အပြောင်းအလဲများခဲ့တဲ့ ၂၀၁၃ ခုနှစ် ပြည်တွင်းရွှေဈေးကွက်

အပြောင်းအလဲများခဲ့တဲ့ ၂၀၁၃ ခုနှစ် ပြည်တွင်းရွှေဈေးကွက်

၂၀၁၃ ခုနှစ်၏ ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေး အပြောင်းအလဲများ ကြောင့် ယခင်နှစ်များ
ထက် ဈေး အတက်အကျများခဲ့ပြီး နှစ်ကုန် ပိုင်း ပြည်တွင်းရွှေဈေးနှုန်းကျဆင်းမှု မှာ ငါးနှစ်အတွင်း
အနိမ့်ဆုံးဈေးအဖြစ် စံချိန်တင်ချိန် ကျဆင်းခဲ့သည်။

ပြည်တွင်းရွှေဈေး အတက်အကျ သည် ကမ္ဘာ့ရွှေဈေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ်မှုတည်ကာ
အပြောင်းအလဲဖြစ်ရသည့်အတွက် ယခုနှစ်တွင် ကမ္ဘာ့ရွှေဈေးမှာလည်း အမေရိကန်စတော့
ရှယ်ယာဈေးကွက် ကောင်းမွန် မှုကြောင့် ဈေးဆက်တိုက်ကျဆင်းခဲ့ပြီး နိုင်ငံခြား ငွေလဲလှယ်နှုန်း
မှာလည်း ယခု နှစ်ကုန်ပိုင်းတွင် တရိပ်ရိပ် တက်လာ ခဲ့သည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုနှင့် ဆီးရီးယားတို့၏ နိုင်ငံရေးတင်းမာ မှုများကြောင့်လည်း ကမ္ဘာ့
ရွှေဈေး သည် ယခုနှစ်တွင်း ဩဂုတ်လနှင့် စက်တင်ဘာလခန့်တို့တွင် ဈေး အတက်အကျ အလွန်
မြန်ခဲ့ရသည်။

ယင်းအချိန်တွင် ပြည်တွင်းရွှေဈေးမှာ လည်း နှစ်လအတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်
ရ၁၅,၀၀၀ ၀န်းကျင်မှ ရ၃၀,၀၀၀ ၀န်းကျင်သို့ တက်ခဲ့ပြီး ကျပ် ရ၁၉,၀၀၀ သို့့ ပြန်လည် ကျဆင်း
ကာ တစ်သောင်းကျော်ခန့် အတက်အကျ ဖြစ်ခဲ့သည်။ ထိုအချိန်မှ စတင်၍ ကမ္ဘာ့ရွှေဈေး မတည်
ငြိမ်ဘဲ ဒီဇင်ဘာလတွင် ဆက် တိုက် ကျဆင်းမှုများကြောင့် ပြည်တွင်း ရွှေဈေးကျဆင်းမှုမှာလည်း
ဒီဇင်ဘာလ တတိယပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၄၀,၀၀၀ ကျော်သာရှိခဲ့ရာ
ယခုနှစ်အတွက် အနိမ့်ဆုံးဈေးလည်း ဖြစ်ခဲ့သည်။

၂၀၁၃ ခုနှစ်၏ ပြည်တွင်းရွှေဈေး သည် နှစ်စပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင်
ကျပ် ရ၆၀,၀၀၀ ကျော်မှာ အမြင့်ဆုံးဈေးဖြစ်ခဲ့ပြီး မတည်ငြိမ်သည့် ဈေးအပြောင်းအလဲ များနှင့်
အတူ ယခုနှစ်ကုန်ပိုင်းရွှေဈေး မှာ ပြီးခဲ့သည့်ငါးနှစ်အတွင်း အနိမ့်ဆုံး ဈေးလည်းဖြစ်ခဲ့ကြောင်း
ရွှေလုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ တစ်နှစ်လုံးတွင်မူ ပြည်တွင်းရွှေဈေးမှာ ကျပ် ရ၀၀,၀၀၀ နှင့် အထက်သာရှိခဲ့ပြီး
ဩဂုတ်လ အတွင်းကမူ ကျပ် ရ၉၃,၅၀၀ အထိ စံချိန် တင် မြင့်တက်ခဲ့ဖူးသည်။

သို့သော် လွန်ခဲ့သည့် ငါးနှစ်ခန့်တွင်မူ ပြည်တွင်း ရွှေဈေးသည် ကျပ် ၆၆၀,၀၀၀ နှင့် အထက်သာရှိ
သည့်အတွက် ယခုနှစ် ဒီဇင်ဘာလဈေးနှုန်းသည် အနိမ့်ဆုံး ဈေးအဖြစ် စံချိန်တင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးမှာလည်း ယခုနှစ် အတွင်း အမြင့်ဆုံးဈေးအဖြစ် တစ် အောင်စလျှင် အမေရိကန်
ဒေါ်လာ ၁,၄၀၀ ကျော်မှ ဒီဇင်ဘာလတွင် အနိမ့်ဆုံးဈေးအဖြစ် ဒေါ်လာ ၁,၂၀၀ ၀န်းကျင်ထိ
ဈေးကျလာခဲ့သည်။

ယင်းကဲ့သို့ လက်ရှိတွင် ရွှေဈေးမှာကျဆင်းလျက်ရှိခြင်းကြောင့် ဆက် လက်ဖြစ်ပေါ်လာမည့် အခြေ
အနေ များကို ခန့်မှန်းရန်ခက်ခဲကြောင်း ရွှေ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ တိတ်စိန် ရွှေဆိုင်မှ
ဦးဇော်အောင်က ပြောသည်။

"အခုလက်ရှိဈေးကတော့ ကျနေ တယ်။ တချို့ကလည်း ဆက်ကျမယ်လို့ မှန်းကြတယ်။ ဘာဖြစ်
လို့လဲဆိုတော့ ပြည်တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးနဲ့ တိုက်ရိုက်ပတ်သက်နေပြီး လက်ရှိ အမေရိကန်
ဒေါ်လာဈေးကလည်း မာနေတယ်။ စတော့ဈေးတွေကလည်း တက်တယ်ဆိုတော့ ရွှေဘက်ကို
သိပ် မဝယ်ကြဘဲ အဲဒီဘက်ကို ပိုပြီး စိတ်ဝင်စားနေကြတယ်။ ဒါကြောင့် ဆက်ကျဖို့ အခြေအနေ
များပေမယ့် အတိအကျကြီးခန့်မှန်းပြောလို့တော့ မရပါဘူး" ဟု ၎င်းက ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်ကာလအတွင်းက ဖြစ်ပေါ်ခဲ့သော အမေရိကန်ကြွေးမြီ ပြဿနာများကြောင့်
ကမ္ဘာ့ရွှေဈေးကျဆင်းခဲ့ရပြီး မကြာသေးမီက အီရန် နျူကလီးယားအရေးကိစ္စတွင် ခြောက် နိုင်ငံ
သဘောတူညီချက်ရရှိခြင်း၊ ရေနံစိမ်း ဈေးအနည်းငယ် ကျဆင်းခြင်းတို့ ကြောင့် ရွှေဈေးနှုန်းများ
ကျဆင်းခြင်းဖြစ်သော်လည်း ဆက်လက်ကျဆင်းနိုင်ခြင်းရှိမရှိကိုမူ မှန်းဆရန်ခက်ခဲကြောင်း
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင် များ အသင်းအတွင်းရေးမှူး ဦးဝင်းမြင့် က ပြောသည်။

"ရွှေဈေးအနိမ့်ပိုင်းမှာပဲ ဆက်ဖြစ် နေဦးမယ်။ လာမယ့်သုံးလေးငါးရက် အထိ ဒီဈေးမှာပဲဖြစ်နေ
လိမ့်မယ်။ ကာလတိုအားဖြင့် မှန်းတာတော့ ပိုပြီး ဓမ္မဓိဋ္ဌာန်ကျပါတယ်။ ရေရှည်ကတော့ ကမ္ဘာ့
ဖြစ်စဉ်တွေကြားထဲမှာ ပေါ် ပေါက်လာစရာ အကြောင်းရှိတဲ့အတွက် မှန်းဆရခက်ပါတယ်" ဟု
၎င်းက ပြောသည်။

သို့သော် ပြည်တွင်းရွှေဈေးအတက်အကျ မြန်ဆန်မှုများ ဖြစ်ပေါ်ခြင်း၊ ဈေနှုန်း ဆက်တိုက် ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း ပြည်တွင်း၌ ရွှေတုံးအရောင်းအဝယ်နှင့် လက်ဝတ် ရတနာ
လက်လီအရောင်းအဝယ် မှာမူ သိသာစွာပြောင်းလဲမှုမရှိကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် ယခုနှစ်ကုန်ပိုင်းအတွင်း ပြည်ပသို့ ရွှေတရားဝင်တင်ပို့ခွင့်များ ကိုလည်း ခွင့်ပြုသွားမည့်ဆို
သည့်သတင်းစကားများလည်း ထွက်ပေါ်ခဲ့ ရာ ယင်းကဲ့သို့ ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ရရှိပါက
ပြည်တွင်းရွှေဈေး နှင့် ကမ္ဘာ့ရွှေဈေး ယခုထက်ပိုမိုချိတ်ဆက်နိုင်မည်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်
များက သုံးသပ်သည်။

"ပြည်ပကို တရားဝင်တင်ပို့ခွင့်ပေးမယ်ဆိုရင် မြန်မာ့ရွှေဈေးကွက် အများကြီးတော့ ပြောင်းလဲ
မသွားနိုင် ဘူး။ ဒါပေမဲ့ အခုချိန်မှာ ပြည်တွင်းရွှေဈေးက ပြည်ပရွှေဈေးထက်မြင့်နေ တော့ ပြည်ပ
ကရွှေတွေ မှောင်ခိုဝင်ကြတယ်။ ပြည်တွင်းရွှေဈေးနိမ့်နေတဲ့ အချိန်ကျရင် ပြည်ပကိုမှောင်ခိုတင်
သွင်းပြီး ပြန်ရောင်းကြတယ်" ဟု ဦးဇော်အောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

ယခုလက်ရှိ ပြည်ပရွှေတင်ပို့မှုမှာ မှောင်ခိုအဆင့်သာ ဖြစ်သည့်အတွက် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့
ရွှေဈေးသည် တစ်ခါတစ်ရံတွင် တစ်ပြေးညီဈေးနှုန်းအတက်အကျမတူညီမှုများ ဖြစ်ပေါ်ကြောင်း
၎င်းက ပြောသည်။

"တစ်ခါတလေ ကမ္ဘာ့ရွှေဈေးမြင့်နေတဲ့အချိန်မှာ ပြည်တွင်းက ချက်ချင်း မပြောင်းလဲသေးဘူး။  မှောင်ခိုကနေ ပြည်ပကိုအထွက်များလာတော့မှ ပြည်တွင်းရွှေဈေးလည်း
ကမ္ဘာ့ရွှေဈေးနဲ့ ပြန်ညီသွားတယ်။ ကမ္ဘာ့ရွှေဈေးနိမ့်တဲ့အခါကျရင်လည်း ပြည်တွင်းကို ချက်ချင်း
မဝင်တော့ ပြည်တွင်းက ရွှေဈေးက ချက်ချင်းမကျတာတို့ ဖြစ်တတ်တယ်" ဟု ဦးဇော်အောင်က
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး