းကိစ္စတွင် သတင်းပေးသူမှာ Quarto
၏ ပြိုင်ဘက်တစ်ဦးဦးပင် ဖြစ်နိုင် ကြောင်း ပြောသည်။
သို့သော် တရားခွင်တွင် မည်သူမည်ဝါက သတင်းပေးပါသည်ဟု ၀န်ကြီး ဌာနက ဖော်ထုတ်ပြော
ပြရန် မလိုအပ်ကြောင်း ၎င်းက ပြောသည်။ Heineken ကုမ္ပဏီသည် မေလအတွင်း က Alliance
Brewery ကုမ္ပဏီနှင့်ပူးပေါင်း ၍ ဘီယာစက်ရုံတစ်ရုံအတွက် အမေရိကန်ဒေါ်လာ ၆၀ သန်း ရင်းနှီး
မြှုပ်နှံရန် သဘောတူညီချက်ရရှိခဲ့သည်ဟု ထုတ်ဖော်ကြေညာခဲ့ သည်။
အဆိုပါ Alliance Brewery ကုမ္ပဏီ သည် Grand Royal ၀ီစကီများထုတ်လုပ်သည့် IBTC
Group ၏ပိုင်ရှင် ဦးအောင်မိုးကျော်၏ ကုမ္ပဏီဖြစ်သည်။ ၎င်းဘီယာစက်ရုံရှိ Heineken ၏
ရှယ်ယာ ၅၇ ရာခိုင်နှုန်းကို Heineken ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော ကမ္ဘာ့တတိယ
အကြီးဆုံး ဘီယာကုမ္ပဏီကြီး Asia Pacific Breweries က ပြီးခဲ့သည့်နှစ်က တစ်ကြိမ်တည်း
၀ယ်ယူခဲ့သည်။
APB သည် ၁၉၉၆ ခုနှစ်က အစိုးရပိုင် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်နှင့်
ပူးပေါင်း၍ ဘီယာစက်ရုံတစ်ရုံတည်ဆောက်ရန် ပြုလုပ်ခဲ့သည့် သဘောတူညီချက် ကို ရုပ်သိမ်း
ခဲ့ပြီး ၎င်း၏နေရာတွင် Fraser & Neave ကုမ္ပဏီဖြင့် အစားထိုးဆောင်ရွက်ခဲ့ သည်။
Fraser & Neave ကုမ္ပဏီသည် မြန်မာ ဘီယာ၊ တိုက်ဂါးဘီယာနှင့် ABC Extra Stout
တို့ကို ထုတ်လုပ်သည့် ၎င်းနှင့်ဦးပိုင်းလီမိတက်တို့၏ဖက်စပ်ကုမ္ပဏီ Myanmar Brewery
Limited ၏ ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ပိုင်ဆိုင် သည်။ ယာယီအပိတ်ခံထားရသည့် Quarto
Products ကုမ္ပဏီသည် ဒီဇင်ဘာ ၂ ရက်နေ့ ကစပြီး ၎င်း၏ကုန်ပစ္စည်းပေးပို့ခြင်းလုပ်ငန်းကို
ပြန်လည်စတင်ခဲ့ပြီး ဩစတြေးလျ၊ ပြင်သစ်၊ အီတလီနှင့် စပိန်နိုင်ငံထုတ် ၀ုိင်အမျိုးပေါင်းများစွာနှင့်
cognac, grappa နှင့် kirschစသည့် ယမကာများအပါအဝင် ထပ်မံတိုးချဲ့ထားသည့် ကုန်ပစ္စည်း
အမျိုးစာရင်းတစ်ခုကို ၎င်း၏ပုံမှန် ၀ယ်သူများထံသို့ ပေးပို့ခဲ့သည်။
အဆိုပါကုန် ပစ္စည်းများ တင်သွင်းခြင်းနှင့်ပတ်သက်၍ အသေးစိတ်မသိရှိရဘဲ ကုမ္ပဏီကလည်း
ဖြေကြားခြင်းမရှိခဲ့ပေ။ "ကျွန်တော်တို့ ပစ္စည်းတွေကို ပြန်ရောင်းချလို့ ရပါပြီ။ ဒါကြောင့် ဒီအတော
အတွင်း ကျွန်တော်တို့ကို ထောက်ခံပေးကြတဲ့၊ အကူ အညီတွေပေးကြတဲ့ သူများအားလုံး
ကျေးဇူးတင် ကြောင်း ပြောလိုပါတယ်"ဟု Quarto ၏ အရောင်းမန်နေဂျာက ၀ယ်သူများထံသို့
နို၀င်ဘာ ၃၀ ရက်နေ့ရက်စွဲဖြင့် ပေးပို့သည့် အီးမေးလ်တစ်စောင်တွင်ပြောကြားခဲ့သည်။
ဇာဇာစိုး ဘာသာပြန်သည်။

















