၀ိုင်တွေကိုပဲ၊ဘာကြောင့် အဓိကထား ဖမ်းနေကြတာလဲ

၀ိုင်တွေကိုပဲ၊ဘာကြောင့် အဓိကထား ဖမ်းနေကြတာလဲ

မြန်မာနိုင်ငံမှာ လက်ရှိကျင့်သုံးနေတဲ့ တရားမဝင် ယမကာတင်သွင်းမှုကို နှိမ်နှင်းမှုဟာ ပွင့်လင်း
မြင်သာမှုမရှိသလို ညှိနှိုင်းဆောင်ရွက်မှုလည်း မရှိသလိုဖြစ်နေပါတယ်။ နောက်ပြီး အခုလိုကျင့်
သုံးနေတဲ့စနစ်ကြောင့် စားသုံးသူ၊ တင်သွင်းသူနဲ့ လက်လီအရောင်းဆိုင်တွေကြားမှာလည်း ပုံမှန်
ရှိနေပြီးသား အဆက်အသွယ်ကို နှောင့်နှေးသွားစေပါတယ်။

ပြီးခဲ့တဲ့လတွေမှာ တရားမဝင် တင် သွင်းထားတဲ့ ယမကာပုလင်းပေါင်း သိန်းနဲ့ချီပြီး သိမ်းဆည်း
ခံလိုက်ရပါ တယ်။ အများစုကတော့ ၀ိုင်ပုလင်းတွေ ပါ။ ကုမ္ပဏီဒါရိုက်တာတွေ တရားစွဲဆို
ခံထားရသလို အောင်မြင်မှုရနေတဲ့ လုပ်ငန်းတွေလည်း ပိတ်လုဆဲဆဲ အခြေ အနေကို
ရောက်နေပါပြီ။ လက်လီ အရောင်းဆိုင်ခွဲလေးတွေ မှာလည်း ရောင်းစရာယမကာ မရှိတော့
သ လောက်ဖြစ်နေပြီး ဈေးတွေလည်း တက် နေပါပြီ။ ၀မ်းသာစရာအချက်ကတော့ သောက်သုံး
စရာ ၀ိုင်ရှိနေပြီး ၀မ်းနည်းစရာကတော့ ပြည်တွင်းက ရှမ်းပြည်နယ်ထွက် နာနတ်ဝိုင်နဲ့ မက်မန်းဝိုင်
ပဲ ရွေးချယ်စရာ ရှိနေပါတယ်။

ဖြန့်ချိရေး ကုမ္ပဏီတွေဟာ သူတို့ အတွက် အကျိုးအမြတ် ရနေတဲ့ ယမကာကို တင်သွင်းရာမှာ
တရားဝင်တင်သွင်းမှု မပြုလုပ်ခဲ့လို့ အခုလိုဖြစ် တာ သူတို့အတွက် ထိုက်တန်တယ်လို့ တော့
တချို့က ပြောကြပါတယ်။

ဒါပေမဲ့ ဟိုတယ်တွေနဲ့ အခွန်လွတ်ဆိုင်တွေ ကနေ တင်သွင်းလာတာတွေ၊ ရေကြောင်း နဲ့ လေ
ကြောင်းကနေ နားလည်မှုနဲ့ တင်သွင်းလာတာတွေ စတဲ့ နည်းလမ်း မျိုးစုံနဲ့ မြန်မာနိုင်ငံအတွင်း
ကို နိုင်ငံခြား ဖြစ်ယမကာတွေ နည်းမျိုးစုံနဲ့ တရား မဝင်တင်သွင်းကြတာတွေဟာ မြန်မာ နိုင်ငံ
ကုန်သွယ်ရေးမူဝါဒရဲ့ အားနည်း ချက်ကြောင့်ပဲ ဆိုတာကိုတော့ သတိပြု မိသင့်ပါတယ်။

ဒီလိုမျိုး တရားမဝင်တင်သွင်းမှုတွေ ကို လက်သင့်ခံခဲ့ရုံတင်မကပါဘူး ဒီလုပ်ရပ်တွေကို မသိကျိုး
ကျွန်ပြုပြီး တစ်ဖက်လှည့်နဲ့ အားပေးလာခဲ့တာ နှစ်ပေါင်း ၂၀ ကျော်လောက် ရှိမယ်လို့ ထင်ပါတယ်။
ဒီလိုဖြစ်ခဲ့လို့လည်း နိုင်ငံတော်အတွက်ရရှိမယ့် နှစ်စဉ် အခွန်ငွေ ဒေါ်လာသန်းနဲ့ချီပြီး ဆုံးရှုံး ခဲ့ရချိန်
မှာ အဆက်အသွယ်ကောင်းတဲ့ စီးပွားရေးသမားတွေကတော့ သူမတူ တဲ့ အမြတ်အစွန်းတွေ ရရှိ
နေခဲ့ပါတယ်။


 

အခွင့်ထူးခံ ကုမ္ပဏီတွေကတော့ ဟိုတယ်နဲ့ အခွန်လွတ်လိုင်စင်တွေကို အသုံးချပြီး ဖြန့်ချိရေး
ကုမ္ပဏီတွေနဲ့ လက်လီအရောင်းဆိုင်တွေကို ရောင်းချခွင့်ရနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၃
ခုနှစ်၊ စက်တင်ဘာလကစပြီး တရားမဝင် ယမကာတင်သွင်းနေတာတွေကို နှိမ်နှင်းမှုတွေ စတင်ပြု
လုပ်ခဲ့ပါတယ်။ ဥပဒေအာဏာတည်ဖို့အတွက် ပြုလုပ် တဲ့ ကြိုးပမ်းမှုအားလုံးကို လက်ခံကြိုဆိုသင့်
တယ်ဆိုပေမယ့် ဒီလိုလုပ်ဆောင်ခြင်းဟာ အမှန်တကယ် ထိရောက်မှုရှိရဲ့လားဆိုတာကိုတော့
အရင်ဦးဆုံး ချင့်ချိန်သင့်ပါတယ်။

တကယ်တော့ ထိရောက်မှုမရှိဘူးလို့ပဲ ပြောရမှာပါ။ အစိုးရကတော့ ဒီပြဿနာတွေကို သတိပြုမိ
တဲ့ပုံပေါ်ပါတယ်။ မြန်မာ အစိုးရဟာ လာမယ့်နှစ်အစောပိုင်းမှာ ယမကာတင်သွင်းမှုနဲ့ ပတ်သက်ပြီး
လျှော့ပေါ့မှုတွေ ပြုလုပ်ပေးဖို့ရှိ ကြောင်းနဲ့ ၀ိုင်တင်သွင်းမှုကို အရင်ဦးဆုံးစတင်ပေးမယ်လို့
မြန်မာတိုင်း(မ်)ကို မကြာသေးခင်က ဖြေကြားပေးခဲ့ဖူး ပါတယ်။

အကျိုးကျေးဇူးက ထင်ရှား ပါ တယ်။ စားသုံးသူတွေ ပစ္စည်းအစစ် အမှန်ကို ၀ယ်နိုင်မယ်။
နိုင်ငံတော်က လည်း အခွန်တော်ငွေ ရမယ်။ တင်သွင်း သူ၊ ဖြန့်ချိသူတွေနဲ့ လက်လီဆိုင်တွေ
လည်း တရားဝင်တင်သွင်းမှုတွေ လုပ်လာကြမှာပါ။ တရားမဝင်တင်သွင်းမှု တွေ ဆက်လုပ်တဲ့သူ
တွေကတော့ ဥပဒေပြင်ပကို ရောက်သွားမယ်ဆိုတာ ကတော့ ထင်ရှားလာမှာပါ။ ဒါပေမဲ့ အခု
အချိန်မှာတော့ ပြည်ပ က တင်သွင်းလာတဲ့ ယမကာတွေကို ရောင်းတဲ့သူ အားလုံးနီးပါးဟာ
ဥပဒေ ကို ချိုးဖောက်ရာ ရောက်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီယမကာတွေအားလုံးဟာ တရားမဝင် တင်သွင်းထားတာတွေဖြစ်သလို
အခွန်ဆောင် ထားခြင်းလည်း မရှိကြလို့ပါ။ တင်သွင်း ခွင့် လိုင်စင်ရဖို့ ကန့်သတ်ချက်ရှိတဲ့ အတွက်
စီးပွားရေးလုပ်ငန်းအများစုအတွက် ဥပဒေဘောင်အတွင်းက တခြားနည်းလမ်းနဲ့ ဆောင်ရွက်လို့
မရတာတွေလည်း ရှိပါတယ်။

အမှန်ကတော့ မူဝါဒအပြောင်း အလဲနဲ့ပတ်သက်ပြီး ကုမ္ပဏီအားလုံးကို အသိပေးပြီး ပြောင်းလဲမယ့်
မူဝါဒသစ်ကို ကုမ္ပဏီတွေလိုက်နာ နိုင်အောင် အချိန်ပေးပြီးမှသာ အရေး ယူဆောင်ရွက်မှုကို
ဆောင်ရွက်ရမှာ ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့သုံးလအတွင်းက ဖြစ်ရပ်ကတော့ အဲဒီမူဝါဒအားနည်းချက်
တွေကို ထင်ရှားသွားစေပြီး ဈေးကွက် အတွင်းမှာလည်း မရေရာမှု ကို ဖြစ်ပေါ်စေပါတယ်။

ဒီလိုမျိုး ဆိုးဝါးတဲ့အကျိုးဆက်တွေရခဲ့တဲ့အပြင် မြန်မာအစိုးရဟာ မူဝါဒအပြောင်းအလဲနဲ့ ပတ်သက်
ပြီး အသိပေးတာမျိုးလည်း မလုပ်ခဲ့တာကို တွေ့ရပါတယ်။ မူဝါဒအပြောင်းအလဲ နဲ့ပတ်သက်ပြီး
ကုမ္ပဏီတွေနဲ့ လူထုကို ရှင်းပြတာမျိုး မလုပ်ခဲ့ပါဘူး။ သတင်း ပေးတဲ့သူရှိလို့ ၀င်ရောက်စီးနင်း
ရှာဖွေမှု ပြုလုပ်တယ်လို့ ပြောပေမယ့် ဘယ်သူက သတင်းပေးတယ်ဆိုတာ ရှင်းရှင်းလင်းလင်း
မသိရသလို ဘာကြောင့် သတင်းပေးရသလဲဆိုတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်တာမျိုး
လည်း မရှိပါဘူး။ ၀န်ကြီးဌာနအချင်းချင်း ညှိနှိုင်း ဆောင်ရွက်မှုမရှိတာကလည်း အကြောင်း ရင်း
တစ်ရပ်အဖြစ် ပါ၀င်ပါတယ်။

ဒီလိုမျိုး အချိတ်အဆက်မရှိကြတဲ့အတွက် စီးတီးမတ် ဟိုးလ်ဒင်းရဲ့ဖြန့်ချိရေးကုမ္ပဏီ Premium
Distribution ကို ၀င်ရောက်စီးနင်းရှာဖွေတာ ခံခဲ့ရ သလို ကုမ္ပဏီဒါရိုက်တာလည်း တရားစွဲ
ခံထားရတဲ့ အနေအထားကို ရောက်နေ ပါပြီ။ ဒါပေမဲ့ တရားမဝင်တင်သွင်းလာ တဲ့ယမကာ
တွေကို ရောင်းချတဲ့ကုမ္ပဏီ တွေကတော့ အရေးယူခံရဖွယ် မရှိပါ ဘူး။

တချိန်တည်းမှာပဲ Quarto Products အတွက် ယမကာတွေ တင်သွင်းပေး နေတဲ့ ဟိုတယ်တွေ
လည်း အရေးယူမခံရပါဘူး။ ဟိုတယ်တွေကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက တင်
သွင်းခွင့် လိုင်စင်ထုတ်ပေးထားတာကြောင့် သူတို့မှာ တာဝန်မရှိဘူးလို့ ကုန်သွယ်ရေးဝန်ကြီးက
ပြောပါတယ်။

ဒီလိုမရေရာမှုတွေနဲ့ လွဲချော်မှုတွေ ရဲ့ အကျိုးဆက်အဖြစ် မေးခွန်းထုတ် စရာတွေ ဖြစ်လာပါတယ်။
တင်သွင်းသူ တွေနဲ့ ဖြန့်ချိသူတွေကိုပဲ ဘာကြောင့် ပစ်မှတ် ထားနေတာလဲ၊ ၀ီစကီနဲ့ တခြား
ယမကာတွေကိုတော့ မသိမ်းဆည်းဘဲ ၀ိုင်ကိုပဲ ဘာကြောင့်အဓိကထား သိမ်း ဆည်းရတာလဲ၊
တင်သွင်းသူ တချို့က တော့ ဘာကြောင့် ဆက်ပြီး လုပ်ကိုင်ခွင့် ရနေတာလဲလို့ လူတော်တော်
များများ က မေးခွန်းထုတ်နေကြပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာအတွင်းမှာ ကြီးစိုးခဲ့တဲ့ အာဏာရှိသူတွေက သူတို့အပေါင်းအသင်း
တွေ ကိုပဲ လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ အနေအထားမျိုးကို ပပျောက်အောင် စီးပွားရေး လုပ်ငန်းတွေကို
အားလုံးတစ်ပြေးညီ ဆောင်ရွက်နိုင်စေမယ့် နေရာမျိုး ဖန်တီးပေးမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကို
အားပေးမယ့် တည်ငြိမ်တဲ့ စီးပွားရေး မူဝါဒကို ချမှတ်ပေးဖို့ မြန်မာအစိုးရက ကြိုးပမ်းနေတဲ့အချိန်
မှာ ပြီးခဲ့တဲ့ သုံးလက အဖြစ်အပျက်ကတော့ အပျက်အစီးသက်သက်ပဲ ဖြစ်နေပါ တယ်။

လက်လီအရောင်းဆိုင်တွေက ရောင်းစရာပစ္စည်းမရှိဘဲ လွတ်နေတဲ့ စင်တွေနဲ့ ပိတ်ထားလိုက်ရတဲ့
ဆိုင် တွေက ဒီအချက်ကို သက်သေပြနေပါ တယ်။ တကယ်လို့ မြန်မာအစိုးရဟာ ယမကာ တရား
မဝင်တင်သွင်းမှုကို အရေးယူဖို့ အလေးထားတယ်၊ နှိမ်နှင်း ဖို့ ယတိပြတ်ဆုံးဖြတ်ထားတယ်ဆိုရင်
တရားမဝင်တင်သွင်းလာတဲ့ ယမကာ တွေကနေ အကျိုးအမြတ်ရှာနေတဲ့သူ အားလုံးကို အရေးယူ
သင့်ပါတယ်။

ဖြန့်ချိရေး ကုမ္ပဏီတွေကို သာမက လက်လီအရောင်းဆိုင်တွေ၊ တရား မဝင် တင်သွင်းသူတွေ၊
ဟိုတယ်တွေနဲ့ အခွန်လွတ်ဆိုင်တွေ၊ အကောက်ခွန်အရာရှိတွေနဲ့ တခြားအရာရှိတွေကိုပါ အရေး
ယူသင့်ပါတယ်။ အစိုးရဝန်ထမ်းတွေကလည်း နိုင်ငံခြားဖြစ် ယမကာပုလင်း လက်ဆောင်ပေးတာ
ကို လက် မခံတဲ့နည်းနဲ့ တရားမဝင် တင်သွင်းမှု တွေကို ဆန့်ကျင်ပြသင့်ပါတယ်။ ပေးတဲ့ သူက
တရားဝင်တင်သွင်းလာတာလို့ ခိုင်ခိုင်မာမာ သက်သေပြနိုင်ရင်တော့ တစ်မျိုးပေါ့။ တရားမဝင်
တင်သွင်းလာတဲ့ ယမကာတွေနဲ့ ပတ်သက်တဲ့သူအားလုံး ကို အရေးယူဖို့ အစိုးရကအသင့်မပြင်
ရသေးဘူးဆိုရင်တော့ ပိတ်ပစ်လိုက်ရ မယ့်ဆိုင်တွေကို ရွေးနေမယ့်အစား ထိရောက်မှုမရှိတဲ့
ကုန်သွယ်ရေးမူဝါဒကို ပြင်ဆင်ခြင်းအားဖြင့် ထိရောက် မှု သိပ်မရှိတဲ့ လုပ်ရပ်ကို ရပ်လိုက်ဖို့
အချိန်တန်နေပါပြီ။

သီရီမင်းထွန်း ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး