ယခုနှစ်ကူးရာသီတွင် ဆောင်းတွင်းဝတ် အဝတ်အထည်များ ရောင်းအားပိုကောင်း

ယခုနှစ်ကူးရာသီတွင် ဆောင်းတွင်းဝတ် အဝတ်အထည်များ ရောင်းအားပိုကောင်း

ယခုနှစ် ခရစ္စမတ်နှင့် နှစ်သစ်ကူး ရာသီကာလအတွင်း အနောက်တိုင်း ဆန်သည့် အဝတ်အထည်
များ ရောင်း အား ပိုတက်လာကြောင်း အထည် ဆိုင်ပိုင်ရှင်များက ပြောသည်။

အထူး သဖြင့် ယခုနှစ်ဆောင်းရာသီ၏ ထူးကဲ သည့်အအေးဒဏ်ကြောင့် ၀ယ်ယူသူ များသည်
အနွေးဓာတ်ပိုမိုရရှိသောအဝတ်အထည်များကို ပိုမိုအာရုံစိုက် ၀ယ်ယူလာခြင်းကြောင့် ဆွဲဆောင်
မှုရှိသည့် အနောက်တိုင်းဒီဇိုင်းသစ် အဝတ်အထည်များကို အရောင်း မြှင့်တင်မှုများ ပြုလုပ်ရောင်း
ချခြင်းကြောင့် အရောင်းသွက်လာခြင်းဖြစ်ကြောင်း အထည်ရောင်းချသူများက ပြောသည်။

"ဒီနှစ်မှာ အကျႌဝယ်တဲ့သူတွေက အရင်နှစ်ကထက် ပိုများလာပြီး ရောင်းအားလည်း မနှစ်ကထက်
ထက်ဝက်နီပါး တက်လာတာတယ်"ဟု Pretty Girl Fashion Shop မှပိုင်ရှင် မပိုးအိဖြူက
ပြောသည်။

အနွေးထည်နှင့် ဂျင်းဘောင်းဘီ ရောင်းအားများမှာ သိသာစွာ တက်လာပြီး ၀ယ်လက်အများစု
မှာ အားကစားပုံစံ ဒီဇိုင်းသစ်များအပြင် ဆောင်းရာသီနှင့် လိုက်ဖက်သည့် အကျႌ ဒီဇိုင်းများကိုပါ
ရွေးချယ်ဝယ်ယူကြကြောင်း ၎င်းက ပြောသည်။

မင်္ဂလာဈေးရှိ လက်ကားဈေးဆိုင်များတွင်လည်း ရောင်းအားမှာ ယခင် နှစ်များထက် ပိုမိုတက်လာ
ကြောင်း Pinki Fashion Shop ပိုင်ရှင် ဒေါ်နီလာက ပြောသည်။

"ဒီနှစ်မှာအကျႌတွေက အရမ်း ရောင်းရတယ်။ မြန်မာနိုင်ငံကလူတွေ က အခုဆိုရင် New Year နဲ့
ပတ်သက် တဲ့ ပါတီပွဲမျိုးတွေနဲ့ ပိုပြီးအကျွမ်းတဝင် ဖြစ်လာကြတယ်။ အဲဒါကြောင့် အဝတ် အစား
တွေက ပိုပြီးရောင်းရတာ"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က နှစ်သစ်ကူးအကြိုပွဲ ကို ရန်ကုန်မြို့ မြို့မကျောင်းပေါ်ရှိ မိုင်ဒါကွင်းတွင် မီးရှူးမီးပန်း
များ ပစ်ဖောက်ကာ စည်ကားစွာကျင်းပ ခဲ့ပြီး ထိုပွဲသို့ လူပေါင်း ၉၀,၀၀၀ ကျော်ခန့် လာရောက်
ကြည့်ရှုခဲ့ ကြသည်။ ယခုနှစ် ပွဲတော်ရက်များတွင် အနောက်တိုင်းစတိုင် အဝတ်အစားများနှင့်
Christmas နှင့် New Year အတွက် လက်ဆောင်ပစ္စည်းများ ၀ယ်ယူမှုများလာခြင်းကြောင့်
ရောင်းအားသိသာစွာ မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

"ရန်ကုန်က ဆိုင်တော်တော်များများ က ဒီနှစ်မှာ အရောင်းမြှင့်တင်တဲ့ အစီအစဉ်အဖြစ် ပရိုမိုရှင်း
တွေ လုပ်လာကြတယ်။ ကျွန်မလည်း ပရိုမိုရှင်းပွဲတွေကိုကြည့်ပြီး အနွေးထည်အကျႌဝယ်ဖြစ်သွား
တယ်။ ဈေးက ထက်ဝက်ကျော်လောက်ကို လျှော့ထားတာ။ အရမ်းကို ထူးခြားတဲ့ ပရိုမိုရှင်း တစ်
ခုပဲ" ဟု ပန်းဆိုးတန်းလမ်းရှိ စတိုး ဆိုင်တစ်ဆိုင်တွင် ၀ယ်ယူခဲ့သော အသက် ၂၁ နှစ်အရွယ်
မဝတ်ရည်ထွန်းက ပြောသည်။

အနွေးထည်ဆိုင်များတွင် ယခုနှစ် ခရစ္စမတ်ရာသီ၌ ရောင်းအားတက် လာသော်လည်း Ruby
Mart ကဲ့သို့ အရောင်းစင်တာများတွင် ရောင်းအား ပုံမှန်သာရှိပြီး ဂျင်းဘောင်းဘီနှင့် ကလေး
အဝတ်အထည်များမှာ ယခင် နှစ်များထက် ရောင်းကောင်းကြောင်း Ruby Mart မှ တာဝန်ခံ
က ပြောသည်။

"အနွေးထည်ဆိုရင်လည်း အရမ်း ထူထူကြီးတွေမဟုတ်ဘဲ ဒီဇိုင်းဆန်း တာလေးတွေတော့
ရောင်းရတယ်။ ထူးခြားတာကတော့ ကလေးခေါင်းစွပ် လေးတွေ တော်တော်ရောင်း ရတယ်"
ဟု ယင်းတာဝန်ခံက ပြောသည်။

အွန်လိုင်းဈေးရောင်းချမှုတွင်လည်း ယခုနှစ် ခရစ္စမတ်နှင့် နှစ်သစ်ကူးရာ သီတွင် စိတ်ဝင်စားသူ
များပြီး လက် ဆောင်ပစ္စည်းများ ကြိုတင်မှာကြားမှု ရှိပြီး ဒီဇိုင်းသစ် အထည်များကို ၀ယ်ယူမှု
များရှိကြောင်း ရန်ကုန် အွန်လိုင်းစတိုးဆိုင်မှ ကိုပြည့်ဖြိုးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး