သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ဖွဲ့စည်းထားသည့် လှုပ်ရှားရှာဖွေစစ် ဆေးရေးအဖွဲ့ (Mobile
Team) ၏ စက်တင်ဘာလမှစတင်ခါ ယမကာ တင်သွင်းသူများကို ၀င်ရောက်စစ်ဆေး ဖမ်းဆီးမှု
များ အပြီးတွင် ပြည်တွင်းဈေးကွက်အတွင်း လူကြိုက်များသည့် ယမကာတံဆိပ်အများစုမှာ
ထက်ဝက်ခန့် ဈေးတက်သွားကြောင်း လက်လီရောင်းချသူများက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ လက်လီရောင်းချသူတစ်ဦးက လက်ရှိအခြေအနေတွင် ၎င်းဆိုင်
တွင် ရောင်း ချရန် လိုအပ်သည့် ပစ္စည်းများကို မရမ်းကုန်းနှင့် ဗိုလ်တထောင်မြို့နယ် တွင်းရှိ ဆိုင်
များမှတစ်ဆင့် ပြန်လည် ၀ယ်ယူ ရနိုင်သေးသော်လည်း ယခင်က ကဲ့သို့ အလွယ်တကူ ၀ယ်ယူရရှိခြင်းမဟုတ်သောကြောင့် ဈေးတက်လာခြင်း ဖြစ်ကြောင်း ပြောသည်။
"Mobile Team က ဖြန့်တဲ့သူတွေကို ၀င်ဖမ်းနေပေမယ့် ဆိုင်ကြီးတွေမှာတော့ ကျန်သေးတယ်။
သူတို့ဝင်တဲ့လမ်းကြောင်းက အထူးသဖြင့် အခွန်လွတ် ဆိုင်တွေကနေ သယ်လာတာ ဖြစ်နိုင်
တယ်"ဟု ၎င်းက ပြောသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများက လည်း မှောင်ခိုကုန်သွယ်မှု ကင်းလွတ် အောင် ဆောင်ရွက်နေ
ကြသော်လည်း ဈေးကွက်အတွင်း လက်ရှိရောင်းချသူ များမှာ အန္တရာယ်ကို စိုးရွံ့သောကြောင့်
လာရောက် ၀ယ်ယူသူတိုင်းကို ယခင်က ကဲ့သို့ အလွယ်တကူရောင်းချပေးနိုင်ခြင်းမရှိကြောင်း
၎င်းက ပြောသည်။
"လေယာဉ်မယ် တစ်ဦးဆိုရင်လည်း တစ်နေ့ကို သုံးပုလင်းသယ်ခွင့်ရှိနေ တော့ အဲဒီလိုနည်းလမ်း
တွေက တစ်ဆင့်လိုတဲ့ ပစ္စည်းတံဆိပ်တွေကို ကျွန်တော်တို့ ရနေနိုင်သေးတော့ ပစ္စည်းက ပြတ်
မသွားသေးဘူး။ ဒါပေမဲ့ ဈေးတွေကအရမ်းတက်ကုန်တယ်"ဟု ၎င်းက ပြောသည်။
ထို့ကြောင့် နှစ်သစ်ကူးပွဲတော်များ အတွက် ွမညေိ ျွသပေူ ကဲ့သို့ ပြည်တွင်း ထုတ်ယမကာများ
သာ ရောင်းကောင်း နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဈေးကွက်အတွင်း ယမကာဈေးနှုန်း
များမှာ နို၀င်ဘာလကုန်ပိုင်းမှစတင်၍ ပြောင်းလဲခဲ့ပြီး တစ်လီတာပမာဏ ရှိသော Red Label
တစ်ပုလင်းလျှင် ကျပ် ၁၆,၀၀၀မှ ကျပ် ၃၀,၀၀၀၊ Double Black မှာမူ ကျပ် ၃၆,၀၀၀ မှ ကျပ်
၄၈,၀၀၀၊ Black Label ဈေးမှာ ယခင် ကျပ် ၈,၀၀၀ မှ ကျပ် ၁၃,၀၀၀၊ ြူခေု ူဘေနူ မှာ ကျပ်
၂၈,၀၀၀မှ ကျပ် ၃၉,၀၀၀ နှင့် Grand Philip မှာ ကျပ် ၂၉,၀၀၀ မှာ ၃၈,၀၀၀ သို့ အသီးသီး
ဈေးတက် လာခဲ့ကြောင်း လက်လီရောင်းချသူများ က ပြောသည်။
Platinum Label ကဲ့သို့သော ဈေးကြီးသည့်ယမကာများမှာ တစ်ပုလင်းလျှင် ကျပ် ၁၀၀,၀၀၀ ၀န်း
ကျင်တွင် ဈေးပေါက်လျက်ရှိသည်။ သို့သော် တရားမဝင် ကုန်သွယ်မှုကိုကာကွယ်ရန်အတွက်
ယစ်မျိုးခွန်နှင့် အကောက်ခွန်များ ပြောင်းလဲရန် အစီ အစဉ်မရှိကြောင်း စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေး ၀န်ကြီးဌာန အပါအဝင် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်း
အခွန်များဦးစီးဌာနနှင့် အကောက်ခွန်ဌာနတို့မှ တာဝန်ရှိသူများက ပြောသည်။
စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြင့်က
အခွန်များတိုးမြှင့်ကောက်ခံလိုက်ပါက တင်သွင်းသူများမှာ ပုံမှန် လမ်းကြောင်းမှ မသွားတော့ဘဲ
အခွန်ရှောင်သည့် အနေအထားရောက်သွား နိုင်ကြောင်း ပြောသည်။
လတ်တလောကာလတွင် အခွန်ပြောင်းလဲရန် အစီအစဉ်မရှိသော်လည်း ကုန်သွယ်မှုပုံမှန်လမ်း
ကြောင်းသို့ ပြန် ရောက်စေမည့် ၀ိုင်၊ အရက်နှင့် ဘီယာ များ တရားဝင်ပြန်လည်ဖွင့်ပေးမည့် အစီ
အစဉ်မှာမူ ပြောင်းလဲခြင်းမရှိ သေးပေ။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ စတင်ခါ ပြောင်းလဲလိုက်သောအခွန်နှုန်းထား များအရ အကောက်ခွန်
ဌာနက ယမကာပစ္စည်းများအတွက် စည်းကြပ်သောအခွန်မှာ ၄၀ ရာခိုင်နှုန်းဖြစ်ပြီး ပြည်တွင်း
အခွန်များ ဦးစီးဌာနက ကောက်ခံသော ယစ်မျိုးခွန်မှာ မူလ တန်ဖိုးအပေါ်တွင် အကောက်ခွန်
စည်းကြပ်နှုန်းထားကို ထပ်ပေါင်းကာ အဆိုပါ တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းကိုကောက်ခံခြင်း ဖြစ်သည်။
စီးကရက်ကို ကောက်ခံရာတွင်လည်း အကောက်ခွန် ၃၀ ရာခိုင်နှုန်းနှင့် ပစ္စည်းတန်ဖိုးနှင့်
အကောက်ခွန် ကောက်ခံမှုပေါင်းတန်ဖိုးမှ ပြည်တွင်းအခွန်ဌာနက ၁၀၀ ရာခိုင်နှုန်းကောက်ယူခြင်း
ဖြစ်သည်။
အကောက်ခွန်ဌာန၏ညွှန်ကြားရေးမှူးတစ်ဦးက အစိုးရကခွင့်ပြုထားသောမူမှာ အခွန်လွတ်ဆိုင်များ
တစ်ဆင့်ဝယ်ယူမှုကို လူတစ်ဦးလျှင် ယမကာ နှစ်လီတာနှင့် စီးကရက် အလိပ်နှစ်ရာ ပါ ကာတွန်
ဘူးတစ်ဘူးကို သယ်ဆောင် ခွင့် သတ်မှတ်ထားခြင်း ဖြစ်သည်။
သို့သော် ဟိုတယ်နှင့် အခွန်လွတ်ဆိုင် များမှတစ်ဆင့် အဆိုပါပစ္စည်းများမှာ အဆီးအတားမရှိ
ဈေးကွက်အတွင်း သို့ စီးဆင်းနေကြောင်း ၎င်းက ပြော သည်။ "အခွန်လျှော့ချပေးရုံနဲ့ တရားမဝင်
ကုန်သွယ်မှုကို အဓိကတားဆီးနိုင်မှာ မဟုတ်ပါဘူး။ အစိုးရက တရားဝင်လမ်းကြောင်းပေါ်ကို
ရောက်လာအောင် ကုန်သွယ်မှုဘက်မှာ အတားအဆီးလုပ် ထားတာတွေကို လျှော့ချပေးမှရမယ်"
ဟု ၎င်းက ပြောသည်။
"ဒီမူဝါဒတွေကို ပြောင်းလဲဖွင့်ပေးဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း ဘရူနိုင်းမှာ လို ယမကာကင်းလွတ်
နယ်မြေဆိုပြီး လုံးဝပိတ်ပင်ပစ်လိုက်ဖို့ပဲ ရှိတယ်"ဟု ၎င်းက ပြောသည်။ ပြည်တွင်း၌ လက်ရှိကျင့်
သုံးနေ သော အကောက်ခွန်နှုန်းထားများမှာမူ ကမ္ဘာ့အကောက်ခွန် အဖွဲ့အစည်းနှင့် အာဆီယံနိုင်ငံ
များရှိ သတ်မှတ်ထား သော နှုန်းထားများနှင့် ချိန်ညှိထားခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
"အကောက်ခွန်ဌာနမှာ အမိန့်ထုတ်ပြန်ထားတာကလည်း ဆိုးဆိုး ရွားရွား တရားမဝင် လုပ်နေမှ
သာ သွားပြီး စစ်ဆေး ဖမ်းဆီးခွင့် ရှိပါတယ်။ ဈေးတွေထဲမှာ တစ်နိုင်တစ်ပိုင် လုပ်နေ တဲ့ ဆိုင်တွေ
ကိုတော့ ဖမ်းဆီးသိမ်းဆည်းဖို့ မရှိပါဘူး။ ပြည်သူလူထု အဆင်ပြေပြေ ၀ယ်လို့ရနေလျက် သား နဲ့
ဈေးတွေကိုဖမ်းဆီးမယ်ဆိုရင် မလို လား အပ်တဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်။
ဈေးတစ်ဈေးကို ၀င်စစ်ဆေးပြီဆိုရင် သက်ဆိုင်တဲ့ ဆိုင်တွေအားလုံးကို လည်းစစ်ဆေးရမှာပါ။ ဒီလို
လုပ်ဖို့ အတွက် လုံလောက်တဲ့ ၀န်ထမ်းအင်အား လည်း ဌာနဆိုင်ရာတွေမှာ မရှိသေးပါ ဘူး"ဟု
၎င်းက ပြောသည်။
အကောက်ခွန်ဌာနတွင်းရှိ လက်ရှိ၀န်ထမ်းအင်အား ရ၀၀ မှာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဒေသ
များတွင် သာ အဓိကတာဝန်ထမ်းဆောင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
လှုပ်ရှားရှာဖွေ စစ်ဆေးရေးအဖွဲ့က သတင်းပေးချက်များအရ စက်တင်ဘာ လမှ စတင်ခါ ရန်ကုန်
တိုင်းဒေသကြီး အတွင်းရှိမြို့နယ်များတွင် ရှာဖွေစစ် ဆေးခဲ့ပြီး ဒီဇင်ဘာလအထိ ဖမ်းဆီးမှု ခြောက်
ခုပြုလုပ်ခဲ့သည်။
ထိုသို့ စစ်ဆေးဖမ်းဆီးမှုများတွင် နယ်စပ်လမ်းကြောင်းမှဝင်ရောက်လာ သည့် အမှုတွဲများအပြင်
ပြည်တွင်း၌ အဓိကဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီကြီး များဖြစ်သည့် GMG ကုမ္ပဏီ၊ Quarto
Products Limited နှင့် Premium Food Service Prdoucts Company Limited တို့ကို
၀င်ရောက် ဖမ်းဆီးမှုများ အပြီးတွင် ကျပ်သိန်းပေါင်းထောင်ချီ တန်ဖိုးရှိသည့် အဖျော်ယမကာ
များကို ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိ မှုများတွင် ပုပ်သိုးလွယ်သည့် ပစ္စည်း များကို အကောက်ခွန်ဌာနက နိုဝင်ဘာ
လကုန်ပိုင်းတွင် လေလံတင်ရောင်းချခဲ့ ပြီး ကျန်ပစ္စည်းများကိုမူ သင့်တော်သည့် အချိန်မှသာ
ဆက်လက်ရောင်းချ သွားမည် ဖြစ်သည်။

















